Connect with us

Hi, what are you looking for?

သတင်း

လူထုအသံနားထောင်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းရန် ယာယီ သမ္မတ ထပ်မံတိုက်တွန်း

ယာယီသမ္မတက ပြည်သူများထံသို့သတင်းစကား ပုံမှန်ပြောကြားလေ့ရှိရာ ယမန်နေ့ အောက်တိုဘာ ၂၂ရက်တွင် အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

လူထုအသံနားထောင်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းရန် ယာယီ သမ္မတ ထပ်မံတိုက်တွန်း
လူထုအသံနားထောင်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းရန် ယာယီ သမ္မတ ထပ်မံတိုက်တွန်း

စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းရေးအတွက် အတူတူဝိုင်းဝန်းကြိုးစားကြရန် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောကြားသည်။

ယာယီသမ္မတက ပြည်သူများထံသို့သတင်းစကား ပုံမှန်ပြောကြားလေ့ရှိရာ ယမန်နေ့ အောက်တိုဘာ ၂၂ရက်တွင် အထက်ပါအတိုင်း တိုက်တွန်းလိုက်ခြင်းဖြစ်သည်။

Nutrition in the First 1,000 Days

“လူထုရဲ့ သဘောထားနဲ့ လျှောက်လှမ်းနေရတဲ့ တော်လှန်ရေးဟာ လူထုရဲ့အသံကို အမြဲတမ်းနားထောင်နေဖို့ အထူးအရေးကြီးပါတယ်။ ကျနော်တို့အားလုံး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းဖို့ အတူတူ ဝိုင်းဝန်းကြိုးစားသွားကြပါစလို့လို့ တိုက်တွန်းချင်ပါတယ်”ဟု ယာယီသမ္မတက ပြောသည်။ အဆိုပါ ပြောကြားချက်သည် မေလအတွင်းက ပြုလုပ်ခဲ့သည့် အစိုးရ အဖွဲ့ အစည်းဝေး၌ ယာယီသမ္မတ ပြောကြားခဲ့သည့် မိန့်ခွန်းမှ ကောက်နှုတ်ပြီး ယခုကဲ့သို့ ပြည်သူသို့ ထပ်မံ သတင်းစကားပါးလာခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေဖြင့်လည်း မျှော်လင့်ချက်အားလုံးကို တစ်ချိန်တည်း တစ်ပြိုင်တည်း မဖြည့်ဆည်းပေးနိုင်သော်လည်း စစ်အာဏာရှင်တော်လှန်ရေး၌ထပ်တိုးအောင်ပွဲရလဒ်များ ရအောင်ကြိုးစားနေကြောင်း ယာယီသမ္မတက ပြောကြားထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။