Connect with us

Hi, what are you looking for?

သတင်း

ယာယီသမ္မတ ဦးဆောင်သည့် နိုင်ငံတော် အကြီးအကဲများနှင့် တော်လှန်ရေးရဲဘော်များ ၄နာရီကြာသည့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့

ယခုကဲ့သို့ နိုင်ငံတော် အကြီးအကဲများ စုစည်းပြီး ဒေသအသီးသီးရှိ တော်လှန်ရေး ရဲဘော်များနှင့် တွေ့ဆုံခြင်းမှာ ယခုအချိန်သည် ပထမဆုံးအကြိမ်ဖြစ်သည်။

ယာယီသမ္မတ ဦးဆောင်သည့် နိုင်ငံတော် အကြီးအကဲများနှင့် တော်လှန်ရေးရဲဘော်များ ၄နာရီကြာသည့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့
ယာယီသမ္မတ ဦးဆောင်သည့် နိုင်ငံတော် အကြီးအကဲများနှင့် တော်လှန်ရေးရဲဘော်များ ၄နာရီကြာသည့် တွေ့ဆုံပွဲ ပြုလုပ်ခဲ့

▪️လိုင်ဇာဒေသ စစ်ရှောင်စခန်းအား တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသူများအတွက် ဆုတောင်းမေတ္တာပို့သ

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ အပါအဝင် နိုင်ငံတော် အကြီးအကဲများနှင့် ပြည်သူ့တော်လှန်ရေးရဲဘော်များ အွန်လိုင်းမှ တွေ့ဆုံမှုကို အောက်တိုဘာ ၁၀ရက်က အချိန် ၄နာရီကြာ ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ယင်းနေ့ မွန်းလွဲ ၃နာရီမှ ည ၇နာရီအထိ ကြာမြင့်ခဲ့သည့် တွေ့ဆုံပွဲတွင် နိုင်ငံတော်အကြီးအကဲများက တော်လှန်ရေးရဲဘော်များအား အားပေးစကား ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

ဆွေးနွေးပွဲမစခင် ကချင်ပြည်နယ် လိုင်ဇာမြို့ရှိ မုန်လိုင်ခက် စစ်ရှောင်စခန်းအား စစ်ကောင်စီက အရပ်သားများအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်များနှင့် အရပ်သားပြည်သူများအတွက် စက္ကန့် ၃၀ ငြိမ်သက်ဆုတောင်း မေတ္တာပို့သခဲ့ကြောင်း အသိပေးထားသည်။

တွေ့ဆုံပွဲသို့ ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နှင့် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တာဝန်ရှိသူများ၊ PDF စစ်ရုံးချုပ်မှ အရာရှိများ၊ စစ်ဒေသ၊ စစ်တိုင်းစစ်ဌာနချုပ် တိုင်းစစ်ဌာနများမှ တာဝန်ရှိသူများ၊ တိုင်းနှင့် ပြည်နယ် ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။

Public Service Announcement

Public Service Announcement

သက်ဆိုင်ရာ ဒေသတာဝန်ရှိသူများက မိမိဒေသ၏ တော်လှန်ရေး အခြေအနေများနှင့် တော်လှန်ရေးရည်မှန်းချက် များကို ဆွေးနွေးခဲ့ရာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ဒုဝန်ကြီး နိုင်ကောင်းရွက်တို့က ပြန်လည်ဆွေးနွေးခဲ့ကြသည်ဟု သတင်းထုတ်ပြန်သည်။

ယခုကဲ့သို့ နိုင်ငံတော် အကြီးအကဲများ စုစည်းပြီး ဒေသအသီးသီးရှိ တော်လှန်ရေး ရဲဘော်များနှင့် တွေ့ဆုံခြင်းမှာ ယခုအချိန်သည် ပထမဆုံးအကြိမ်ဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန နည်းဗျူဟာ(၃၃)က တပ်သားသစ် ခေါ်ယူကြောင်း ဒီကနေ့ ဇူလိုင် ၂၃ရက်မှာ ထုတ်ပြန်ခဲ့ပြီး တပ်သားသစ်အဖြစ် ပါဝင်လိုသူတွေ အတွက် သတ်မှတ်ချက်တွေ ဖော်ပြထားပါတယ်။

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။