Connect with us

Hi, what are you looking for?

သတင်း

လှိုင်သာယာမြို့နယ်ရှိ MOGEဂက်စ်ပိုက်လိုင်းနှင့် စစ်ဆေးရေးဂိတ်ကို မြောက်ပိုင်းခရိုင်ပကဖ ဖောက်ခွဲတိုက်ခိုက်

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ခဲ့သည်မှာ မှန်ကန်ပြီး လူထိခိုက်မှုမရှိကြောင်း လှိုင်သာယာကင်းထောက်ချန်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(လှိုင်သာယာမြို့နယ်အဝင်တနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(လှိုင်သာယာမြို့နယ်အဝင်တနေရာအား တွေ့ရစဥ်။ ဓာတ်ပုံ - PS)

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိသည့် စစ်ရေးပစ်မှတ် နေရာနှစ်ခုကို ဖောက်ခွဲတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ကြောင်း မြောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့က လူထုနွေဦးသို့ ပြောသည်။

ဇန်နဝါရီ ၂၂ ရက် ည ၈နာရီခန့်တွင် လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ငါးမန်းတံတားအနီးရှိ MOGE ဂက်စ်ပိုက်လိုင်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လှိုင်သာယာ အနောက်ပိုင်းမြို့နယ် သောင်ကြီးရဲစခန်းအနီး စစ်ကောင်စီတပ်သားများ အစစ်အဆေးပြုလုပ်လေ့ရှိသည့်နေရာကို ည၉ နာရီခန့်တွင် မိနစ်ပိုင်းခြား၍ နှစ်ကြိမ်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ပိုင်းခရိုင်ပကဖက ဆိုသည်။

အ‌ထက်ပါ နေရာနှစ်ခုအပြင် လှိုင်သာယာအရှေ့ပိုင်းမြို့နယ် ဘုရင့်နောင်တံတားအဆင်း စစ်ကောင်စီတပ်သားများ အစစ်အဆေးပြုလုပ်သော နေရာကို ဖောက်ခွဲတိုက်ခိုက်ရန် ပြင်ဆင်ထားသော်လည်း လမ်းသွားလမ်းလာပြည်သူတစ်ဦးက ချထားသောမိုင်းကို ကောက်ယူသောကြောင့် ပြည်သူထိခိုက်မည်စိုး၍ မစ်ရှင်ဖျက်သိမ်းခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“ အများပြည်သူများအနေဖြင့် မိမိနှင့်သက်ဆိုင်မှုမရှိ‌သော ပစ္စည်းများကို ကောက်ယူကိုင်တွယ်ခြင်းမပြုလုပ်ကြရန်နှင့် စစ်ကောင်စီတပ်သားများ ဒေါက်တိုင်များ အထိုင်ကင်းများရှိရာနေရာများနှင့် ဝေးရာတွင် နေထိုင်ပေးကြရန် အသိပေးတိုက်တွန်းအပ်ပါသည်” ဟု မြောက်ပိုင်းခရိုင်ပကဖက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ခဲ့သည်မှာ မှန်ကန်ပြီး လူထိခိုက်မှုမရှိကြောင်း လှိုင်သာယာကင်းထောက်ချန်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်ခံရပြီးနောက်ခေတ္တပိတ်ထားရတဲ့ ကံတလူဂိတ် ပြန်ဖွင့်နေလို့ လင်းယုန်ညီနောင်အဖွဲ့က ဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့အဝင် စစ်ဆေးရေးဂိတ် ၃ဂိတ်ကို တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဝင် ၃ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ခမရ(၁၅)တပ်ရင်းအနီး လယ်သစ်ကျေးရွာကစစ်ကောင်စီရဲ့စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိကြောင်း Zeroပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းကို ပို့မယ့် ဆီဘောက်ဆာကား ၄ စီးဟာ စစ်ကောင်စီရဲ့စစ်ဆေးဂိတ်ကို ဖြတ်ဖို့ စောင့်ဆိုင်းနေစဉ် အမရပူရမြို့နယ်၊ တော်လှကျေးရွာမှာ အပူလွန်ကဲပြီး မီးလောင်သွားပါတယ်။

Facebook