Connect with us

Hi, what are you looking for?

သတင်း

မြင်းမူတွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ရေချိုးနေသော အမျိုးသမီးတစ်ဦး ထိမှန်​သေဆုံး

စစ်တပ်၏ စစ်ကြောင်းထိုးပစ်ခတ်မှုကြောင့် စစ်ကိုင်းနှင့် မြင်းမူမြို့နယ်စပ်ရှိ ကျေးရွာအများအပြားမှာ မိုးထဲရေထဲထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

(ယမန်နှစ်အတွင်းက စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စစ်ကိုင်း-မြင်းမူနယ်စပ်က ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(ယမန်နှစ်အတွင်းက စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စစ်ကိုင်း-မြင်းမူနယ်စပ်က ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ရေချိုးနေသော အမျိုးသမီးတစ်ဦးအား ထိမှန် သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သြဂုတ် ၂၁ ရက် နံနက် ၁၁နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ရှည်ကျေးရွာသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်များသည် ​မူးမြစ်အနောက်ဘက် မြင်းမူမြို့နယ် မူးမန္တလေးကျေးရွာဘက်သို့ လက်နက်ကြီး သုံးလုံး အကြောင်းမဲ့ပစ်ခတ်ခဲ့သည်။

Public Service Announcement
Public Service Announcement

ပစ်ခတ်မှုကြောင့် မူးမန္တလေးရွာမြောက်ပိုင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရေချိုးနေသော အသက်(၂၁)နှစ်ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးအား ထိမှန်ခဲ့ကြောင်း၊ အမျိုးသမီးငယ်မှာ ခြေထောက်နှစ်ဖက်လုံးပြတ်သွားပြီး ခါးပေါက်ဒဏ်ရာဖြင့် သေဆုံးခဲ့ရကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“(၆၀) မမနဲ့ပစ်တာ။ ခြေနှစ်ဖက်လုံး ပြတ်သွားပြီး သေဆုံးတယ်။”ဟု စစ်ကိုင်းနယ်အခြေစိုက် စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်၏ စစ်ကြောင်းထိုးပစ်ခတ်မှုကြောင့် စစ်ကိုင်းနှင့် မြင်းမူမြို့နယ်စပ်ရှိ ကျေးရွာအများအပြားမှာ မိုးထဲရေထဲထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

မူးမန္တလေးကျေးရွာကို စစ်ကောင်စီတ​ပ်က ယမန်နှစ် ဇူလိုင်အတွင်းကလည်း လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ပြီး ပြည်သူများအား သတ်ဖြတ်ခြင်း၊ ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်​ကျော်လာပါပြီ။သုံးပါတ်​ကျော် ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်း​နေပါတယ် ။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်နဲ့ ကန်ပက်လက် မြို့နယ်တွေနဲ့ မကွေးတိုင်း၊ ဆော-ထီးလင်း ဒေသတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကရခိုင်ပြည်နယ်တောင်ပိုင်းဂွမြို့နယ်၊ ကျိန္တလီမြို့နဲ့ ရေကျော်ကျေးရွာတို့ကို ​တော်သလင်းလပြည့်​နေမှာ ဗုံးကြဲခဲ့တာကြောင့် ​ဒေသခံအရပ်သားပြည်သူ ၃ ဦးဒဏ်ရာ ရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

Facebook