Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့မရဲစခန်းကို ယနေ့နံနက်တွင် ဒေသတွင်းPDFများ တိုက်ခိုက်

ရေစကြိုမြို့မရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည်မှာမှန်ကန်ပြီး အသေးစိတ်သတင်းထုတ်ပြန်ပေးသွားမည်ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့(ပကဖ)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရေစကြိုမြို့မရဲစခန်းကို ယနေ့နံနက်တွင် ဒေသတွင်းPDFများ တိုက်ခိုက်
ရေစကြိုမြို့မရဲစခန်းကို ယနေ့နံနက်တွင် ဒေသတွင်းPDFများ တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့မရဲစခန်းကို ယနေ့နံနက်အစောပိုင်းတွင် ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ နိုဝင်ဘာ ၁၀ ရက် နံနက် ၄ နာရီခွဲခန့်ကစတင်ကာ ရေစကြိုမြို့မရဲစခန်းအား ဒေသတွင်း PDFအဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရေစကြိုမြို့ပေါ် အမှတ်(၇)နှင့် အမှတ်(၈)ရပ်ကွက်၌ပါ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ရဲစခန်းကို ဝင်ပစ်တာ။ အခုတော့ စကစအဖွဲ့တွေ မြို့ပေါ်လှည့်ပတ်ပြီး ပစ်ခတ်နေကြတယ်။”ဟု ရေစကြိုမြို့ ဒေသခံတစ်ဦးက ပြောသည်။

ထို့နောက် နံနက် ၈နာရီခွဲဝန်းကျင်တွင် ပစ်ခတ်သံများ ငြိမ်သက်သွားသည်ဟု ရေစကြိုမြို့ပေါ်နေထိုင်သူများက ပြောသည်။

Public Service Announcement

Public Service Announcement

ရေစကြိုမြို့မရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည်မှာမှန်ကန်ပြီး အသေးစိတ်သတင်းထုတ်ပြန်ပေးသွားမည်ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့(ပကဖ)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့နံနက်ဖြစ်စဥ်၌ နှစ်ဖက်ထိခိုက်မှုရှိ၊မရှိ မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။