Connect with us

Hi, what are you looking for?

သတင်း

နမ့်ခမ်းမြို့နယ် မန်မိုင်ရွာကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်၍ အရပ်သား၂ဦးဒဏ်ရာရ၊ အိမ် ၁၂လုံးပျက်စီး

ယမန်နေ့(နိုဝင်ဘာ ၁၉ ရက်) ညနေပိုင်းတွင် မန်မိုင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ(၆၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

(မန်မိုင်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(မန်မိုင်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)

ရှမ်းပြည်နယ် နမ့်ခမ်းမြို့နယ်ရှိ မန်မိုင်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့၍ အရပ်သား ၂ဦးဒဏ်ရာရကာ နေအိမ်များပျက်စီးမှုရှိခဲ့သည်ဟု တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ယမန်နေ့(နိုဝင်ဘာ ၁၉ ရက်) ညနေပိုင်းတွင် မန်မိုင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ(၆၆)နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။

ထို့ပြင် ပြည်သူလူထုနေအိမ် ၁၂လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ညကလည်း နမ့်ဆန်မြို့နယ် မြို့သစ်ကျေးရွာကို လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ စစ်ကောင်စီတပ်က ပေါင် ၅၀၀ဗုံးအသုံးပြု တိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် အရပ်သား ၂ဦး သေဆုံးကာ ၇ဦး ဒဏ်ရာရခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မြို့သစ်ရွာနှင့်အနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းတိုက်ခိုက်လာခြင်းဖြစ်သည်ဟု အသိပေးထားသည်။

(မန်မိုင်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - TNLA)
(မန်မိုင်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – TNLA)

ရှမ်းမြောက်ဒေသ စစ်ပွဲများ၌ အထိနာနေသည့် စစ်ကောင်စီတပ်သည် လေကြောင်း၊လက်နက်ကြီး တိုက်ခိုက်မှုများ အလွန်အကျွံအသုံးပြု တုံ့ပြန်လျက်ရှိရာ အရပ်သား ပြည်သူများနေထိုင်ရာနေရာများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေ၍ ယခုလပိုင်းအတွင်း အရပ်သား ပြည်သူ ၄၀ဦး သေဆုံးကာ ၅၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။