Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီအလိုကျ တရားရုံးတွေရဲ့ ဆောင်ရွက်ချက်တွေ ချက်ချင်းရပ်ဆိုင်းဖို့ NUG ထုတ်ပြန်

ရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ပြည်သူလူထုရဲ့ ဒဏ်ခတ်အပြစ်ဒဏ်ပေးမှုကို မလွဲမသွေခံကြရမှာဖြစ်တယ်လို့လည်း NUG တရားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက်စစ်ကောင်စီအလိုကျ တရားစစ်ဆေးစီရင်နေခြင်းဟာ ပြစ်မှုကျူးလွန်နေခြင်းဖြစ်ပြီး တရားရုံးတွေရဲ့ ဆောင်ရွက်ချက်တွေ ချက်ချင်းရပ်ဆိုင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တရားရေးဝန်ကြီးက ဒီနေ့ထုတ်ပြန်ကြေညာပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဲ့၊ ဥပဒေမဲ့ ခိုင်းစေမှုတွေကို လိုက်ပါလုပ်ကိုင်ဆောင်ရွက်ပေးနေကြတဲ့ တရားရေးဝန်ထမ်းတွေ၊ ဥပဒေဝန်ထမ်းတွေနဲ့ တရားရုံးတွေဟာ ရာဇဝတ်မှုတွေကို ဂိုဏ်းဖွဲ့ကျူးလွန်နေသူတွေဖြစ်တာကြောင့် ဆောင်ရွက်ချက်တွေ ချက်ချင်းရပ်ဆိုင်းဖို့ ကြေညာ တာဖြစ်ပါတယ်။

ရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ပြည်သူလူထုရဲ့ ဒဏ်ခတ်အပြစ်ဒဏ်ပေးမှုကို မလွဲမသွေခံကြရမှာဖြစ်တယ်လို့လည်း NUG တရားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ မည်သည့်တရားဥပဒေနဲ့မျှကိုက်ညီမှုမရှိဘဲ နိုင်ငံတော်အာဏာကို အတင်းလုယူသိမ်းပိုက်ထားရုံသာမက နိုင်ငံသားအားလုံးရဲ့ လွတ်လပ် ခွင့်နဲ့ ဥပဒေရေးရာ အခွင့်အရေးတွေကို ပြောင်ပြောင် တင်းတင်းချိုးဖောက်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ရေးလမ်းကြောင်းကို သွေဖည်ကာ အကြမ်းဖက်စစ်အုပ်စုရဲ့ အလိုကျလိုက်ပါလုပ်ကိုင်ဆောင်ရွက်ပေးနေကြတဲ့ တရားရုံးတရားသူကြီးတွေနဲ့ ဥပဒေဝန်ထမ်းတွေဟာ ပြစ်မှုကျူးလွန်နေသူတွေကို အားပေးကူညီနေသူတွေသာဖြစ်တယ်လို့လည်း တရားရေးဝန်ကြီးက ကြေညာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။