Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုမြို့မရဲစခန်းကို ယနေ့နံနက်တွင် ဒေသတွင်းPDFများ တိုက်ခိုက်

ရေစကြိုမြို့မရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည်မှာမှန်ကန်ပြီး အသေးစိတ်သတင်းထုတ်ပြန်ပေးသွားမည်ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့(ပကဖ)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ရေစကြိုမြို့မရဲစခန်းကို ယနေ့နံနက်တွင် ဒေသတွင်းPDFများ တိုက်ခိုက်
ရေစကြိုမြို့မရဲစခန်းကို ယနေ့နံနက်တွင် ဒေသတွင်းPDFများ တိုက်ခိုက်

မကွေးတိုင်း၊ ရေစကြိုမြို့မရဲစခန်းကို ယနေ့နံနက်အစောပိုင်းတွင် ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ နိုဝင်ဘာ ၁၀ ရက် နံနက် ၄ နာရီခွဲခန့်ကစတင်ကာ ရေစကြိုမြို့မရဲစခန်းအား ဒေသတွင်း PDFအဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း၊ ထို့နောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရေစကြိုမြို့ပေါ် အမှတ်(၇)နှင့် အမှတ်(၈)ရပ်ကွက်၌ပါ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ရဲစခန်းကို ဝင်ပစ်တာ။ အခုတော့ စကစအဖွဲ့တွေ မြို့ပေါ်လှည့်ပတ်ပြီး ပစ်ခတ်နေကြတယ်။”ဟု ရေစကြိုမြို့ ဒေသခံတစ်ဦးက ပြောသည်။

ထို့နောက် နံနက် ၈နာရီခွဲဝန်းကျင်တွင် ပစ်ခတ်သံများ ငြိမ်သက်သွားသည်ဟု ရေစကြိုမြို့ပေါ်နေထိုင်သူများက ပြောသည်။

ရေစကြိုမြို့မရဲစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့သည်မှာမှန်ကန်ပြီး အသေးစိတ်သတင်းထုတ်ပြန်ပေးသွားမည်ဟု ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့(ပကဖ)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့နံနက်ဖြစ်စဥ်၌ နှစ်ဖက်ထိခိုက်မှုရှိ၊မရှိ မသိရသေးပေ။