Connect with us

Hi, what are you looking for?

News

တစ်ပတ်အတွင်းတိုက်ပွဲနှင့်ပဋိပက္ခ ၁၈၀ ကျော်ဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်မှ ၄၂၀ကျော်သေဟု NUG ထုတ်ပြန်

အဆိုပါ တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ်များကြောင့် ပြည်သူ ၃၁ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၁၆ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။ယခု ကိန်းဂဏန်းများသည် မြေပြင်အချက်အလက်များအရ ယခုဖော်ပြထားသည်ထက် ပိုများနိုင်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၌ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်း တစ်ပတ်တာကာလအတွင်း တိုက်ပွဲနှင့်ပဋိပက္ခ ဖြစ်စဉ် ၁၈၄ကြိမ်ရှိခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၂၇ဦးသေဆုံးပြီး ၁၈၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်သည်။

ပြည်တွင်းမီဒီယာများက စက်တင်ဘာ ၂၈ရက်မှ အောက်တိုဘာ ၄ရက်အထိ နိုင်ငံအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပဋိပက္ခဖြစ်စဉ်များ နှင့်ပတ်သက်သည့် သတင်းဖော်ပြချက်မျာကို စုစည်းထုတ်ပြန်ခဲ့ခြင်းဖြစ် သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ်များကြောင့် ပြည်သူ ၃၁ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၁၆ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။ယခု ကိန်းဂဏန်းများသည် မြေပြင်အချက်အလက်များအရ ယခုဖော်ပြထားသည်ထက် ပိုများနိုင်သည်ဟု ဆိုသည်။

တစ်ပတ်တာကာလအတွင်း ဖြစ်ခဲ့သည့် တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ်များမှာ စစ်ကောင်စီ၏ အကြမ်းဖက်မှု ၂၆ကြိမ်၊ ပေါက်ကွဲမှုများ ၅၄ကြိမ်၊ လုပ်ကြံခံရမှုများ ၃၂ကြိမ်၊ ပြည်သူ့ခုခံတော်လှန်စစ်၊ ၄၇ကြိမ်၊ လက်နက် ကိုင်တိုက်ပွဲများ ၂၅ကြိမ် ဖြစ်သည်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်အကြမ်းဖက်စစ်ကောင်စီက အပြစ်မဲ့ပြည်သူများအပေါ် အဆင်အခြင်မဲ့ အကြမ်းဖက်မှု ဖြစ်စဉ် ၂၆ကြိမ်တွင် ပြည်သူ ၁၄ဦး သေဆုံးခဲ့ရသည်ဟု ဆို သည်။

“နိုင်ငံတော်ရဲ့အနာဂတ်ဟာ နိုင်ငံသားအားလုံးရဲ့ လက်ထဲမှာသာ ခိုင်ခိုင်မာမာ ရှိနေမှာ” ဖြစ်သည်ဟုလည်း ကာကွယ်ရေးဝန်ကြီးဌာနက အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို သတိပေးခဲ့သည်။

ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် စစ်ရေးသတင်းများနှင့်ပတ်သက်ပြီးနေ့စဉ် ဖော်ပြနေသကဲ့သို့ တိုက်ပွဲများ၊ ပဋိပက္ခဖြစ်စဉ် များနှင့်ပတ်သက်ပြီး အပတ်စဉ်နှင့်လစဉ် ထုတ်ပြန်မှုများပြုလုပ်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။