Connect with us

Hi, what are you looking for?

News

မဲဆွယ်ယာဉ်တန်းကို နှုတ်ဆက်လို့ ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုပြီး သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်

စွဲချက်တင်တဲ့အပေါ် သမ္မတ ရော ၊ဒေါ်အောင်ဆန်းစုကြည်ကပါ သူတို့မှာ အပြစ်မရှိကြောင်း တရားရုံးမှာ ထွက်ဆိုတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ကိုဗစ်စည်းကမ်း ချိုးဖောက်တယ်ဆိုပြီး သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ပုဒ်မ ၂၅ နဲ့ တရားရုံးကစွဲချက်တင်ဖို့အမိန့်ချလိုက်ပါတယ်။

ဒီနေ့ အောက်တိုဘာ ၁၁ ရက် မနက် ၁၀ နာရီ ခွဲက နေပြည်တော်ကောင်စီအထူးတရားရုံးမှာ ဒီအမှုတွေကို စွဲချက်တင်ဖို့ တရားသူကြီးက အမိန့်ချ တာလို့ ရှေ့နေ တွေဆီကသိရပါတယ်။

စွဲချက်တင်တဲ့အပေါ် သမ္မတ ရော ၊ဒေါ်အောင်ဆန်းစုကြည်ကပါ သူတို့မှာ အပြစ်မရှိကြောင်း တရားရုံးမှာ ထွက်ဆိုတယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

စွဲချက်တင်ပြီးတဲ့နောက်မှာတော့ ဒီအမှုနဲ့ပတ်သက်ပြီး ရဲမှူးကြီးမြင့်နိုင်နဲ့ ရဲအရာရှိ လှိုင်ဝင်းတို့ကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးဖို့ ခေါ်ထားတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ပို့ကုန်သွင်းကုန်ဥပဒေ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှုကို စစ်ဆေးရာ ဆက်သွယ်ရေးဝန်ကြီးဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဦးစည်သူအောင် က တရားလိုသက်သေအဖြစ် လာရောက်ထွက်ဆိုပါတယ်။

နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်နေအိမ်မှာ စကားပြောစက်တွေ နဲ့ Jammer တွေ တွေ့တယ်ဆိုပြီး ပို့ကုန်သွင်းကုန်ဥပဒေ ၊ဆက်သွယ်ရေးဥပဒေတွေနဲ့ တရားစွဲထားတာပါ။

အဲဒီအမှုမှာ တရာလိုသက်သေအဖြစ် လာရောက်ထွက်ဆိုသူ လက်ထောက် ညွှန်ကြားရေးမှူး ဦးစည်သူအောင် က Jammer ကိစ္စသာ တရားရုံးမှာ သက်သေထွက်ဆိုတယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်သွင်းကုန်ဥပဒေ ၊ဆက်သွယ်ရေးဥပဒေတွေ နဲ့ စွဲချက် တင်မတင် ကိုတော့ ဒီတပတ်ရုံးချိန်းမှာ မဆုံးဖြတ်တော့ဘဲ လာမယ့်အပတ်ကို ရွှေ့လိုက်တယ်လို့ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ဒီနေ့ သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက် တင်တဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ပုဒ်မ ၂၅ ကတော့ ရွေးကောက်ပွဲကာလမှာ မဲဆွယ်စည်းရုံးရေး ယာဉ်တန်းကို ထွက်နှုတ်ဆက်လို့ ဆိုကာ စစ်ကောင်စီက စွဲဆိုထားတာပါ။

ဒီပုဒ်မဟာ ထောင်ဒဏ် ၃ နှစ်အထိ ချနိုင်တဲ့ ပုဒ်မလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆ Views: 52

ဆောင်းပါး

ကဖေး/People’s Spring သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်းဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။ ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်းသားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။ ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအတိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း...

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။