Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့နယ်တွင် TNLAနှင့် စစ်ကောင်စီ နှစ်ရက်ဆက် တိုက်ပွဲဖြစ်

နေ့လယ် ၂နာရီခန့်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ပြီးနောက် နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ၄နာရီခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

(တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

▪️စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ နှစ်ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဩဂုတ် ၁၀ရက်)က TNLA တပ်မဟာ (၆)စစ်ဒေသ၊ လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်၊ နမ့်လောင်းကျေးရွာအနီးရှိ PSLF/TNLA ၏တပ်စခန်းအား စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

နေ့လယ် ၂နာရီခန့်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်ပြီးနောက် နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ၄နာရီခန့်ကြာ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီ၏ ခမရ (၁၆)၊ ခလရ(၆၈)နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်မှ ထိခိုက်ကျဆုံးရှိနေသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် သေဆုံးမှုအရေအတွက်ကို မသိရသေးဟု TNLAက ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်နှင့် TNLA တို့သည် ဩဂုတ် ၉ရက်ကလည်း နေ့လယ် ၁နာရီခွဲမှ ညနေ ၅နာရီထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း အသိပေးသည်။

“ဒီနေ့ကတော့ အခုအချိန်ထိတော့ ငြိမ်နေသေးတာပေါ့”ဟု TNLA သတင်းပြန်ကြားရေးအရာရှိက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ထပ်မံအင်အားဖြည့်တင်းနေကြာင်းလည်း TNLAက ထုတ်ပြန်သည်။

TNLAနှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်အတွင်းကလည်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဇူလိုင် ၂၃ ရက်မှယနေ့အထိ တိုက်ပွဲ ၁၁ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရသူများလည်းရှိခဲ့သည်။ TNLA ရဲဘော်အချို့ ထိခိုက်ကျဆုံးရှိခဲ့သော်လည်း တရားဝင် သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။