Connect with us

Hi, what are you looking for?

သတင်း

လှိုင်သာယာမြို့နယ် အမှတ်(၆)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်တစ်ဦး တို့ ရှင်းလင်းခံရ

အုပ်ချုပ်ရေးမှုးများကို ပစ်ခတ်သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ ကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးသောကြောင့် မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို အတည်မပြုနိုင်သေးပေ။

(လှိုင်သာယာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် မဝင်ရောက်နိုင်စေရန် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများက အကာအရံများဖြင့် ပိတ်ဆို့ထားသည်ကို ၂၀၂၁ မတ်လ၁၇ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ-EPA)
(လှိုင်သာယာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် မဝင်ရောက်နိုင်စေရန် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသူများက အကာအရံများဖြင့် ပိတ်ဆို့ထားသည်ကို ၂၀၂၁ မတ်လ၁၇ ရက်ကတွေ့ရစဉ်။ ဓာတ်ပုံ-EPA)

အကြမ်းဖက်စစ်ကောင်စီက ဆိုင်ကယ်စီးလာသူနှစ်ဦးကိုမသင်္ကာဟုဆိုကာ ပစ်ခတ်ဖမ်းဆီး၍ တစ်ဦးသေဆုံး

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် အမှတ် (၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်တစ်ဦး သေနတ်ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း HTY Information က သတင်းဖော်ပြထားသည်။

ဇူလိုင် ၁၈ ရက် ည ၉နာရီခွဲခန့်တွင် ‌ဈေးလေးမှတ်တိုင်အနီး၌ (၆)ရပ်ကွက် အုပ်ချုပ်ရေးမှူး ကျော်စိုးထွန်းနှင့် ၎င်း၏နောက်လိုက် ဖိုးထူးတို့ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို HTY Information က ဖော်ပြထားသည်။

“လှိုင်သာယာ တစ်မြို့လုံး သေနတ်သံတွေပါပဲ။မြို့ဝင်၊မြို့ထွက် ပိတ်ဆို့ စစ်ဆေးနေပါတယ်။ဒါပြင် လှိုင်သာယာရဲ့ လမ်းဆုံ၊လမ်းဂွ အဓိက နေရာတွေမှာ လဲ စစ်ဆေးတင်းကျပ်ထားပါတယ်” ဟု လှိုင်သာယာဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် ည ၁၁နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီက ဆိုင်ကယ်စီးလာသူ နှစ်ဦးကို မသင်္ကာဟုဆိုကာ သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သောကြောင့် တစ်ဦးသေဆုံးသွားကြောင်း HTY Information က ထပ်မံဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

HTY Information သည် လှိုင်သာယာမြို့နယ်အတွင်း ဖြစ်ပျက်သည့် ကိစ္စများကို ဖော်ပြပေးနေသည့် သတင်းစာမျက်နှာဖြစ်သည်။

အုပ်ချုပ်ရေးမှုးများကို ပစ်ခတ်သည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ ကလည်း သတင်းထုတ်ပြန်ခြင်းမရှိသေးသောကြောင့် မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို အတည်မပြုနိုင်သေးပေ။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

ရန်ကုန်မြို့မှာ စစ်တပ်က ရပ်ကွက်တစ်ခုကို လူ ၁၀ ဦး ပေါ်တာဆွဲခေါ်ဆောင်ပေးဖို့ အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားထားတယ်လို့ အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။