Connect with us

Hi, what are you looking for?

သတင်း

မုံရွာမြို့တွင် အိမ်စီးကားဖြင့် ကင်းပတ်နေသော စစ်အုပ်စု ပစ်ခတ်တိုက်ခိုက်ခံရ

ယမန်နေ့ (ဇူလိုင်၁၄ ရက်) ည ၈ နာရီကျော်က မုံရွာမြို့ စက်မှုဇုန်၊ အေးရိပ်သာလမ်းတွင် ကားမီးပိတ်ပြီး ကင်းပတ်နေသည့် စစ်အုပ်စု၏ Alphard ကားကို အေးရိပ်သာလမ်းနှင့်သီရိမင်္ဂလာ လမ်းဆုံအရောက်တွင် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကိုနတ်ဆိုးက ပြောသည်။

(မုံရွာမြို့ပေါ်တွင် တွေ့ရှိရသော စစ်ကောင်စီတပ်သားများအား စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၁က တွေ့ရစဥ် ။ ဓာတ်ပုံ - CJ)
(မုံရွာမြို့ပေါ်တွင် တွေ့ရှိရသော စစ်ကောင်စီတပ်သားများအား စစ်တပ်အာဏာသိမ်းအပြီး ၂၀၂၁က တွေ့ရစဥ် ။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်တွင် အိမ်စီးကားဖြင့်ကင်းပတ်နေသော စစ်အုပ်စုအား ပစ်ခတ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း မုံရွာခရိုင်တပ်ရင်း(၂၂) နတ်ဆိုးတပ်ရင်း၏ ခေါင်းဆောင် ကိုနတ်ဆိုးက ပြောသည်။

ယမန်နေ့ (ဇူလိုင်၁၄ ရက်) ည ၈ နာရီကျော်က မုံရွာမြို့ စက်မှုဇုန်၊ အေးရိပ်သာလမ်းတွင် ကားမီးပိတ်ပြီး ကင်းပတ်နေသည့် စစ်အုပ်စု၏ Alphard ကားကို အေးရိပ်သာလမ်းနှင့်သီရိမင်္ဂလာ လမ်းဆုံအရောက်တွင် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကိုနတ်ဆိုးက ပြောသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဝင် နှစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း ၎င်းက ပြောသည်။

“စောင့်နေတာ ၂ လမ်းလောက်က စောင့်နေတာ။ ကျွန်တော်တို့ထင်ထားတဲ့အတိုင်း မလာဘဲနဲ့ တခြားလမ်းက ပြန်ဝင်လာတော့ ကားမောင်းတဲ့သူကို ထိထိမိမိမပစ်နိုင်လိုက်ဘူး။ အချက်ရေသုံးလေးဆယ်လောက် ကားထဲပစ်ဝင်သွားတယ်။ အကုန်ကွဲပြဲသွားတယ်။ ပစ္စည်းတွေတော့ မရလိုက်ဘူး။”ဟု နတ်ဆိုးတပ်ရင်း၏ ခေါင်းဆောင် ကိုနတ်ဆိုးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ယာဥ်မှာ စက်မှုဇုန်ရှိ အမှတ်(၂)ရဲစခန်းသို့ ဝင်ရောက်သွားပြီးနောက် စခန်းတွင်းမှ ပြန်လည်ပစ်ခတ်မှုများရှိကြောင်း ​တော်လှန်ရေးရဲဘော်များက ဆိုသည်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုကိုမူ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်တပ်ရင်း (၁၃) Aung San Generation ၊ မုံရွာမြို့နယ် (ပ.လ.ဖ) နှင့် မုံရွာခရိုင်တပ်ရင်း(၂၂) နတ်ဆိုးတပ်ရင်းတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်ကလည်း ​ဒေသတွင်းတော်လှန်ရေးအင်အားစုများကမုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။