Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အီတလီက လူနေဧရိယာကို လေယာဉ်ပျက်ကျပြီး ၈ ဦးသေ

လေယာဉ် ပျက်ကျသွားတဲ့ နေရာက ရုံးခန်း အလွတ်တွေ ဖြစ်နေတဲ့ အဆောက်အအုံပါ။ ဒါကြောင့် မြေပြင်ပေါ်မှာ အထိအခိုက် မရှိပေမယ့် လေယာဉ်ပေါ် ပါသွားသူ ၈ ဦးစလုံးကတော့ အသက်ဆုံးရှုံးခဲ့ပါတယ်။

အီတလီ နိုင်ငံမှာ လူနေရပ်ကွက်ထဲ လေယာဉ် ပျက်ကျပြီး ၈ ဦး သေဆုံးသွားကြောင်း သိရပါတယ်။

အောက်တိုဘာ ၃ ရက်မှာ မီလန်မြို့၊ လင်နက်တီ လေဆိပ်က ပျံတက်လာတဲ့ စင်းလုံးငှား လေယာဉ်ငယ်ဟာ ဆာဒီနီယာကျွန်းကို ဦးတည်နေခဲ့ပါတယ်။ ဒါပေမဲ့ လေဆိပ်ကနေ တက်လာပြီး သိပ်မကြာခင်မှာပဲ မြို့ထဲက အဆောက်အအုံ တစ်ခုဆီ ပျက်ကျသွားခဲ့တာပါ။

လေယာဉ် ပျက်ကျသွားတဲ့ နေရာက ရုံးခန်း အလွတ်တွေ ဖြစ်နေတဲ့ အဆောက်အအုံပါ။ ဒါကြောင့် မြေပြင်ပေါ်မှာ အထိအခိုက် မရှိပေမယ့် လေယာဉ်ပေါ် ပါသွားသူ ၈ ဦးစလုံးကတော့ အသက်ဆုံးရှုံးခဲ့ပါတယ်။

လေယာဉ် မောင်းနှင်သူဟာ ရိုမေးနီးယား နိုင်ငံသား အသက် ၆၈ နှစ်အရွယ် ဘီလီယံနာ သူဌေးကြီး ဒန်ပီထရက်စကူ ဖြစ်ပါတယ်။ လေယာဉ်ပျက်ကျလို့ သေဆုံးသူတွေထဲမှာ သူ့ဇနီးနဲ့ သားတို့လည်း ပါဝင်ခဲ့တယ်လို့ အီတလီ မီဒီယာတွေက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ် ပျက်ကျမှုကြောင့် ရုံးခန်းတချို့နဲ့ ကားပါကင်က ကားတွေ မီးလောင် ပျက်စီးခဲ့ပါတယ်။ လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းမှုတွေ စတင်နေပါပြီ။ မျက်မြင် တချို့က အင်ဂျင်တစ်လုံးတပ် Pilatus PC-12 လေယာဉ်ဟာ ကောင်းကင်ကနေ ထိုးကျလာချိန် ကတည်းက မီးလောင်နေတာ တွေ့ကြောင်း ပြောပါတယ်။

ပီထရက်စကူဟာ အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်ပြီး ရိုမေးနီးယားရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးပါ။ လေယာဉ် ပျက်ကျလို့ သေဆုံးသူတွေထဲမှာ ကလေးငယ် တစ်ဦးလည်း ပါဝင်ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပထမဆုံး ပိုင်ဆိုင်ခွင့် ရလာမယ့် လေယာဉ်တင် သင်္ဘောကြီး ဆိုက်ရောက်လာမှုကို အင်ဒိုနီးရှားက ကြိုဆိုခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့က လူနေဧရိယာထဲ ရဟတ်ယာဉ် ပျက်ကျပြီး ၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား ရေတပ်ဆီ လွှဲပြောင်းပေးမယ့် လေယာဉ်တင် သင်္ဘောကြီးဟာ အခုအခါ အီတလီကနေ စတင် ထွက်ခွာလာနေပြီလို့ သိရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မီးရထား တစ်စီးပေါ်မှာ ထိုင်းအမျိုးသမီး တစ်ဦးနဲ့ အီတလီ ဆယ်ကျော်သက် လူငယ်လေးတွေကြား စကားအခြေအတင် ဖြစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံဆိုင်ရာ အီတလီ သံရုံးက ပြန်လည် တောင်းပန်ခဲ့ပါတယ်။

Trending

Facebook