Connect with us

Hi, what are you looking for?

သတင်း

ဗမာအဖွဲ့အစည်း ၅ဖွဲ့ထံမှ လှူဒါန်းငွေကျပ်သိန်း ငါးထောင်ရရှိဟု MNDAA ထုတ်ပြန်

တစ်ပြည်လုံးရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုတို့နှင့် ပူးပေါင်း ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ဖျက်ကာ စစ်မှန်သည့် ပြည်ထောင်စုဒီမိုကရက်စီနိုင်ငံတော်ကို ထူထောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

(MNDAAထံ အလှူငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - The Kokang)
(MNDAAထံ အလှူငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - The Kokang)

▪️MNDAAသည် ဗမာများ၏ထောက်ခံမှုရရှိကြောင်း ပြသခြင်းဖြစ်ဟုဖော်ပြ၊ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးစိတ်ကူးယာဉ်သာမဟုတ် အောင်မြင်မှုရမည်ဟု အသိပေး

ကိုးကန့်တပ်မတော်(MNDAA)ထံ ဗမာချစ်ကြည်ရေးအဖွဲ့အစည်း ၅ဖွဲ့မှ လှူဒါန်းလာသည့် ကျပ်သိန်း ၅၀၀၀ ကို လက်ခံရရှိကြောင်း MNDAAက သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂၅ ရက်တွင် General Strike Coordination Body (GSCB)၊ CDM Medical Network ၊ Medical Family Mandalay ၊ Yangon Medical Network ၊Chindwin Medical and Humanitarian Network စသည့်မြန်မာ့ချစ်ကြည်ရေးအဖွဲ့အစည်း(၅)ဖွဲ့မှ ကျပ်သိန်း ၅၀၀၀ လှူဒါန်းမှု အခမ်းအနားကိုချင်းရွှေဟော်ဒေသတွင် ပြုလုပ်ခဲ့သည်ဟု ဖော်ပြသည်။

အဆိုပါ အဖွဲ့အစည်း(၅)ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေး Operation ကြီး၏လုပ်ဆောင်မှုများကို တောက်လျှောက်ဂရုပြုလာပြီး MNDAAမှ တိုက်ပွဲတွင် ဖော်ဆောင်လာသော အောင်မြင်မှုများနှင့် တော်လှန်ရေး လမ်းစဉ်‌ပေါ်တွင် လူသားချင်းစာနာထောက်ထားမှုစိတ်ဓာတ်ရှိသောလုပ်ရပ်များကို အားကျမိကြောင်း၊ MNDAA ၏ကြိုးစားအားထုတ်မှု ၊ အသက်ပေးစွန့်သောသတ္တိနှင့် တိုက်ရဲခိုက်ရဲစိတ်ဓာတ်ရှိခြင်းတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံလွတ်မြောက်ရေးလုပ်ငန်းစဉ်ကို အားကြိုးမာန် တက်စွာလုပ်ဆောင်ပေးနိုင်မည်ဟု အဆိုပါ အဖွဲ့ ၅ဖွဲ့မှ တာဝန်ခံများက ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

(MNDAAထံ အလှူငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - The Kokang)
(MNDAAထံ အလှူငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ – The Kokang)

ယခုကဲ့သို့ ထောက်ပံ့လှူဒါန်းသည့်နည်းဖြင့် မြန်မာနိုင်ငံရှိ ပြည်သူလူထုအားလုံးကို ဘုံရန်သူဖြစ်သော မင်းအောင်လှိုင်၏ စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံများကို တိုက်ဖျက်မည်ဟု ပြောဆိုခဲ့သည်ဟုလည်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အလှူငွေကို MNDAA မှ နိုင်ငံရေးဌာနမှူးဗိုလ်မှူးချုပ် ဦးကျင်ရှင်က လက်ခံခဲ့ပြီး အခမ်းအနားတက်ရောက်သော ဗမာလူမျိုးပုဂ္ဂိုလ်များနှင့် ကိုယ်စားလှယ်များကို MNDAA ၏တော်လှန်ရေးတိုးတက်မှုများကို ရှင်းပြကာ ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့သည်ဟုဆိုသည်။

“မြန်မာ့ချစ်ကြည်ရေးအဖွဲ့အစည်း(၅)ဖွဲ့မှ နွေးထွေးဂရုပြုမှုနှင့် အားပေးထောက်ခံမှုများကို ရှေ့တန်းတိုက်ပွဲဝင်နေကြသော အရာရှိနှင့်ရဲဘော်များထံသတင်းပို့ပြီး တော်လှန်ရေး ၏တက်ကြွမှုများကိုနိုထစေပြီး ဖယ်ဒရယ်လူ့အဖွဲ့အစည်းရှိအလွှာပေါင်းစုံမှ MNDAAထံ ပြသပေးသော ချစ်ခြင်းမေတ္တာကို ဘယ်တော့မှ လက်မလျှော့ဘူး ၊ တော်လှန်‌ရေး၏ဘုံရည်မှန်းချက်ဖော်ဆောင်ရန်အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်။” ဟု ဗိုလ်မှူးချုပ်ဦးကျင်ရှင်က ပြောကြားကြောင်း ထုတ်ပြန်ထားသည်။

