Connect with us

Hi, what are you looking for?

သတင်း

တပ်ဖွဲ့ဝင်များအလင်းဝင်သည်ဟု စစ်ကောင်စီလုပ်ကြံဖန်တီးသော်လည်း တော်လှန်ရေး ရှေ့ဆက်မှုထိခိုက်မည်မဟုတ်ဟု MNDAA အသိပေး

MNDAAတပ်ဖွဲ့ဝင်မှ လက်နက်ချခြင်း သို့မဟုတ်သစ္စာဖောက်ခြင်းမဟုတ်ဟု အသိပေးထားသည်။

(MNDAAတပ်ဖွဲ့ဝင်များ အလင်းဝင်သည်ဆိုကာ စစ်ကောင်စီက ထုတ်ပြန်ထားစဉ်)
(MNDAAတပ်ဖွဲ့ဝင်များ အလင်းဝင်သည်ဆိုကာ စစ်ကောင်စီက ထုတ်ပြန်ထားစဉ်)

စစ်ကောင်စီက ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင် ၂၈ဦး လက်နက်ချ အလင်းဝင်သည်ဟု လုပ်ကြံဖန်တီးပြီး နိုင်ငံရေးရည်ရွယ်ချက်ရှိရှိဖြင့် ဂုဏ်သိက္ခာကျအောင်ပြုလုပ်သော လုပ်ရပ်သည် တော်လှန်ရေး၏ရှေ့ဆက်မှုကို ထိခိုက်မည်မဟုတ်ကြောင်း MNDAAက ယနေ့ထုတ်ပြန် အသိပေးခဲ့သည်။

MNDAA တပ်ဖွဲ့ဝင် ၂၈ဦး အလင်းဝင်သည်ဟု စက်တင်ဘာ ၂၉ရက်တွင် စစ်ကောင်စီက ဝါဒဖြန့်ခဲ့ခြင်းနှင့်ပတ်သက်ပြီး မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်-ကိုးကန့် (MNDAA)ပြောရေးဆိုခွင့်ရှိသူက ယနေ့တွင် ရှင်းလင်းချက်ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီ၏ လုပ်ရပ်သည် MNDAA တပ်ဖွဲ့ဝင်များကို တုန်လှုပ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ယခုစစ်ကောင်စီ ဖော်ပြခဲ့သူများသည် လွန်ခဲ့သည့် ၁၅နှစ်အတွင်း MNDAA တပ်ဖွဲ့ဝင် အချို့ ၎င်းတို့ ဆွေမျိုးများထံသွားရောက်လည်ပတ်ပြီး တပ်သို့ ပြန်မလာတော့သည့်သူများဖြစ်ပြီး ၎င်းတို့အား စုစည်းပြီး စစ်ကောင်စီနှင့် ကိုးကန့်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ နိုင်ငံရေးပြကွက် တစ်ခု ဖန်တီးခြင်းသာဖြစ်သည်ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

“သို့သော် အဖွဲ့လိုက် လက်နက်ချ အလင်းဝင်မှုမရှိခဲ့ပါ” ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

လက်ရှိအချိန်တွင် အာဏာသိမ်းအဖွဲ့သည် တစ်နိုင်ငံလုံး၏ တော်လှန်ရေးကိုရင်ဆိုင်နေရပြီးနောက် ကိုးကန့်အစိုးရအတုအယောင်အဖွဲ့လည်း နယ်စပ်အိမ်နီးချင်းနိုင်ငံ၏ လိမ်လည်မှု ရာဇ၀တ်မှုများကို ပြင်းပြင်းထန်ထန် နှိမ်နင်းရေး ဖိအားနှစ်ရပ်ကို ရင်ဆိုင်နေရသဖြင့် ၎င်းတို့သည် အဆိုပါ လူအုပ်စုအား အတင်းအဓမ္မ ဆင့်ခေါ်ကာ ၎င်းတို့ကိုယ်တိုင်လုပ်ထားသည့် MNDAA ယူနီဖောင်းနှင့် နိုင်ငံရေးပြကွက်ကိုဖော်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

MNDAAတပ်ဖွဲ့ဝင်မှ လက်နက်ချခြင်း သို့မဟုတ်သစ္စာဖောက်ခြင်းမဟုတ်ဟု အသိပေးထားသည်။

MNDAA တပ်ဖွဲ့အရာရှိများနှင့် စစ်သားများတွင် ခိုင်မာသော တော်လှန်ရေးစိတ်ဆန္ဒရှိပြီး တပ်မတော်တစ်ခုလုံး စည်းလုံးညီညွတ်ကြောင်း၊ မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသောအမျိုးသား ပါတီဗဟိုကော်မတီမှ ချမှတ်ထားသော ရည်မှန်းချက်ပန်းတိုင်များဆီသို့ ရဲရင့်စွာ ရှေ့တိုးဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။