Connect with us

Hi, what are you looking for?

သတင်း

မတ္တရာတွင် စစ်ရှောင်ပြည်သူ ၆ ဦး သတ်ဖြတ်ခံရ

နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက မတ္တရာမြို့နယ်အရှေ့ပိုင်း၊ သရက်ကိုင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်က သတ်ဖြတ်သွားသည့် စစ်ဘေးရှောင်ပြည်သူ အမျိုးသား ခြောက်ဦး၏ ရုပ်အလောင်းများအား ဒေသခံများက တွေ့ရှိခဲ့​သည်။

မတ္တရာတွင် စစ်ရှောင်ပြည်သူ ၆ ဦး သတ်ဖြတ်ခံရ
မတ္တရာတွင် စစ်ရှောင်ပြည်သူ ၆ ဦး သတ်ဖြတ်ခံရ

▪️နှစ်ရက်အတွင်း ပြည်သူ ၁၉ဦး သတ်ဖြတ်ခံရခြင်းဖြစ်

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ဘေးရှောင်ပြည်သူ ၆ဦးအား သတ်ဖြတ်ခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက မတ္တရာမြို့နယ်အရှေ့ပိုင်း၊ သရက်ကိုင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်က သတ်ဖြတ်သွားသည့် စစ်ဘေးရှောင်ပြည်သူ အမျိုးသား ခြောက်ဦး၏ ရုပ်အလောင်းများအား ဒေသခံများက တွေ့ရှိခဲ့​သည်။

အဆိုပါ အမျိုးသား ၆ဦးမှာ မတ္တရာမြို့နယ် ကင်းကျေးရွာနှင့် သရက်ကိုင်းကျေးရွာက စစ်ဘေးရှောင် ပြည်သူများဖြစ်ပြီး ၎င်းတို့အား စစ်တပ်က နိုဝင်ဘာ၁၇ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သရက်ကိုင်းဘက်ကို စစ်ဘေးရှောင်ရင်းနဲ့ လမ်းမှာ စကစစစ်ကြောင်းနဲ့တိုးတာ။ အဲမှာ ၆ ယောက်က အမျိုးသားတွေပဲဖြစ်နေတော့ မသင်္ကာတာနဲ့ သူတို့က စစ်ဆေးမေးမြန်းတာတောင် မရှိလောက်တော့ဘူး။ ပစ်သတ်လိုက်တယ်ထင်တယ်။”ဟု မတ္တရာ(ပကဖ)အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁၆ ရက်ကလည်း မတ္တရာ​မြို့နယ်၊ အောင်ကံသာရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်အား စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဆိုင်အတွင်းရှိ ပြည်သူ ၁၁ဦး သေဆုံးခဲ့သည်။

ထို့အပြင် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူတစ်ဦးနှင့် ပတ်လည်အင်းကျေးရွာက ပြည်သူတစ်ဦးကိုပါ ထပ်မံပစ်ခတ်သတ်ဖြတ်ခဲ့ရာ ထိုနေ့တစ်ရက်တည်း ပြည်သူ၁၃ဦး သတ်ဖြတ်ခံရသည်။

မတ္တရာမြို့နယ်အရှေ့ပိုင်းတွင် နိုဝင်ဘာဒုတိယပတ်အတွင်းက စစ်ကောင်စီတပ်နှင့် ဒေသတွင်းPDFများ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်​၏ ပစ်ခတ်သတ်ဖြတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျေးရွာ ၁၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။