Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့ ချင်းတွင်းတံတားရှိ စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီး ရဲသုံးဦးသေဟုဆို

စစ်ဆင်ရေးကို ဘလက်ဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် မုံရွာတပ်ခွဲ (၁)၊ ယက္ခညီနောင်ပြောက်ကျားတပ်ဖွဲ့၊ Black Lion Force ( Monywa)မဟာမိတ် သုံးဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(ချင်းတွင်းတံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား တွေ့ရစဉ်။ ဓာတ်ပုံ - RNA)
(ချင်းတွင်းတံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အား တွေ့ရစဉ်။ ဓာတ်ပုံ - RNA)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချင်းတွင်းတံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို သွားရောက်တိုက်ခိုက်ရာ ရဲ သုံးဦးသေဆုံးကြောင်း မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)၏ ပြန်ကြားရေးတာဝန်ခံ ကိုနောင်ရိုးက ပြောသည်။

ယမန်နေ့ (သြဂုတ် ၄ ) နံနက် ၈ နာရီခွဲခန့်က မုံရွာမြို့ ချင်းတွင်းတံတားအနောက်ဘက် ရွှေတောင်ဦးကုန်းတွင် ဂိတ်ဖွင့်ကာ ငွေတောင်းခံနေသော ရဲ ၈ ဦးခန့်ကို MRDA အဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့သည်။

တိုက်ခိုက်မှုကြောင့် ဂိတ်ရှိ ရဲ သုံးဦး သေဆုံးပြီး လေးဦး ဒဏ်ရာပြင်းထန်ကာ အသက်အန္တရာယ် ထိခိုက်နိုင်သည်ဟု MRDAက ဆိုသည်။

“၁၅ မိနစ်လောက် ပစ်ခတ်မှုဖြစ်တယ်။ ရဲတွေက ကားဘေးမှာရပ်ပြီး စောင့်နေတာ။ ရန်သူတပ်သားတွေ ရင်ဘက်၊ နားထင်၊ကျောဘက်စတဲ့နေရာတွေမှာ အဓိကမှန်ပြီး ကျသွားတာလို့ မျက်မြင်ပြောပြချက်အရ သိရတယ်။”ဟု ကိုနောင်ရိုးက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီလက်ပါးစေ ရဲများ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

၎င်းတို့က ပြန်ပစ်ခတ်၍ MRDA မုံရွာ တပ်ခွဲ (၁)မှ ရဲဘော်တစ်ဦး မေးစေ့တွင် ကျည်ရှပ်ထိမှန် ဒဏ်ရာရခဲ့ကြောင်း MRDAက အသိပေးသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက ချင်းတွင်းတံတားအား လုံခြုံရေး ပိုမိုတင်းကျပ်ထားသည်ဟု သိရသည်။

Public Service Announcement
Public Service Announcement

အဆိုပါ ဂိတ်အနီးတွင် စစ်ကောင်စီတပ်သားနှင့် ရဲများရှိသော ချင်းတွင်းတံတားဂိတ်၊ မုံရွာကွန်ပျူတာတက္ကသိုလ်၊ သီတဂူဓမ္မရိပ်သာ၊ ရဲကင်း နှစ်ခု၊ ရဲတပ်ရင်း အမှတ်(၂၈)တို့ရှိပြီး တိုက်ခိုက်မှုတစ်ကြိမ်မှ မခံရသေးသော နေရာဖြစ်​သည်ဟု MRDAက ဆိုသည်။

စစ်ဆင်ရေးကို ဘလက်ဦးဆောင်သည့် မြန်မာ့တော်ဝင်နဂါးတပ်တော် မုံရွာတပ်ခွဲ (၁)၊ ယက္ခညီနောင်ပြောက်ကျားတပ်ဖွဲ့၊ Black Lion Force ( Monywa)မဟာမိတ် သုံးဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် တော်လှန်ရေးအရှိန်အဟုန် မြှင့်တင်ရန် ဗိုလ်နဂါးဦးဆောင်သည့် M.R.D.A နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအား ယုံကြည်စွာ ထောက်ပံ့ကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။