Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ် အင်အားဖြည့်တင်းမှု၊ စစ်ရေးလှုပ်ရှား၊ ထိုးစစ်ဆင်မှုများဆက်လုပ်နေဟု KIA ပြော

ဖားကန့်နယ် အနန့်ပါဒေသတွင်လည်း စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် KIO အရာရှိများ ၊ ပြည်သူလူထုများ၊ အနုပညာရှင်များ အပါအဝင် လူအများအပြားအသက်ဆုံးရှုံး ဒဏ်ရာရခဲ့သည်။

KIAတပ်သားတစ်ဦး တိုက်ပွဲအတွင်း ပစ်ခတ်နေစဥ်၊ ဓာတ်ပုံ - The Kachin Net
KIAတပ်သားတစ်ဦး တိုက်ပွဲအတွင်း ပစ်ခတ်နေစဥ်၊ ဓာတ်ပုံ - The Kachin Net

ကချင်ပြည်နယ် မိုးမောက်၊ ဗန်းမော်နှင့် ဖားကန့်ဒေသများ၌ စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း စစ်ရေးလှုပ်ရှားမှု၊ ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့ပြီး ဖားကန့်မြို့နယ် ဆယ်ဇင်းဒေသ၌ လေကြောင်း တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ဒေသ လတ်တလောစစ်ရေးအခြေအနေကို မေးမြန်းခဲ့ရာ ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။

” အခုလောလောဆယ်ကတော့ ကချင်ပြည်နယ်ဘက်မှာလည်း စစ်ကောင်စီဘက်က တော်တော်လှုပ်ရှား တာကို တွေ့ရပါတယ်။ ပြည်သူလူထုတွေကို စစ်တာတွေတို့ ဖမ်းဆီးတာတွေတို့ခပ်စိပ်စိပ်လုပ်နေတော တွေ့ရပါတယ်။ကျနော်တို့ တပ်ရင်း (၂၆)ဘက်မှာလည်း သူတို့က ပြန်ထိုးပြီးမှ လေကြောင်းကနေ ဗုံးကြဲတာတွေလည်းရှိခဲ့ပါတယ်။ဗန်းမော် ၊ မိုးမောက်ဘက်မှာလည်း သူတို့ လူအင်အားတွေ တိုးထားတာတွေ တွေ့ရပါတယ်။ ဒါက စစ်ရေးအခြေအနေက တင်းမာနေတဲ့သဘောမျိုးဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

မိုးမောက်ဒေသတွင် စစ်ကောင်စီတပ်က အောက်တိုဘာ ၂၂ရက်ကတည်းက အင်အားအလုံး အရင်းဖြင့်ထိုးစစ်ဆင်ခဲ့၍ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး အထိနာသည့် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများဖြင့် တုံ့ပြန်ခဲ့သည်ဟု ကချင်ဒေသခံ အချို့က ပြောသည်။

Public Service Announcement

Public Service Announcement

ဖားကန့်နယ် အနန့်ပါဒေသတွင်လည်း စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် KIO အရာရှိများ ၊ ပြည်သူလူထုများ၊ အနုပညာရှင်များ အပါအဝင် လူအများအပြားအသက်ဆုံးရှုံး ဒဏ်ရာရခဲ့သည်။

တစ်ဖက်တွင်လည်း စစ်ကောင်စီတပ်က ၎င်းတို့ဖမ်းဆီးထားသည့် KIAအပါ အဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၄ခုမှ တပ်ဖွဲ့ဝင် ၄၀ကျော်ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခြင်း၊ အမှုပိတ်သိမ်းပေးခြင်းများ လုပ်ဆောင်ခဲ့သည်။

ယင်းနှင့်ပတ်သက်၍ KIA အဖွဲ့၏ သဘောထားကို မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက ၎င်းအနေဖြင့် သတင်းနှင့်ပြန်ကြားရေး တာဝန်ခံသာဖြစ်၍ နိုင်ငံရေးနှင့်ပတ်သက်သည့်အကြောင်း အရာများကိုခေါင်းဆောင်များ၏ ခွင့်ပြုချက်မရဘဲ သဘောထား မှတ်ချက် သုံးသပ်ချက် မပြောလိုဟု ရှင်းပြသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။