Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်ဖွဲ့ဝင်များအလင်းဝင်သည်ဟု စစ်ကောင်စီလုပ်ကြံဖန်တီးသော်လည်း တော်လှန်ရေး ရှေ့ဆက်မှုထိခိုက်မည်မဟုတ်ဟု MNDAA အသိပေး

MNDAAတပ်ဖွဲ့ဝင်မှ လက်နက်ချခြင်း သို့မဟုတ်သစ္စာဖောက်ခြင်းမဟုတ်ဟု အသိပေးထားသည်။

(MNDAAတပ်ဖွဲ့ဝင်များ အလင်းဝင်သည်ဆိုကာ စစ်ကောင်စီက ထုတ်ပြန်ထားစဉ်)
(MNDAAတပ်ဖွဲ့ဝင်များ အလင်းဝင်သည်ဆိုကာ စစ်ကောင်စီက ထုတ်ပြန်ထားစဉ်)

စစ်ကောင်စီက ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင် ၂၈ဦး လက်နက်ချ အလင်းဝင်သည်ဟု လုပ်ကြံဖန်တီးပြီး နိုင်ငံရေးရည်ရွယ်ချက်ရှိရှိဖြင့် ဂုဏ်သိက္ခာကျအောင်ပြုလုပ်သော လုပ်ရပ်သည် တော်လှန်ရေး၏ရှေ့ဆက်မှုကို ထိခိုက်မည်မဟုတ်ကြောင်း MNDAAက ယနေ့ထုတ်ပြန် အသိပေးခဲ့သည်။

MNDAA တပ်ဖွဲ့ဝင် ၂၈ဦး အလင်းဝင်သည်ဟု စက်တင်ဘာ ၂၉ရက်တွင် စစ်ကောင်စီက ဝါဒဖြန့်ခဲ့ခြင်းနှင့်ပတ်သက်ပြီး မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-ကိုးကန့် (MNDAA)ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ရှင်းလင်းချက်ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီ၏ လုပ်ရပ်သည် MNDAA တပ်ဖွဲ့ဝင်များကို တုန်လှုပ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ယခုစစ်ကောင်စီ ဖော်ပြခဲ့သူများသည် လွန်ခဲ့သည့် ၁၅နှစ်အတွင်း MNDAA တပ်ဖွဲ့ဝင် အချို့ ၎င်းတို့ ဆွေမျိုးများထံသွားရောက်လည်ပတ်ပြီး တပ်သို့ ပြန်မလာတော့သည့်သူများဖြစ်ပြီး ၎င်းတို့အား စုစည်းပြီး စစ်ကောင်စီနှင့် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ နိုင်ငံရေးပြကွက် တစ်ခု ဖန်တီးခြင်းသာဖြစ်သည်ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“သို့သော် အဖွဲ့လိုက် လက်နက်ချ အလင်းဝင်မှုမရှိခဲ့ပါ” ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လက်ရှိအချိန်တွင် အာဏာသိမ်းအဖွဲ့သည် တစ်နိုင်ငံလုံး၏ တော်လှန်ရေးကိုရင်ဆိုင်နေရပြီးနောက် ကိုးကန့်အစိုးရအတုအယောင်အဖွဲ့လည်း နယ်စပ်အိမ်နီးချင်းနိုင်ငံ၏ လိမ်လည်မှု ရာဇ၀တ်မှုများကို ပြင်းပြင်းထန်ထန် နှိမ်နင်းရေး ဖိအားနှစ်ရပ်ကို ရင်ဆိုင်နေရသဖြင့် ၎င်းတို့သည် အဆိုပါ လူအုပ်စုအား အတင်းအဓမ္မ ဆင့်ခေါ်ကာ ၎င်းတို့ကိုယ်တိုင်လုပ်ထားသည့် MNDAA ယူနီဖောင်းနှင့် နိုင်ငံရေးပြကွက်ကိုဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

MNDAAတပ်ဖွဲ့ဝင်မှ လက်နက်ချခြင်း သို့မဟုတ်သစ္စာဖောက်ခြင်းမဟုတ်ဟု အသိပေးထားသည်။

MNDAA တပ်ဖွဲ့အရာရှိများနှင့် စစ်သားများတွင် ခိုင်မာသော တော်လှန်ရေးစိတ်ဆန္ဒရှိပြီး တပ်မတော်တစ်ခုလုံး စည်းလုံးညီညွတ်ကြောင်း၊ မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသောအမျိုးသား ပါတီဗဟိုကော်မတီမှ ချမှတ်ထားသော ရည်မှန်းချက်ပန်းတိုင်များဆီသို့ ရဲရင့်စွာ ရှေ့တိုးဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။