Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

လှိုင်သာယာမြို့နယ် အမှတ်(၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်တစ်ဦး တို့ ရှင်းလင်းခံရ

အုပ်ချုပ်ရေးမှုးများကို ပစ်ခတ်သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ ကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးသောကြောင့် မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို အတည်မပြုနိုင်သေးပေ။

(လှိုင်သာယာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် မဝင်ရောက်နိုင်စေရန် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများက အကာအရံများဖြင့် ပိတ်ဆို့ထားသည်ကို ၂၀၂၁ မတ်လ၁၇ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ-EPA)
(လှိုင်သာယာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် မဝင်ရောက်နိုင်စေရန် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများက အကာအရံများဖြင့် ပိတ်ဆို့ထားသည်ကို ၂၀၂၁ မတ်လ၁၇ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ-EPA)

အကြမ်းဖက်စစ်ကောင်စီက ဆိုင်ကယ်စီးလာသူနှစ်ဦးကိုမသင်္ကာဟုဆိုကာ ပစ်ခတ်ဖမ်းဆီး၍ တစ်ဦးသေဆုံး

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အမှတ် (၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်တစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း HTY Information က သတင်းဖော်ပြထားသည်။

ဇူလိုင် ၁၈ ရက် ည ၉နာရီခွဲခန့်တွင် ‌ဈေးလေးမှတ်တိုင်အနီး၌ (၆)ရပ်ကွက် အုပ်ချုပ်ရေးမှူး ကျော်စိုးထွန်းနှင့် ၎င်း၏နောက်လိုက် ဖိုးထူးတို့ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို HTY Information က ဖော်ပြထားသည်။

“လှိုင်သာယာ တစ်မြို့လုံး သေနတ်သံတွေပါပဲ။မြို့ဝင်၊မြို့ထွက် ပိတ်ဆို့ စစ်ဆေးနေပါတယ်။ဒါပြင် လှိုင်သာယာရဲ့ လမ်းဆုံ၊လမ်းဂွ အဓိက နေရာတွေမှာ လဲ စစ်ဆေးတင်းကျပ်ထားပါတယ်” ဟု လှိုင်သာယာဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ည ၁၁နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီက ဆိုင်ကယ်စီးလာသူ နှစ်ဦးကို မသင်္ကာဟုဆိုကာ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သောကြောင့် တစ်ဦးသေဆုံးသွားကြောင်း HTY Information က ထပ်မံဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

HTY Information သည် လှိုင်သာယာမြို့နယ်အတွင်း ဖြစ်ပျက်သည့် ကိစ္စများကို ဖော်ပြပေးနေသည့် သတင်းစာမျက်နှာဖြစ်သည်။

အုပ်ချုပ်ရေးမှုးများကို ပစ်ခတ်သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ ကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးသောကြောင့် မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို အတည်မပြုနိုင်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

အုပ်ချုပ်ရေးမှူးများက နှုတ်ထွက်စာတင်သော် လည်း စစ်ကောင်စီဘက်မှ ထွက်ခွင့်မပြုသောကြောင့် တိမ်းရှောင်သွားသူလည်း ရှိကြောင်း ၎င်းက ဆိုသည်။

သတင်း

စကခ(၁၆)လက်အောက်ခံ တပ်ရင်း(၆၉)မှ တပ်ရင်းမှူးကိုလည်း နိုဝင်ဘာလ ၂၇ ရက်နေ့က တိုက်ပွဲတွင် စစ်သုံ့ပန်အဖြင့် ဖမ်းမိထားကြောင်း MNDAA က ရှင်းပြထားသည်။

သတင်း

စဥ့်ကူးမြို့နယ်တွင် အောက်တိုဘာ ၁၇ ရက်ကလည်း ငှက်စားကျေးရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်ခတ်ရှင်းလင်းခံခဲ့ရသေးသည်။