Connect with us

Hi, what are you looking for?

သတင်း

စစ်မှုထမ်းဥပ​ဒေ၏ သက်ရောက်နိုင်မှုများကို ကုလလူ့အခွင့်အရေးကောင်စီ၊ ILO ညီလာခံတို့၌ NUG အစီရင်ခံမည်

လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်မှုများကို မှတ်တမ်းတင်၍ စစ်ရာဇဝတ်မှုကျုးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရန်၊ လိုအပ်သည့် နောက်ဆက်တွဲ ကာကွယ်မှုများ၊ ကူညီ ပံ့ပိုးမှုများပေးအပ်နိုင်ရန် တိုင်ကြားနိုင်မည့် နည်းလမ်းများကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

(စစ်​ကောင်စီက စစ်မှုမထမ်းမ​နေရ ဥပ​ဒေအ​ကြောင်းဝါဒဖြန့်စာများလိုက်လံဖြန့်​ဝေ​နေစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ/စစ်မှုထမ်း​စေခိုင်းခြင်းဆိုင်ရာ တိုင်ကြားရန်ပုံစံကိုNUG က ထုတ်ပြန်အသိ​ပေးထားမှု)
(စစ်​ကောင်စီက စစ်မှုမထမ်းမ​နေရ ဥပ​ဒေအ​ကြောင်းဝါဒဖြန့်စာများလိုက်လံဖြန့်​ဝေ​နေစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ/စစ်မှုထမ်း​စေခိုင်းခြင်းဆိုင်ရာ တိုင်ကြားရန်ပုံစံကိုNUG က ထုတ်ပြန်အသိ​ပေးထားမှု)

▪︎စစ်မှုမထမ်းမနေရဥပဒေအပေါ် နိုင်ငံတကာအသိုင်းအဝန်းက အာရုံစိုက်နေဟုNUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းက​ပြော

ယန်းဒီ/People’s Spring

အာဏာသိမ်းစစ်အုပ်စု အသက်သွင်းပြဌာန်းခဲ့သော စစ်မှုမထမ်းမနေရဥပဒေ(ပြည်သူ့စစ်မှုထမ်းဥပဒေ)အပေါ် နိုင်ငံတကာအသိုင်းအဝန်းက အာရုံစိုက်နေပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မေးမြန်းခြင်း၊ တိုင်ပင်ဆွေးနွေးခြင််းများ လုပ်ဆောင်နေကြောင်း သိရသည်။

အထက်ပါဥပဒေကို စစ်မှုထမ်းဥပဒေဟု စစ်အုပ်စုက သတ်မှတ်သော်လည်း လက်တွေ့တွင် တရားဝင်ပေါ်တာဆွဲရန် ပြဌာန်းလိုက်သော ဥပဒေဆိုးတစ်ရပ်ဖြစ်ပြီး ယင်းဥပဒေဆိုး၏ သက်ရောက်နိုင်မှုများကို မကြာမီကျင်းပမည့် ကုလသဂ္ဂလူ့အခွင့်အရေးကောင်စီ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့(ILO)ညီလာခံတို့၌ ယခင်ကတည်းက ပြည်သူလူထုအပေါ် စစ်အုပ်စု ချိုးဖောက်နေသော အဓမ္မလုပ်အားစေခိုင်းမှုကို တရားဝင်ဥပဒေပုံစံမျိုးဖြင့် လုပ်ဆောင်သည့်အရာမျိုးဖြစ်ကြောင်း သိစေရန် တင်ပြသွားမည်ဟု NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက People’s Spring-လူထုနွေဦးကို ပြောသည်။

“နိုင်ငံတကာကလည်း ဒါကို အာရုံစိုက်နေပါတယ်။ အာရုံစိုက်တယ်ဆိုတာက ဒါနဲ့ပတ်သက်ပြီး ဘာတွေဖြစ်လာနိုင်တယ်၊ ဘယ်လိုရည်ရွယ်ချက်လဲဆိုတာ ကျွန်တော်တို့နဲ့ လာရောက်မေးမြန်းတာ၊ တိုင်ပင်ဆွေးနွေးတာရှိပါတယ်။ အဲဒီတော့ နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှု၊ ဒါက လုံးဝလက်မခံသင့်ဘူးဆိုတဲ့အချက်တွေ ရရှိဖို့အတွက် လာမယ့် မတ်လအတွင်းမှာ ကျင်းပမယ့် နိုင်ငံတကာညီလာခံတွေမှာ ကျွန်တော်တို့ တက်ရောက်ပြောဆိုတာတွေ၊ တင်ပြတာတွေ လုပ်ဆောင်မှာပါ။ ဒီအတွက်ကြောင့် ဒါကို အမြန်ဆုံးရပ်တန့်ဖို့ လုပ်ဆောင်တာတွေ ဆက်လက်လုပ်သွားမှာဖြစ်ပါတယ်” ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

စစ်အုပ်စု၏ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ NUG အစိုးရ၏ ဝန်ကြီးဌာနအသီးသီး လုပ်နိုင်သည့် ကိစ္စများကို လုပ်ဆောင်နေပြီး လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနကလည်း စစ်အုပ်စုအနေဖြင့် ၎င်းတို့ထုတ်ပြန်ခဲ့သော ဥပဒေကို အသုံးချကာ လူ့အခွင့်အရေးချိုးဖောက်မှုများကို သတင်းပေးပို့ တိုင်ကြားနိုင်ကြောင်း ကြေညာသည်။

