Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့မရဲစခန်းအား PDFများ တိုက်ခိုက်

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာခဲ့ပြီး စခန်းတွင်းထိ ဝင်ရောက်ရန် ကြိုးပမ်းသော်လည်း ခဲယမ်းမလုံလောက်၍ ပြန်ဆုတ်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ရေလယ်ကျွန်းဒေသမှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)
(ထွက်ပြေးတိမ်းရှောင်နေရသော ရေလယ်ကျွန်းဒေသမှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုးဖျက်ဆီးနေ

မကွေးတိုင်း၊ ရေစကြိုမြို့မရဲစခန်းအားPDF နှစ်ဖွဲ့က ယမန်နေ့တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(အောက်တိုဘာ ၁၂ ရက်) ည ၈နာရီခွဲခန့်က ရေစကြိုမြို့မရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုနှင့် နွေဦးစစ်သည်ရေလယ်ကျွန်းစစ်ကြောင်းတို့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာခဲ့ပြီး စခန်းတွင်းထိ ဝင်ရောက်ရန် ကြိုးပမ်းသော်လည်း ခဲယမ်းမလုံလောက်၍ ပြန်ဆုတ်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ရေလယ်ကျွန်းဒေသမှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)
(ထွက်ပြေးတိမ်းရှောင်နေရသော ရေလယ်ကျွန်းဒေသမှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

“ရဲစခန်းထဲမှာရှိတဲ့ အဆောက်အဦးတော်တော်များများကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ လက်နက်ခဲယမ်းလုံလောက်ရင် စခန်းထဲပါဝင်လို့ရတယ်။ ပေနှစ်ဆယ်လောက်ရှိတဲ့ လမ်းလေးပဲခြားတာ။ စခန်းနဲ့ ဟိုဘက်ဒီဘက်ပဲ။”ဟု အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ထိခိုက်မှုရှိနိုင်ပြီး ရဲဘော်များ ပြန်ဆုတ်ချိန် လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ရေစကြို(ပကဖ)သည် အောက်တိုဘာ ၁၀ ရက်ကလည်း မြို့မ​ရဲစခန်းမှ လာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

(ထွက်ပြေးတိမ်းရှောင်နေရသော ရေလယ်ကျွန်းဒေသမှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)
(ထွက်ပြေးတိမ်းရှောင်နေရသော ရေလယ်ကျွန်းဒေသမှ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ရေစကြိုမြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

အလားတူ ယနေ့(အောက်တိုဘာ ၁၃ ရက်)နံနက်ပိုင်းတွင် ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေ၍ ဒေသခံပြည်သူထောင်နှင့်ချီ မိုးထဲလေထဲ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ရေလယ်ကျွန်းရှိ ဆင်တဲရွာ၊ ကြွယ်ကုန်းရွာမှ ဒေသခံများ၏ပစ္စည်းများကိုလည်း အဓမ္မသိမ်းယူသွားပြီး နွယ်နီရွာနှင့် ကျွဲကုန်းရွာအား မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။