Connect with us

Hi, what are you looking for?

News

စစ်ကောင်စီအလိုကျ တရားရုံးတွေရဲ့ ဆောင်ရွက်ချက်တွေ ချက်ချင်းရပ်ဆိုင်းဖို့ NUG ထုတ်ပြန်

ရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ပြည်သူလူထုရဲ့ ဒဏ်ခတ်အပြစ်ဒဏ်ပေးမှုကို မလွဲမသွေခံကြရမှာဖြစ်တယ်လို့လည်း NUG တရားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက်စစ်ကောင်စီအလိုကျ တရားစစ်ဆေးစီရင်နေခြင်းဟာ ပြစ်မှုကျူးလွန်နေခြင်းဖြစ်ပြီး တရားရုံးတွေရဲ့ ဆောင်ရွက်ချက်တွေ ချက်ချင်းရပ်ဆိုင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)တရားရေးဝန်ကြီးက ဒီနေ့ထုတ်ပြန်ကြေညာပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဲ့၊ ဥပဒေမဲ့ ခိုင်းစေမှုတွေကို လိုက်ပါလုပ်ကိုင်ဆောင်ရွက်ပေးနေကြတဲ့ တရားရေးဝန်ထမ်းတွေ၊ ဥပဒေဝန်ထမ်းတွေနဲ့ တရားရုံးတွေဟာ ရာဇဝတ်မှုတွေကို ဂိုဏ်းဖွဲ့ကျူးလွန်နေသူတွေဖြစ်တာကြောင့် ဆောင်ရွက်ချက်တွေ ချက်ချင်းရပ်ဆိုင်းဖို့ ကြေညာ တာဖြစ်ပါတယ်။

ရပ်ဆိုင်းခြင်းမရှိဘဲ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ပြည်သူလူထုရဲ့ ဒဏ်ခတ်အပြစ်ဒဏ်ပေးမှုကို မလွဲမသွေခံကြရမှာဖြစ်တယ်လို့လည်း NUG တရားရေးဝန်ကြီးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ မည်သည့်တရားဥပဒေနဲ့မျှကိုက်ညီမှုမရှိဘဲ နိုင်ငံတော်အာဏာကို အတင်းလုယူသိမ်းပိုက်ထားရုံသာမက နိုင်ငံသားအားလုံးရဲ့ လွတ်လပ် ခွင့်နဲ့ ဥပဒေရေးရာ အခွင့်အရေးတွေကို ပြောင်ပြောင် တင်းတင်းချိုးဖောက်နေတဲ့ အကြမ်းဖက်အဖွဲ့အစည်းဖြစ်တယ်လို့ ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဖြောင့်မတ်မှန်ကန်တဲ့ တရားစီရင်ရေးလမ်းကြောင်းကို သွေဖည်ကာ အကြမ်းဖက်စစ်အုပ်စုရဲ့ အလိုကျလိုက်ပါလုပ်ကိုင်ဆောင်ရွက်ပေးနေကြတဲ့ တရားရုံးတရားသူကြီးတွေနဲ့ ဥပဒေဝန်ထမ်းတွေဟာ ပြစ်မှုကျူးလွန်နေသူတွေကို အားပေးကူညီနေသူတွေသာဖြစ်တယ်လို့လည်း တရားရေးဝန်ကြီးက ကြေညာပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်