ထောက်ပံ့လှူဒါန်းပေးသောငွေကြေးများကို ဒုက္ခသည်ကိုကယ်ဆယ်ပေးခြင်း ၊ ဒဏ်ရာရသူများကုသပေးခြင်းနှင့် တိုက်ပွဲဝင်အရာရှိရဲဘော်ထံ သုံးဆောင်သွားမည်ဟု အသိပေးသည်။

ယခုအဖွဲ့အစည်း(၅)ဖွဲ့မှလှူဒါန်းပေးသော ကျပ်သိသိန်း၅၀၀၀ သည် မြန်မာတစ်ပြည်လုံးရှိပြည်သူလူထုက ၎င်းတို့အဖွဲ့အစည်းမှတစ်ဆင့် လှူဒါန်းပေးခြင်းဖြစ်ကြောင်း၊ ဤလှူဒါန်းမှုသည် ဗမာလူမျိုးအပါအဝင် ပြည်သူလူထုမှ MNDAA တပ်ဖွဲ့အပေါ် ယုံကြည်စိတ်ချမှုကိုသယ်ဆောင်လာပြီး ကိုးကန့်လူမျိုးမှ အဓိကဦးဆောင်ဖွဲ့စည်းထားသောMNDAAတပ်ဖွဲ့သည် ဗမာလူမျိုးများ၏ ထောက်ခံမှုကို ရရှိခဲ့သည်ဟုပြသနေကြောင်း MNDAAက ထုတ်ပြန်သည်။

(MNDAAထံ အလှူငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ - The Kokang)
(MNDAAထံ အလှူငွေပေးအပ်ပွဲ အခမ်းအနားပြုလုပ်နေစဉ်။ ဓာတ်ပုံ – The Kokang)

တော်လှန်ရေးရည်မှန်းချက်လည်း ဗမာပညာရှိသူတို့၏ထောက်ခံမှုရရှိပြီး MNDAA လုပ်ဆောင်လာသော စစ်ပွဲလမ်းကြောင်းလည်း ဗမာလူမျိုးအများစု၏ထောက်ခံမှုကိုရရှိကြောင်း၊ လက်ရှိ ၁၀၂၇စစ်ဆင်ရေး Operationကြီး လုပ်ဆောင်မှုတစ်ဖြည်းဖြည်းရင့်ကျက်လာသည်နှင့်တပြိုင်နက် ပြည်သူလူထုအားလုံးမှ ပူးပေါင်းပြီး စစ်အာဏာရှင်စနစ်ကိုတိုက်ဖျက်ခြင်းဟာ စိတ်ကူးယဉ်သာမဟုတ်တော့ဘဲ နောက်ဆုံး အောင်မြင်မှု ရရှိနိုင်ကြောင်း ဖော်ပြသည်။

MNDAA နှင့် မဟာမိတ်တပ်ပေါင်းစုတို့သည် ဆက်လက်ကြိုးစားပြီး တော်လှန်‌ရေးပန်းတိုင်သို့ လျင်မြန်စွာလျှောက်လှမ်းလာပြီး ပြည်ထောင်စုတိုင်းရင်းသားပြည်သူလူထုအားလုံး၏ ပြေလည်မှု ၊ကိုယ်ပိုင်းအုပ်ချုပ်ခွင့် ၊ အပြန်အလှန်လေးစားမှုနှင့် ဖွင့်ဖြိုးတိုးတက်သောလမ်းကြောင်းများ ဖော်ဆောင်လာနိုင်ရန်မျော်လင့်ကြောင်း MNDAAက ထုတ်ပြန်သည်။

တစ်ပြည်လုံးရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုတို့နှင့် ပူးပေါင်း ပြီး အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ဖျက်ကာ စစ်မှန်သည့် ပြည်ထောင်စုဒီမိုကရက်စီနိုင်ငံတော်ကို ထူထောင်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)နဲ့ တအာင်းတပ်မတော်(TNLA)တို့ဟာ မကြာသေးမီက အချင်းချင်း တိုက်ပွဲတွေဖြစ်ခဲ့ပေမယ့် မဟာမိတ် အာရက္ခတပ်တော်(AA) ရဲ့ ဒီကနေ့ ကျရောက်တဲ့ တပ်မွေးနေ့ကို နှစ်ဖွဲ့ ပူးပေါင်းပြီး ဂုဏ်ပြု သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

ဆောင်းပါး

MNDAAရဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲကနေ ‌ထွက်ပြေးသွားတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးဟာ သမ္မတဘွဲ့ခံ အာဏာသိမ်းခေါင်း‌ဆောင်ရဲ့ မြှောက်စားမှုနဲ့အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဖြစ်လာပါပြီ။

သတင်း

တအာင်းတပ်မတော်(TNLA) နဲ့ကိုးကန့်တပ်မတော်(MNDAA)တို့ နှစ်ဖက် အပစ်ရပ်ဖို့ သဘောတူညီမှုရခဲ့တယ်လို့ TNLAပြောရေးဆိုခွင့် ရှိသူ လွေးယေဦးက မတ်လ ၂၁ရက် နေ့လည်ပိုင်းမှာ People's Spring ကို​ပြောပါတယ်။