Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ် ထိုးစစ်မရှိသေး၍ တိုက်ပွဲများပြန်ငြိမ်နေဟု TNLA ပြော

TNLA၏ သတင်းထုတ်ပြန်ချက်များအရ စက်တင်ဘာ ၂၈ရက်တွင် ကွတ်ခိုင်မြို့နယ်၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ယနေ့ အောက်တိုဘာ ၄ရက် နံနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားမှု မရှိသေးပေ။

(တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်အကြား ဇူလိုင်မှစ၍ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားခဲ့ရာ စက်တင်ဘာလကုန်ပိုင်းမှစ၍ ယခု အချိန်ထိ တစ်ပတ်ခန့်ကြာ တိုက်ပွဲများ ပြန်လည်ငြိမ်နေကြောင်း TNLA သတင်းပြန်ကြားရေးအရာရှိက ပြောသည်။

“အခုချိန်ထိတော့ စစ်ရေးအခြေအနေကတော့ ငြိမ်နေတယ်။ ငြိမ်နေတယ်ဆိုတာ စစ်ကောင်စီဘက်က ထိုးစစ်မှုမရှိတဲ့အတွက် အခုလို ငြိမ်နေတာပေါ့။ ပြီးခဲ့တဲ့ ၅ရက်၊ ၆ရက်လောက်တော့ရှိမယ်” ဟု TNLA သတင်းပြန်ကြားရေးအရာရှိက ပြောသည်။

TNLA၏ သတင်းထုတ်ပြန်ချက်များအရ စက်တင်ဘာ ၂၈ရက်တွင် ကွတ်ခိုင်မြို့နယ်၌ စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် ယနေ့ အောက်တိုဘာ ၄ရက် နံနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားမှု မရှိသေးပေ။

TNLAနှင့် စစ်ကောင်စီတပ်တို့သည် စက်တင်ဘာအတွင်း တိုက်ပွဲပေါင်း ၄၀ကြိမ်ထက်မနည်းဖြစ်ခဲ့သည်။ ဇူလိုင် ၂၃ရက်မှ စက်တင်ဘာလကုန်ပိုင်းအထိ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ကွတ်ခိုင်၊လားရှိုး၊ ကျောက်မဲနှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့တွင် တိုက်ပွဲပေါင်း အကြိမ် ၆၀ကျော်ဖြစ်ခဲ့သည်။

Public Service Announcement

Public Service Announcement

ရှေ့ဆက်စစ်ရေးအခြေအနေနှင့်ပတ်သက်၍ TNLA သတင်းပြန်ကြားရေးအရာရှိက “တိုက်ပွဲဖြစ်ခြင်းမဖြစ်ခြင်းက စကစရဲ့ ထိုးစစ်အပေါ်မှာပဲ မူတည်တယ်။ တကယ်လို့ ထိုးစစ်ဆင်ရင် တိုက်ပွဲဖြစ်မယ်။ ထိုးစစ်ဆင်မလုပ်ဘူးဆိုရင် တိုက်ပွဲမဖြစ်ဘူး”ဟု ပြောသည်။

TNLAနှင့် ဖြစ်ပွားသည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ် အထိနာခဲ့ပြီး လေကြောင်း၊လက်နက်ကြီး ပစ်ကူများ အသုံးပြုတိုက်ခိုက်ခဲ့ရသည်။ တိုက်ပွဲအချို့တွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။