Connect with us

Hi, what are you looking for?

သတင်း

ကွမ်းလုံမြို့နယ်တွင် ယနေ့ တိုက်ပွဲဆက်ဖြစ်နေဟု MNDAA ပြော

လက်ရှိတွင် ကိုးကန့်ဒေသ၊ မူဆယ်၊ နမ့်ခမ်း၊ လားရှိုးနှင့် ကွတ်ခိုင်စသည့် ဒေသများ၌ မဟာမိတ်တပ်များက စစ်ကောင်စီတပ်များအား တိုက်ခိုက်လျက်ရှိသည်။

ကွမ်းလုံမြို့နယ်တွင် ယနေ့ တိုက်ပွဲဆက်ဖြစ်နေဟု MNDAA ပြော
ကွမ်းလုံမြို့နယ်တွင် ယနေ့ တိုက်ပွဲဆက်ဖြစ်နေဟု MNDAA ပြော

‘၁၀၂၇ စစ်ဆင်ရေး’ ၆ရက်မြောက်နေ့ဖြစ်သည့် ယနေ့(နိုဝင်ဘာ ၁ရက်) နံနက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့နယ်၌ တိုက်ပွဲဖြစ်ပွားနေကြောင်း ကိုးကန့်တပ်မတော် (MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။

ကိုးကန့်ဒေသအပါအဝင် ရှမ်းမြောက်ဒေသရှိနေရာအများအပြားရှိ စစ်ကောင်စီတပ်များကို အောက်တိုဘာ ၂၇မှစတင်ပြီး MNDAA အပါအဝင် မဟာမိတ်တပ်များကတိုက်ခိုက်သည့် စစ်ဆင်ရေးကို ဖော်ဆောင်လျက်ရှိရာ ပြီးခဲ့သည့် ၅ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၉၀ ကျော်သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်သည်ဟု ညီနောင်မဟာမိတ်တပ်များက အသိပေးထားသည်။

“ဒီနေ့ စစ်ရေးအခြေအနေက ကွမ်းလုံဘက်မှာ တိုက်ပွဲဖြစ်နေတယ်လို့ သိရတယ်။ အခြေအနေအသေးစိတ်ကိုတော့ အခုအချိန်ထိ မသိရသေးဘူး”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လက်ရှိညီနောင်သုံးဖွဲ့နှင့် တပ်ဆိုင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချအလင်းဝင်ရန် ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့တွင် ကြေညာချက်ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ကိုးကန့်ဒေသ၊ မူဆယ်၊ နမ့်ခမ်း၊ လားရှိုးနှင့် ကွတ်ခိုင်စသည့် ဒေသများ၌ မဟာမိတ်တပ်များက စစ်ကောင်စီတပ်များအား တိုက်ခိုက်လျက်ရှိသည်။

အခြားဒေသ ၊အခြားမြို့များသို့ စစ်ဆင်ရေးများဆက်လက်ဆောင်ရွက်ရန်ရှိမရှိ MNDAA ပြောရေးဆိုခွင့်ရှိသူအား မေးမြန်းရာ “အခုလောလောဆယ်တော့ ကျနော်တို့ အခုဖော်ဆောင်နေတဲ့ နေရာတွေမှာပဲရှိပါတယ်။ အခြားထွေထွေထူးထူးတော့ မရှိပါဘူး”ဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။