Connect with us

Hi, what are you looking for?

သတင်း

ရွှေလီကြိုးတံတား စစ်ကောင်စီတပ်စခန်းကို TNLA တိုက်ယူ

အဲဒီတံတားဟာ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်နဲ့ကချင်ပြည်နယ် မန့်ဝိန်းကြီးမြို့ကို ဆက်သွယ်ထားပြီး စစ်ရေးအရ ဗျုဟာကျတဲ့နေရာမှာရှိပါတယ်။

ရွှေလီကြိုးတံတား စစ်ကောင်စီတပ်စခန်းကို TNLA တိုက်ယူ
ရွှေလီကြိုးတံတား စစ်ကောင်စီတပ်စခန်းကို TNLA တိုက်ယူ

ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် အစပ်က ရွှေလီကြိုးတံတား မှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ဒီနေ့မနက်ပိုင်းမှာ တိုက်ယူလိုက်တယ်လို့ တအာင်းတပ် (TNLA) က စစ်ရေးသတင်းထုတ်ပြန်ပါတယ်။

ရွှေလီမြစ်ကူး ကြိုးတံတားမှာ ရှိတဲ့ စစ်ကောင်စီတပ်စန်းကို မနက် ၆ နာရီ ၅၅ မိနစ်မှာ သိမ်းယူလိုက်တာလို့ သိရပါတယ်။

အဲဒီတံတားဟာ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်နဲ့ကချင်ပြည်နယ် မန့်ဝိန်းကြီးမြို့ကို ဆက်သွယ်ထားပြီး စစ်ရေးအရ ဗျုဟာကျတဲ့နေရာမှာရှိပါတယ်။

ကြိုးတံတားခြေရင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီလေတပ်က တိုက်လေယာဉ်နဲ့ ၃ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီမနက်တိုက်ခိုက်မှုဟာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ်TNLA နဲ့ ရက္ခိုင့်တပ်( AA) တို့ ရဲ့ ၁၀၂၇ စစ်ဆင်ရေး အဖြစ် တိုက်ခိုက်တာလို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။