Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူတွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့၍ ရေချိုးနေသော အမျိုးသမီးတစ်ဦး ထိမှန်​သေဆုံး

စစ်တပ်၏ စစ်ကြောင်းထိုးပစ်ခတ်မှုကြောင့် စစ်ကိုင်းနှင့် မြင်းမူမြို့နယ်စပ်ရှိ ကျေးရွာအများအပြားမှာ မိုးထဲရေထဲထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

(ယမန်နှစ်အတွင်းက စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စစ်ကိုင်း-မြင်းမူနယ်စပ်က ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)
(ယမန်နှစ်အတွင်းက စစ်ကောင်စီစစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စစ်ကိုင်း-မြင်းမူနယ်စပ်က ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ရေချိုးနေသော အမျိုးသမီးတစ်ဦးအား ထိမှန် သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

သြဂုတ် ၂၁ ရက် နံနက် ၁၁နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ရှည်ကျေးရွာသို့ ရောက်ရှိနေသော စစ်ကောင်စီတပ်များသည် ​မူးမြစ်အနောက်ဘက် မြင်းမူမြို့နယ် မူးမန္တလေးကျေးရွာဘက်သို့ လက်နက်ကြီး သုံးလုံး အကြောင်းမဲ့ပစ်ခတ်ခဲ့သည်။

Public Service Announcement
Public Service Announcement

ပစ်ခတ်မှုကြောင့် မူးမန္တလေးရွာမြောက်ပိုင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရေချိုးနေသော အသက်(၂၁)နှစ်ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦးအား ထိမှန်ခဲ့ကြောင်း၊ အမျိုးသမီးငယ်မှာ ခြေထောက်နှစ်ဖက်လုံးပြတ်သွားပြီး ခါးပေါက်ဒဏ်ရာဖြင့် သေဆုံးခဲ့ရကြောင်း မြင်းမူမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“(၆၀) မမနဲ့ပစ်တာ။ ခြေနှစ်ဖက်လုံး ပြတ်သွားပြီး သေဆုံးတယ်။”ဟု စစ်ကိုင်းနယ်အခြေစိုက် စစ်ရှောင်အရေး ကူညီပေးနေသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်၏ စစ်ကြောင်းထိုးပစ်ခတ်မှုကြောင့် စစ်ကိုင်းနှင့် မြင်းမူမြို့နယ်စပ်ရှိ ကျေးရွာအများအပြားမှာ မိုးထဲရေထဲထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

မူးမန္တလေးကျေးရွာကို စစ်ကောင်စီတ​ပ်က ယမန်နှစ် ဇူလိုင်အတွင်းကလည်း လေကြောင်းဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ပြီး ပြည်သူများအား သတ်ဖြတ်ခြင်း၊ ကျေးရွာနေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။