Connect with us

Hi, what are you looking for?

သတင်း

လှိုင်သာယာမြို့နယ်ရှိ MOGEဂက်စ်ပိုက်လိုင်းနှင့် စစ်ဆေးရေးဂိတ်ကို မြောက်ပိုင်းခရိုင်ပကဖ ဖောက်ခွဲတိုက်ခိုက်

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ခဲ့သည်မှာ မှန်ကန်ပြီး လူထိခိုက်မှုမရှိကြောင်း လှိုင်သာယာကင်းထောက်ချန်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(လှိုင်သာယာမြို့နယ်အဝင်တနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(လှိုင်သာယာမြို့နယ်အဝင်တနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - PS)

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိသည့် စစ်ရေးပစ်မှတ် နေရာနှစ်ခုကို ဖောက်ခွဲတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ကြောင်း မြောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့က လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၂၂ ရက် ည ၈နာရီခန့်တွင် လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ငါးမန်းတံတားအနီးရှိ MOGE ဂက်စ်ပိုက်လိုင်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လှိုင်သာယာ အနောက်ပိုင်းမြို့နယ် သောင်ကြီးရဲစခန်းအနီး စစ်ကောင်စီတပ်သားများ အစစ်အဆေးပြုလုပ်လေ့ရှိသည့်နေရာကို ည၉ နာရီခန့်တွင် မိနစ်ပိုင်းခြား၍ နှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ပိုင်းခရိုင်ပကဖက ဆိုသည်။

အ‌ထက်ပါ နေရာနှစ်ခုအပြင် လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ဘုရင့်နောင်တံတားအဆင်း စစ်ကောင်စီတပ်သားများ အစစ်အဆေးပြုလုပ်သော နေရာကို ဖောက်ခွဲတိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း လမ်းသွားလမ်းလာပြည်သူတစ်ဦးက ချထားသောမိုင်းကို ကောက်ယူသောကြောင့် ပြည်သူထိခိုက်မည်စိုး၍ မစ်ရှင်ဖျက်သိမ်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“အများပြည်သူများအနေဖြင့် မိမိနှင့်သက်ဆိုင်မှုမရှိ‌သော ပစ္စည်းများကို ကောက်ယူကိုင်တွယ်ခြင်းမပြုလုပ်ကြရန်နှင့် စစ်ကောင်စီတပ်သားများ ဒေါက်တိုင်များ အထိုင်ကင်းများရှိရာနေရာများနှင့် ဝေးရာတွင် နေထိုင်ပေးကြရန် အသိပေးတိုက်တွန်းအပ်ပါသည်”ဟု မြောက်ပိုင်းခရိုင်ပကဖက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ခဲ့သည်မှာ မှန်ကန်ပြီး လူထိခိုက်မှုမရှိကြောင်း လှိုင်သာယာကင်းထောက်ချန်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်အနီးမှာလုံထန်ပြည်သူ့စစ်ခေါင်းဆောင်ရဲ့ချွေးမက မူးယစ်ဆေးကြောင်ပြီး ကားမောင်းလာစဉ် MNDAAနဲ့ AA တပ်ဖွဲ့ဝင်တွေကတားဆီးချိန်ဂိတ်ကိုတိုက်ပြီးမောင်းပြေးရာ ​သေနတ်နဲ့ပစ်ခတ်လိုက်တဲ့အတွက်သေဆုံးသွားတယ်လို့သိရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook