Connect with us

Hi, what are you looking for?

News

CDM ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းကြောင်း NUG ပြည်ထဲရေးကြေညာ

ထိုသို့ ဖွဲ့စည်းနိုင်ရန် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန နှင့် CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေးကျင်းပ ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) ပြည်သူ့ရဲတပ်ဖွဲ့ ယာယီအုပ်ချုပ်ရေးကော်မတီ ဖွဲ့စည်းကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ယနေ့ ကြေညာလိုက်သည်။

ပြည်သူ့တော်လှန်ရေးတွင် ပူးပေါင်းပါဝင်လာကြသော CDM ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ပြန်လည်စုစည်းပြီး ဘေးကင်းလုံခြုံမှုရှိစေရေး စီမံဆောင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ကော်မတီကို ဖွဲ့စည်းခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့ပြင် CDM ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများအကြား ဖြစ်ပေါ်လာမည့် အခက်အခဲများအား ကူညီဖြေရှင်းပေးနိုင်ရန်၊ CDM မပြုလုပ်ရသေးသော ရဲတပ်ဖွဲ့ဝင်များအား CDM နှင့် Pre CDMများ ပြုလုပ်လာစေပြီး အနာဂတ်ဖက်ဒရယ် ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်းနိုင်ရေးအထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ဖွဲ့စည်းခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

ထိုသို့ ဖွဲ့စည်းနိုင်ရန် ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာန နှင့် CDM ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေးကျင်းပ ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် CDM ပြုလုပ်ထားသည့် ရဲများစုဖွဲ့စည်း ပြည်သူ့ရဲတပ်ဖွဲ့ဖွဲ့စည်းကာ ဒေသအတွင်း တရားဥပဒေစိုးမိုးရေးအပါအဝင် ရဲလုပ်ငန်းအချို့ စတင်ဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။