Connect with us

Hi, what are you looking for?

သတင်း

မြင်းမူမြို့နယ်တွင် စစ်ဘေးရှောင်ပြည်သူလေးဦးအား စစ်တပ် ပစ်သတ်

စစ်ကောင်စီတပ်ကြောင့် ငါန်းဇွန်နယ်ရှိ ကျေးရွာ ၆ ရွာမှ ပြည်သူ ၂၀ဝ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေးအခက်အခဲများရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။

(ငါန်းဇွန်မြို့နယ် ရွှေပေါက်ပင်ကျွန်းရွာရှိ နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက် သံဃာတော်တစ်ပါးက မီးငြှိမ်းသတ်နေသည်ကို ၂၀၂၃ ဇန်နဝါရီ ၁၇ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − အရှင်အဂ္ဂဝံသ)
(ငါန်းဇွန်မြို့နယ် ရွှေပေါက်ပင်ကျွန်းရွာရှိ နေအိမ်များအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီးနောက် သံဃာတော်တစ်ပါးက မီးငြှိမ်းသတ်နေသည်ကို ၂၀၂၃ ဇန်နဝါရီ ၁၇ရက်က တွေ့ရစဉ်။ ဓာတ်ပုံ − အရှင်အဂ္ဂဝံသ)

▪️ငါန်းဇွန်တွင် စစ်ကြောင်းထိုးနေ၍ ကျေးရွာခြောက် ရွာမှ ပြည်သူ ၂၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၌ စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေ၍ မြစ်တစ်ဖက်ကမ်းရှိ စစ်ကိုင်းတိုင်း၊ မြင်းမူနယ်သို့ သွားရောက်တိမ်းရှောင်နေသည့် ပြည်သူလေးဦး စစ်ကောင်စီတပ် ပစ်သတ်မှုကြောင့် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(သြဂုတ် ၁၄ ရက်) နံနက် ၅နာရီခန့်က မြင်းမူမြို့နယ်ရှိ ရွာတော်လေးကျေးရွာအား စစ်ကောင်စီတပ်က ပစ်ခတ်စီးနင်းခဲ့သည်။

ပစ်ခတ်မှုကြောင့် ငါန်းဇွန်မြို့နယ်မှ ရွာတော်လေးရွာသို့ လာရောက်နေထိုင်နေသည့် စစ်ဘေးရှောင်ပြည်သူ လေးဦးသေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ပြည်သူအချို့ကိုလည်း ဖမ်းဆီးသွားကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် သြဂုတ် ၅ ရက်က ငါန်းဇွန်မြို့နယ်၊ ရေလည်သောင်ကျေးရွာကို ပစ်ခတ်ဝင်ရောက်ခဲ့ရာ ပြည်သူတစ်ဦး သေဆုံးပြီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement
Public Service Announcement

ထို့နောက် သြဂုတ် ၆ ရက်မှ ယမန်နေ့အထိ ဆက်လက်စစ်ကြောင်းထိုးနေပြီး နဘဲပင်လှရွာမှ ပြည်သူ ၆ဦး၊ ထန်းတပင်ကျေးရွာက ပြည်သူ ၇ ဦး၊ သာကျင်းရွာအနီး ပြည်သူ နှစ်ဦးတို့ကို ဖမ်းဆီးသွားကြောင်း ​ငါန်းဇွန်(ပကဖ)အဖွဲ့က ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က ထန်းတစ်ပင်ကျေးရွာရှိ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

“စစ်ကြောင်းအင်အားက ၃၀ နဲ့ ၅၀ ကြားထဲပါ။ ရေလည်သောင်၊ လက်ပံသာဘက်ကတစ်ကြောင်း၊ ကံသာဘက်ကတစ်ကြောင်း၊ နှစ်ကြောင်း ညှပ်ထိုးတာ။ တစ်ဖက်တစ်ဖက်မှာ ၃၀ နဲ့ ကြား ပါတယ်။”ဟု ငါန်းဇွန်(ပကဖ)အဖွဲ့ တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ပြည်သူများအား ရိုက်နှက်ခြင်း၊ ပစ္စည်းများ အဓမ္မသိမ်းယူခြင်း၊ သီးနှံများဖျက်စီးခြင်းတို့ပြုလုပ်သွားကြောင်း၊ ထို့ကြောင့် ငါန်းဇွန်နယ်ပြည်သူများ သတိပြုနေထိုင်သွားလာကြရန် ပကဖအဖွဲ့က သတိပေးထားသည်။

စစ်ကောင်စီတပ်ကြောင့် ငါန်းဇွန်နယ်ရှိ ကျေးရွာ ၆ ရွာမှ ပြည်သူ ၂၀ဝ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေးအခက်အခဲများရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကို သြဂုတ် ၉ ရက်မှ ၁၁ ရက်အထိ သုံးရက်ဆက် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း ငါန်းဇွန်(ပကဖ)အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။