Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီထံမှ သံချပ်ကာနှင့်တင့်ကား ၅စီးသိမ်းဆည်းထားဟု MNDAA အတည်ပြု

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ၏ သံချပ်ကာနှင့်တင့်ကားယာဉ် ၆စီး သိမ်းဆည်းထားနိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်၏ ပြောကြားခဲ့ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရာ ၎င်းသိရှိထားသည်မှာ ၅စီးဟု ပြောသည်။

(စစ်ကောင်စီတပ်ထံမှ သိမ်းယူထား သော သံချပ်ကာကားနှင့် တင့်ကားများအား တွေ့ရစဥ်။ ဓာတ်ပုံ-The Kokang၊File Photo))
(စစ်ကောင်စီတပ်ထံမှ သိမ်းယူထား သော သံချပ်ကာကားနှင့် တင့်ကားများအား တွေ့ရစဥ်။ ဓာတ်ပုံ-The Kokang၊File Photo))

ကိုးကန့်တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ သံချပ်ကာနှင့်တင့်ကားယာဉ် ၅စီးကိုသိမ်းဆည်းထားနိုင်ကြောင်း ကိုးကန့်တပ်မတော်(MNDAA) ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက လူထုနွေဦးသို့ အတည်ပြုပြောကြားသည်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီ၏ သံချပ်ကာနှင့်တင့်ကားယာဉ် ၆စီး သိမ်းဆည်းထားနိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်၏ ပြောကြားခဲ့ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရာ ၎င်းသိရှိထားသည်မှာ ၅စီးဟု ပြောသည်။

“ဖောင်းဆိုင်ဘက်မှာ ၃စီးပါ။ ၂စီးကတော့ ဖြိုခွဲဖျက်ဆီးနိုင်ခဲ့တယ်။တစ်စီးကိုတော့သိမ်းဆည်းရရှိတယ်ပေါ့။ အားလုံးစုစုပေါင်းတော့ ၅စီးပေါ့”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ချင်းရွှေဟောဒေသရှိ စစ်ကောင်စီ၏ အခိုင်အမာတပ်စခန်းဖြစ်သည့် မာကြာတစ်ပေါက်ပေါက်တောင်ကုန်း တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ယင်းစခန်းမှ သံချပ်ကာ စစ်ကား၂စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း အောက်တိုဘာ ၂၈ရက် တိုက်ပွဲသတင်းဖော်ပြရာ၌ MNDAAက အသိပေးထာသည်။

Public Service Announcement

Public Service Announcement

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်း ၇၀ကျော်ကိုသိမ်းပိုက်ထားနိုင်ပြီးဖြစ်ကြောင်း MNDAA တာဝန်ရှိသူကယမန်နေ့တွင်ပြောကြားသည်။ယနေ့တွင်လည်း စစ်ကောင်စီတပ်စခန်း ၅ခုခန့်ကိုမဟာမိတ်တပ်များကတိုက်ပိုက်သိမ်းပိုက်ထားနိုင်ခဲ့သည်။ တိုက်ပွဲများအတွင်းမှလည်း စစ်လက်နက်ခဲယမ်းများစွာကိုသိမ်းပိုက်ရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။