Connect with us

Hi, what are you looking for?

သတင်း

ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းမှု၊ စစ်ရေးလှုပ်ရှား၊ ထိုးစစ်ဆင်မှုများဆက်လုပ်နေဟု KIA ပြော

ဖားကန့်နယ် အနန့်ပါဒေသတွင်လည်း စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် KIO အရာရှိများ ၊ ပြည်သူလူထုများ၊ အနုပညာရှင်များ အပါအဝင် လူအများအပြားအသက်ဆုံးရှုံး ဒဏ်ရာရခဲ့သည်။

KIAတပ်သားတစ်ဦး တိုက်ပွဲအတွင်း ပစ်ခတ်နေစဥ်၊ ဓာတ်ပုံ - The Kachin Net
KIAတပ်သားတစ်ဦး တိုက်ပွဲအတွင်း ပစ်ခတ်နေစဥ်၊ ဓာတ်ပုံ - The Kachin Net

ကချင်ပြည်နယ် မိုးမောက်၊ ဗန်းမော်နှင့် ဖားကန့်ဒေသများ၌ စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း စစ်ရေးလှုပ်ရှားမှု၊ ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့ပြီး ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ၌ လေကြောင်း တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ဒေသ လတ်တလောစစ်ရေးအခြေအနေကို မေးမြန်းခဲ့ရာ ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။

” အခုလောလောဆယ်ကတော့ ကချင်ပြည်နယ်ဘက်မှာလည်း စစ်ကောင်စီဘက်က တော်တော်လှုပ်ရှား တာကို တွေ့ရပါတယ်။ ပြည်သူလူထုတွေကို စစ်တာတွေတို့ ဖမ်းဆီးတာတွေတို့ခပ်စိပ်စိပ်လုပ်နေတော တွေ့ရပါတယ်။ကျနော်တို့ တပ်ရင်း (၂၆)ဘက်မှာလည်း သူတို့က ပြန်ထိုးပြီးမှ လေကြောင်းကနေ ဗုံးကြဲတာတွေလည်းရှိခဲ့ပါတယ်။ဗန်းမော် ၊ မိုးမောက်ဘက်မှာလည်း သူတို့ လူအင်အားတွေ တိုးထားတာတွေ တွေ့ရပါတယ်။ ဒါက စစ်ရေးအခြေအနေက တင်းမာနေတဲ့သဘောမျိုးဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မိုးမောက်ဒေသတွင် စစ်ကောင်စီတပ်က အောက်တိုဘာ ၂၂ရက်ကတည်းက အင်အားအလုံး အရင်းဖြင့်ထိုးစစ်ဆင်ခဲ့၍ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများဖြင့် တုံ့ပြန်ခဲ့သည်ဟု ကချင်ဒေသခံ အချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ဖားကန့်နယ် အနန့်ပါဒေသတွင်လည်း စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် KIO အရာရှိများ ၊ ပြည်သူလူထုများ၊ အနုပညာရှင်များ အပါအဝင် လူအများအပြားအသက်ဆုံးရှုံး ဒဏ်ရာရခဲ့သည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်က ၎င်းတို့ဖမ်းဆီးထားသည့် KIAအပါ အဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၄ခုမှ တပ်ဖွဲ့ဝင် ၄၀ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်း၊ အမှုပိတ်သိမ်းပေးခြင်းများ လုပ်ဆောင်ခဲ့သည်။

ယင်းနှင့်ပတ်သက်၍ KIA အဖွဲ့၏ သဘောထားကို မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက ၎င်းအနေဖြင့် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံသာဖြစ်၍ နိုင်ငံရေးနှင့်ပတ်သက်သည့်အကြောင်း အရာများကိုခေါင်းဆောင်များ၏ ခွင့်ပြုချက်မရဘဲ သဘောထား မှတ်ချက် သုံးသပ်ချက် မပြောလိုဟု ရှင်းပြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။