Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေလီကြိုးတံတား စစ်ကောင်စီတပ်စခန်းကို TNLA တိုက်ယူ

အဲဒီတံတားဟာ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်နဲ့ကချင်ပြည်နယ် မန့်ဝိန်းကြီးမြို့ကို ဆက်သွယ်ထားပြီး စစ်ရေးအရ ဗျုဟာကျတဲ့နေရာမှာရှိပါတယ်။

ရွှေလီကြိုးတံတား စစ်ကောင်စီတပ်စခန်းကို TNLA တိုက်ယူ
ရွှေလီကြိုးတံတား စစ်ကောင်စီတပ်စခန်းကို TNLA တိုက်ယူ

ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ် အစပ်က ရွှေလီကြိုးတံတား မှာ ရှိတဲ့ စစ်ကောင်စီတပ်စခန်းကို ဒီနေ့မနက်ပိုင်းမှာ တိုက်ယူလိုက်တယ်လို့ တအာင်းတပ် (TNLA) က စစ်ရေးသတင်းထုတ်ပြန်ပါတယ်။

ရွှေလီမြစ်ကူး ကြိုးတံတားမှာ ရှိတဲ့ စစ်ကောင်စီတပ်စန်းကို မနက် ၆ နာရီ ၅၅ မိနစ်မှာ သိမ်းယူလိုက်တာလို့ သိရပါတယ်။

အဲဒီတံတားဟာ ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်နဲ့ကချင်ပြည်နယ် မန့်ဝိန်းကြီးမြို့ကို ဆက်သွယ်ထားပြီး စစ်ရေးအရ ဗျုဟာကျတဲ့နေရာမှာရှိပါတယ်။

ကြိုးတံတားခြေရင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီလေတပ်က တိုက်လေယာဉ်နဲ့ ၃ ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA က ဆိုပါတယ်။

ဒီမနက်တိုက်ခိုက်မှုဟာ မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ်TNLA နဲ့ ရက္ခိုင့်တပ်( AA) တို့ ရဲ့ ၁၀၂၇ စစ်ဆင်ရေး အဖြစ် တိုက်ခိုက်တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement