Connect with us

Hi, what are you looking for?

သတင်း

ညီ​နောင်မဟာမိတ်တပ်များက ​ကျင်သီတံတားနှင့် လုံခန်းရှိစစ်တပ်စခန်း နှစ်ခုကိုထပ်မံသိမ်းပိုက်

ကျင်သီတံတားကိုတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် နန့်စလပ်တပ်စခန်းတွင် စစ်ကောင်စီဘက်မှ ထွက်ပြေးတိမ်းရှောင်ချိန်၌ဝှက်ထားခဲ့သောလက်နက်ခဲယမ်းများကို ရှာဖွေသိမ်းဆည်းနိုင်ခဲ့​ကြောင်းလည်းသိရသည်။

(​MNDAA နှင့် မဟာမိတ်တပ်ဖွဲ့များက ကျေးသီးတံတားကိုတိုက်ခိုက်သိမ်ပိုက်ပြီး​နောက်မြင်ကွင်းနှင့် နန့်စလပ်တပ်စခန်းတွင် စစ်တပ်ဖွက်ခဲ့​သောလက်နက်ခဲယမ်းများကိုသိမ်းဆည်းရရှိစဥ်။ဓါတ်ပုံ-The Kokang)
(​MNDAA နှင့် မဟာမိတ်တပ်ဖွဲ့များက ကျေးသီးတံတားကိုတိုက်ခိုက်သိမ်ပိုက်ပြီး​နောက်မြင်ကွင်းနှင့် နန့်စလပ်တပ်စခန်းတွင် စစ်တပ်ဖွက်ခဲ့​သောလက်နက်ခဲယမ်းများကိုသိမ်းဆည်းရရှိစဥ်။ဓါတ်ပုံ-The Kokang)

▪︎စစ်သားမိသားစုဝင်များက​ပြောပြ၍ စစ်တပ်ဖွက်ခဲ့​သောလက်နက်ခဲရမ်းများကိုသိမ်းဆည်းရရှိ

ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် မဟာမိတ်တပ်များက ယမန့်​နေ့(နိုဝင်ဘာ ၂၆ ရက်)တွင် စစ်​ကောင်စီတပ်စခန်းနှစ်ခု ထပ်မံတိုက်ခိုက်သိမ်းပိုက်ပြီး လက်နက်ခဲယမ်းများရရှိ​ကြောင်း ထုတ်ပြန်သည်။

ရှမ်းပြည်နယ် သီပေါ နှင့် ကျောက်မဲကြားရှိ ကျင်သီတံတားရှေ့တွင် အခြေချတပ်စွဲထားသော စစ်ကောင်စီတပ်၏တပ်ရင်း(၅၆၇) ၊ (၅၆၈) စခန်းနှစ်ခုကို MNDAA နှင့် TNLA တို့ပူး​ပေါင်း၍ နိုဝင်ဘာ ၂၄ ရက်မှစ၍ ထိုးစစ်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ထို​နောက် ကျင်သီတံတား ကိုပါ MNDAA နှင့် TNLA တို့ကနိုဝင်ဘာ ၂၆ ရက်နံနက် ၈ နာရီ​ကျော်တွင် သိမ်းပိုက် နိုင်ခဲ့​ကြောင်း MNDAA က ယ​နေ့ ထုတ်ပြန်သည်။

ကျင်သီတံတားကိုတိုက်ခိုက်သိမ်းပိုက်ပြီး​နောက် နန့်စလပ်တပ်စခန်းတွင် စစ်ကောင်စီဘက်မှ ထွက်ပြေးတိမ်းရှောင်ချိန်၌ဝှက်ထားခဲ့သောလက်နက်ခဲယမ်းများကို ရှာဖွေသိမ်းဆည်းနိုင်ခဲ့​ကြောင်းလည်းသိရသည်။

(​MNDAA နှင့် မဟာမိတ်တပ်ဖွဲ့များက ကျေးသီးတံတားကိုတိုက်ခိုက်သိမ်ပိုက်ပြီး​နောက်မြင်ကွင်းနှင့် နန့်စလပ်တပ်စခန်းတွင် စစ်တပ်ဖွက်ခဲ့​သောလက်နက်ခဲယမ်းများကိုသိမ်းဆည်းရရှိစဥ်။ဓါတ်ပုံ-The Kokang)
(​MNDAA နှင့် မဟာမိတ်တပ်ဖွဲ့များက ကျေးသီးတံတားကိုတိုက်ခိုက်သိမ်ပိုက်ပြီး​နောက်မြင်ကွင်းနှင့် နန့်စလပ်တပ်စခန်းတွင် စစ်တပ်ဖွက်ခဲ့​သောလက်နက်ခဲယမ်းများကိုသိမ်းဆည်းရရှိစဥ်။ဓါတ်ပုံ-The Kokang)

နန့်စလပ်တပ်စခန်းမှ ထွက်ပြေးလာသောစစ်ကောင်စီတပ်မိသားစုဝင်များ၏ ​ပြောပြမှု​ကြောင့် စစ်သားများဝှက်ခဲ့သောလက်နက်ခဲယမ်းများရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရိုင်ဖယ်(၁၃)လက် ၊ စက်သေနတ်(၁)လက် ၊ကျည်ဘောက်(၃၁)ခု ၊ ကျည်ကာဦးထုပ်(၃)ခု ၊ သေနတ်ပစ်ဗုံးသီး(၃)လုံးနှင့် ကျည်ဆံ (၂၀၀၀) တောင့်စသည် တို့ကိုသိမ်းဆည်းရရှိခဲ့​ကြောင်းပုံနှင့်တစ်ကွ ​ဖော်ပြသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်မှ ဒဏ်ရာရရှိသော မိသားစုဝင်များကို MNDAA က​ဆေးအဖွဲ့​စေလွှတ်​ပေး၍ ကုသပေးခဲ့​ကြောင်းလည်းသိရသည်။

