Connect with us

Hi, what are you looking for?

သတင်း

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာထိုင်းကုန်စည်တွေဖမ်းဆီးမှုတင်းကျပ်

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

ညောင်ခါးရှည်စစ်ဆေးဂိတ်မှာ စစ်ဆေးနေပုံ ( ပုံဟောင်း)ဓာတ်ပုံ - စစ်တပ်ပြန်ကြားရေး

စက်တင်ဘာ – ၁၃ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

ညောင်ခါးရှည်ကျေးရွာမှာရှိတဲ့ စစ်ဆေးရေးဂိတ်မှာ နေပြည်တော်ကနေ လာတဲ့စစ်ဆေးရေးအဖွဲ့ကစက်တင်ဘာလဆန်းပိုင်းကစတင်ပြီး ကုန်ကား၊ ခရီးသည်တင်ကားနဲ့ အိမ်စီးကားအားလုံးကို တင်းတင်းကျပ်ကျပ်စစ်ဆေးခဲ့တာပါ။

ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတာကိုတွေ့ရင် သိမ်းဆည်းတဲ့အပြင် ကားတွေကိုပါ သိမ်းယူလိုက်တယ်လို့ ညောင်ခါးရှည်ဂိတ်ကို ဖြတ်သန်းသွားလာသူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ထိုင်းကုန်ပစ္စည်းတင်ဆောင်လာတဲ့ ခရီးသည်တင်ကားနဲ့ ကုန်ကား အစီးရေ ၁၀၀ ခန့်ကို ထိုင်းကုန်ပစ္စည်းနဲ့အတူ အခုလဆန်းပိုင်းမှာ ဖမ်းဆီးသိမ်းဆည်းထားတယ်လို့သိရပါတယ်။

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်ဝင်းထဲမှာ ဖမ်းဆီးသိမ်းဆည်းရမိတဲ့ ထိုင်းကုန်ပစ္စည်းတွေနဲ့ အကောက်ခွန်မဲ့ပစ္စည်းတွေသယ်ဆောင်လာတဲ့ကားတွေ အများအပြားဖမ်းထားတာပါ။

အဲဒီလို ဖမ်းဆီးသိမ်းဆည်းထားတာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ ပဲခူး တိုင်းအစိုးရအဖွဲ့က မကြာခဏလေလံတင်ပြီး ပြန်လည်ရောင်းချတာကြောင့်ပစ္စည်းဆုံးရှုံးမခံလိုတဲ့ကုန်သည်တချို့က လေလံပြန်ဆွဲဝယ်ယူနေကြတာတွေ ရှိပါတယ်။

ညောင်ခါးရှည်စစ်ဆေးရေးဂိတ်သာမကာ မွန်ပြည်နယ် သထုံ၊ ဘီးလင်း၊ ကျိုက်ထို၊ ကျိုက်မရောမြို့နယ်နဲ့ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ထဲမှာလည်း ပြီးခဲ့တဲ့ ဩဂုတ်လကုန်နဲ့ စက်တင်ဘာလပထမပတ်အတွင်း ထိုင်းကုန်ပစ္စည်းတွေကို စစ်တပ်ကအရှိန်မြှင့်ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးခံရရငကုန်ပစ္စည်းတွေနဲ့ကားကိုပါသိမ်းရုံတင်မကဘဲလူကိုပါ တရားစွဲထောင်ချတာတွေ လုပ်ဆောင်တာလို့ ကုန်ကားသမားသတင်းရင်းမြစ်အချို့ကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရေဘေးနဲ့မြေပ်ြိမှုဘေးကြုံတွေ့နေတဲ့ လောင်းလုံမြို့နယ်ကျောက်နီမော်ရွာကိုသွားရောက်တဲ့လူမှုကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့ကိုစစ်တပ်ကဖမ်းဆီးထားတယ်လို့သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ အင်းတော်ကြီးမြို့က စစ်တပ်ရဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီးက ဂျိတ်လင်းစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီ(SNA) တပ်ဖွဲ့ဝင် အချင်းချင်း ရန်ဖြစ်ပြီး လက်ပစ်ဗုံးပေါက်ကွဲလို့ ရှမ်းနီတပ်ဖွဲ့ဝင် ၅ဦး သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။