“အကြမ်းဖက်စစ်အုပ်စုက သူတို့ လိုတဲ့အချိန်မှာ လူ့အခွင့်အရေးချိုးဖောက်ဖို့၊ အထူးသဖြင့် ပေါ်တာ ဖမ်းဆီးခြင်း၊ နှိပ်စက်ညှင်းပမ်းခြင်းဆိုတဲ့ လူ့အခွင့်အရေးချိုးဖောက်ဖို့အတွက် ဒီဥပဒေကို ပြဌာန်းတယ်လို့ ကျွန်တော်တို့ လက်ခံပါတယ်။ ဒါကြောင့်မို့ လူ့အခွင့်အရေးရှုထောင့်အရ ဒီလိုမျိုးဖြစ်လာရင် တိုင်ကြားနိုင်ဖို့အတွက် တိုင်ကြားမှုဖောင်ကို ကျွန်တော်တို့ လုပ်တယ်။ ဒါတွေ လုပ်ဆောင်ခြင်းအားဖြင့် အကြမ်းဖက်စစ်အုပ်စုကနေ ဆက်လက်ပြီး ကျူးလွန်မယ့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ အထူးသဖြင့် လူငယ်တွေအားလုံးကို တရားဝင်ပေါ်တာထမ်းဖို့အတွက် စေခိုင်းမှုတွေ၊ စစ်တပ်အတွင်းမှာ ထပ်မံနှိပ်စက်ညှင်းပမ်းမှုတွေကို စုဆောင်းမယ်၊ စုဆောင်းပြီးတော့ ဒါတွေကို တကယ့် ရာဇဝတ်မှု ကျူးလွန်တယ်။ နိုင်ငံတကာ လူ့အခွင့်အရေးတွေကို ချိုးဖောက်နေတယ်ဆိုတာ တင်ပြနိုင်ဖို့အတွက် အခုလိုမျိုး တိုင်ကြားမှု ယန္တရားကို တည်ဆောက်ပြီးတော့ ဖိတ်ခေါ်တာ ဖြစ်ပါတယ်” ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ရှင်းပြသည်။

လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်မှုများကို မှတ်တမ်းတင်၍ စစ်ရာဇဝတ်မှုကျုးလွန်သူများကို ထိရောက်စွာ အရေးယူနိုင်ရန်၊ လိုအပ်သည့် နောက်ဆက်တွဲ ကာကွယ်မှုများ၊ ကူညီ ပံ့ပိုးမှုများပေးအပ်နိုင်ရန် တိုင်ကြားနိုင်မည့် နည်းလမ်းများကို NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

ချိုးဖောက်မှုများအား တိုင်ကြားနိုင်ရန် နည်းလမ်းများအနေဖြင့် အင်တာနက်စာမျက်နှာ https://mohr.nugmyanmar.org/forced-military-service-call/ ကို ဖွင့်လှစ်ထားရှိ၍ လည်းကောင်း၊ link မှတဆင့် တိုင်ကြားရန် အခက်အခဲရှိသော ပြည်သူများအနေဖြင့် နမူနာ တိုင်ကြားစာပါ အချက်အလက်များကို ဖြည့်စွက်၍ ဝန်ကြီးဌာန social media channel များမှတဆင့်လည်းကောင်း တိုင်ကြားမှု လွယ်ကူ အဆင်ပြေစေရန် ပြင်ဆင်ထားသည်ဟု အသိပေးသည်။

“အကြမ်းဖက်စစ်အုပ်စုက သူတို့ရဲ့ တနေ့တခြားလျှော့ပါးလာတဲ့ စစ်အင်အားတွေကို အစားထိုးဖို့ရယ်၊ နောက်တစ်ခါ တော်လှန်ရေး အင်အားစုတွေကို ဖြိုခွင်းဖို့ရည်ရွယ်ချက်တွေပါတယ်။ နောက်တစ်ခုက အခုအချိန်မှာ သူတို့အချင်းချင်းဖိနှိပ်မှုကြောင့် မခံနိုင်လို့ ထွက်ပြေးနေတဲ့ စစ်ပြေးတွေ ၊ ခိုလှုံလာတဲ့သူတွေ ရှိနေသည့်ကာလအတွင်းမှာ အခုလိုမျိုး တပ်ထဲခေါ်ခြင်းက နောက်ထပ်ပိုမိုဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊​အထူးသဖြင့် အဓမ္မလုပ်အားစေခိုင်းမှုတွေ နောက်ပြီးရင် အတင်းအကြပ် လူသတ်ကွင်းထဲမှာ လူသားမိုင်းအဖြစ် စေခိုင်းမှုတွေ ဒါတွေဖြစ်လာနိုင်ပါတယ်” ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ပြောသည်။

ဆက်လက်၍ စစ်အုပ်စု၏ စစ်မှုထမ်းဥပဒေမှာ“ကျောင်းသားလူငယ်တွေ နောက်ထပ်မျိုးဆက်တစ်ခုလုံးကို အန္တရာယ်ကျရောက်နိုင်တဲ့ ရာဇဝတ်မှုတွေ ဒီလောက်အထိ ကျူးလွန်တဲ့ရည်ရွယ်ချက်တွေ ဖြစ်တယ်။ ဖြစ်လည်းဖြစ်လာနိုင်တယ်လို့ ယူဆပါတယ်” ဟု ဝန်ကြီးဦးအောင်မျိုးမင်းက မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းက လူငယ်လူရွယ်တွေ ဇာတိမြေကို စွန့်ခွာနေချိန်မှာပဲ အာဏာသိမ်းခေါင်းဆောင်က အဲဒီဥပဒေကို ဆက်လက်ကျင့်သုံးမယ်လို့ အသိပေးပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။