ထိုအပြင် နိုဝင်ဘာ၂၇ ရက် မွန်းလွဲ ၂ နာရီ​ကျော် တွင်MNDAAနှင့် ဒေသလုံခြုံရေးတပ်ဖွဲ့တို့ပူး​ပေါင်း၍ ကျင်စန်းကျော့ နယ်စပ်ဂိတ်၏တောင်ဘက်ခြမ်းရှိ လုံခန်းနေရာတွင်အခြေချတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့​ကြောင်းလည်းသိရသည်။စခန်းသိမ်းတိုက်ပွဲမှ လက်နက်ခဲယမ်းများသိမ်းရရှိမှုကိုသတင်းထုတ်ပြန်ချက်တွင် မ​ဖော်ပြ​သော်လည်း ရုပ်သံဖိုင်တွင် လက်နက်ကြီးနှင့် ခဲယမ်းသတ္တာများသိမ်းဆည်းရရှိသည်ကို​တွေ့ရသည်။

(​MNDAA နှင့် မဟာမိတ်တပ်ဖွဲ့များက ကျေးသီးတံတားကိုတိုက်ခိုက်သိမ်ပိုက်ပြီး​နောက်မြင်ကွင်းနှင့် နန့်စလပ်တပ်စခန်းတွင် စစ်တပ်ဖွက်ခဲ့​သောလက်နက်ခဲယမ်းများကိုသိမ်းဆည်းရရှိစဥ်။ဓါတ်ပုံ-The Kokang)
(​MNDAA နှင့် မဟာမိတ်တပ်ဖွဲ့များက ကျေးသီးတံတားကိုတိုက်ခိုက်သိမ်ပိုက်ပြီး​နောက်မြင်ကွင်းနှင့် နန့်စလပ်တပ်စခန်းတွင် စစ်တပ်ဖွက်ခဲ့​သောလက်နက်ခဲယမ်းများကိုသိမ်းဆည်းရရှိစဥ်။ဓါတ်ပုံ-The Kokang)

အထက်ပါစခန်းသိမ်းတိုက်ပွဲ နှစ်ခုတွင် နှစ်ဖက်ထိခိုက်​သေဆုံးမှုအ​ခြေအ​နေကို ​ဖော်ပြထားခြင်းမရှိ​ပေ။

MNDAA နှင့် မဟာမိတ်တပ်ဖွဲ့များသည် နိုဝင်ဘာ ၂၆ ရက်အထိ့ စစ်ကောင်စီ၏တပ်စခန်းအကြီးအသေး စုစုပေါင်း (၁၇၆) သိမ်းပိုက်ရရှိခဲ့သည်ဟု အသိ​ပေးထားသည်။

ထိုအပြင် TNLA ကလည်း ၁၀၂၇ စစ်ဆင်​​ရေးတွင် စစ်​ကောင်စီတပ်စခန်း​ပေါင်း အနည်းဆုံး ၄၇ ခုကိုတိုက်ခိုက်သိမ်းပိုက်ထားသည်။ထို​ကြောင့် နိုဝင်ဘာ ၂၆ ရက်အထိ့ ​ညီ​နောင်မဟာမိတ် ၃ ဖွဲ့က ရှမ်းပြည်နယ်​မြောက်ပိုင်းရှိ တပ်စခန်း​ပေါင်း ၂၁၀ ​ကျော်ကိုတိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။ ထိုထဲတွင် မြို့ ၆ မြို့ ၊မြန်မာ-တရုတ် နယ်စပ်ဂိတ် ၄ ဂိတ်ကိုပါ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

▪︎ပြင်ဆင်ချက် – ​ကနဦးသတင်းတွင် “ကျေးသီးတံတား”အစား “ကျင်သီတံတား”ဟုအမှန်ပြင်ဆင်ထားပါသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ နာမည်တပ်ပြီး အာရက္ခတပ်တော်(AA)နယ်မြေတွေဆီ ထိုးစစ်ဆင်တဲ့စစ်တပ်ကို အထိနာတပ်ဆုတ်ပြေးတဲ့အထိ ခုခံတိုက်ခိုက်ပြီးနောက်စစ်တွေမြို့နယ် အမြင့်ကျွန်း၊ ကံ့ကော်ကျွန်းနဲ့ တောကန်အနီး ဝန်းကျင်တို့ရှိ စစ်တပ်စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

မတ္တရာမြို့နယ်အရှေ့‌‌ခြမ်း နဲ့ မြို့အနီးကစစ်တပ် တက်စွဲထားရာ​နေရာ အများစုက​နေပြန်ဆုတ်နေပြီး မတ္တရာမြို့တွင်းမှာ စုဖွဲ့မှု ပြန်လုပ် နေတယ်လို့ ဒေသတွင်း တော်လှန်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ဖာပွန်ခရိုင်( မူတြော်)ထဲမှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ထော်မူပလဲမဲစခန်းကို ဒီနေ့(စက်တင်ဘာ ၈)ရက်မှာ KNU တပ်က တက်ရောက်ရှင်းလင်းသိမ်းယူလိုက်တယ်လို့ KNU မူတြော်ခရိုင်၊ တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က အတည်ပြုပါတယ်။