Connect with us

Hi, what are you looking for?

သတင်း

MNDAAနှင့် တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ

MNDAA အနေဖြင့် ကိုးကန့်လူမျိုးအချင်းချင်း မပစ်ခတ်ဆိုသည့် ရပ်တည်ချက်ရှိသော်လည်း တပ်ဖွဲ့ဝင်များအား စတင် တိုက်ခိုက်လာပါက ပြန်လည်တုံ့ပြန်မည်ဟုလည်း အသိပေးခဲ့သည်။

(စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရရှိပြီး ယင်းအထဲတွင် မူးယစ်ဆေးဝါးစိတ်ကြွပြားများပါဝင်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)
(စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရရှိပြီး ယင်းအထဲတွင် မူးယစ်ဆေးဝါးစိတ်ကြွပြားများပါဝင်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)

စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးများ ထပ်မံသိမ်းဆည်းရရှိဟု အသိပေး

ကိုးကန့်တပ်မတော်(MNDAA)နှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်ရှိခဲ့သည်ဟု MNDAAက သတင်းထုတ်ပြန်သည်။

အောက်တိုဘာ ၁၄ရက်က ကိုးကန့်ဒေသတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၁၆ဦးသေဆုံးပြီး လက်နက် ၁၁လက်နှင့် ခဲယမ်းများကို MNDAAက သိမ်းဆည်းရရှိခဲ့ပြီးနောက် တိုက်ပွဲထပ်မံဖြစ်ပွားလာခြင်းဖြစ်သည်ဟုဆိုသည်။ တိုက်ပွဲသတင်းထုတ်ပြန်ရာ၌ စစ်ကောင်စီတပ်ဟု သုံးနှုန်းခြင်းမရှိဘဲ မင်းအောင်လှိုင်လက်နက်ကိုင်တပ်ဖွဲ့ဟု ဖော်ပြထားသည်ကို တွေ့ရသည်။

အောက်တိုဘာ ၂၁ ရက်က စစ်ကောင်စီတပ်ဖွဲ့(မင်းအောင်လှိုင်လက်နက်ကိုင်တပ်ဖွဲ့)နှင့် ကိုးကန့်ပြည်သူ့စစ်အဖွဲ့ပူးပေါင်းပြီး MNDAA တပ်ရှိရာ စစ်ရေးလှုပ်ရှားလာ၍ ကိုးကန့်ခရိုင် ရှင်ဝမ်ဒေသတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်သည်။ စာသင်ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီနှင့် ကိုးကန့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့အား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အနည်းဆုံး ၈ဦး သေဆုံးပြီး ဒရုန်း ၂စီး၊ ကား ၄စီး ပျက်စီးခဲ့ကြောင်း ကျည်ကာနှင့် ကျည်ဘောက် ၃ခု ၊ ကျည်များ သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးသည်။

(စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရရှိပြီး ယင်းအထဲတွင် မူးယစ်ဆေးဝါးစိတ်ကြွပြားများပါဝင်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)
(စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရရှိပြီး ယင်းအထဲတွင် မူးယစ်ဆေးဝါးစိတ်ကြွပြားများပါဝင်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – The Kokang)

‌အောက်တိုဘာ ၁၄ ရက်တိုက်ပွဲတွင် အထိနာသွားသော စစ်ကောင်စီတပ်ဖွဲ့သည် နမ်ခုံဟော်ရွာနှင့် ရှိပတ်လင်နေရာတွင် လူအင်အား ၁၀၀ကျော်စုစည်းခဲ့ကြောင်း၊ ယင်းအနက် ကိုးကန့်ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂၀ဦး ပါဝင်ကြောင်း၊ ယင်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့ပြီး MNDAA ရဲဘော် တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားရာနေရာသို့ ယမန်နေ့ အောက်တိုဘာ ၂၄ရက်၌ ရှင်းလင်းရေးလုပ်ဆောင်ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရရှိခဲ့ကြောင်း၊ ယင်းအထဲတွင်မူးယစ်ဆေးဝါးစိတ်ကြွပြား (၄)ထုပ်ပါဝင်ကြောင်း MNDAAက ထုတ်ပြန်သည်။

ယခင် အောက်တိုဘာ ၁၇ရက်က ဖမ်းဆီးရရှိသော စစ်ကောင်စီတပ်ဖွဲ့မှ စစ်သုံ့ပန်းထံမှလည်း မူးယစ်ဆေးဝါးစိတ်ကြွပြား (၃၁)ထုပ် သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရရှိပြီး ယင်းအထဲတွင် မူးယစ်ဆေးဝါးစိတ်ကြွပြားများပါဝင်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - The Kokang)
(စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရရှိပြီး ယင်းအထဲတွင် မူးယစ်ဆေးဝါးစိတ်ကြွပြားများပါဝင်နေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – The Kokang)

ထိုပြင် စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့မှ တိုက်ပွဲ၌သေဆုံးသူများကို အလျဉ်စလို မြှုပ်နှံခဲ့ရာ ကိုယ်လက်အင်္ဂါ အချို့ မိုးရေကြောင့် မြေကြီးပေါ် ထွက်နေသည်ကို တွေ့ရကြောင်းလည်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

စစ်ကောင်စီတပ်နှင့်အတူ ကိုးကန့် ပြည်သူ့စစ်များပါဝင်လာခြင်းနှင့်ပတ်သက်ပြီး MNDAA အရာရှိက စစ်မြေပြင်တွင် ကိုးကန့်လူမျိုးများ စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းနေသည်ကို မတွေ့လိုကြောင်း ပြောကြားခဲ့သည်ဟု ထုတ်ပြန်သည်။

MNDAA အနေဖြင့် ကိုးကန့်လူမျိုးအချင်းချင်း မပစ်ခတ်ဆိုသည့် ရပ်တည်ချက်ရှိသော်လည်း တပ်ဖွဲ့ဝင်များအား စတင် တိုက်ခိုက်လာပါက ပြန်လည်တုံ့ပြန်မည်ဟုလည်း အသိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။