Connect with us

Hi, what are you looking for?

News

ကျန်းမာရေးကြောင့် နှစ်ပတ်တကြိမ်သာ အမှုတွေကို စစ်ပေးဖို့ဒေါ်အောင်ဆန်းစုကြည်ရဲ့ လျှောက်ထားချက် တရားရုံးပယ်ချ

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဟာ ပုဒ်မ ၁၁ ခုနဲ့ တရားစွဲထားတာဖြစ်ပြီး ပုဒ်မ ၅၀၅(ခ) နဲ့ သဘာဝဘေး ဥပဒေ နဲ့စွဲဆိုထားတဲ့အမှု တွေကို အပတ်စဉ် တနလာင်္နဲ့ အင်္ဂါနေ့တွေမှာစစ်ဆေးတာပါ။

နေ့တိုင်းနီးပါး ရုံးထုတ်စစ်ဆေးနေတာကြောင့် ကျန်းမာရေးအခြေအနေအရ အမှုတွေကို ၂ ပတ်တကြိမ် စစ်ဆေးပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့လျှောက်ထားမှုကို တရားရုံးက လက်မခံဘဲ ပယ်ချလိုက်ပါတယ်။

ဒီနေ့အောက်တိုဘာလ ၁၁ ရက်က နေပြည်တော်ကောင်စီအထူးတရားရုံးမှာ ဒီလျှောက်ထားမှုကို တရားသူကြီးက ဆုံးဖြတ်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ အပတ်စဉ် နေ့တိုင်းနီးပါး ရုံးထုတ်ခံနေရတဲ့အတွက် ကျန်းမာရေးအခြေအနေ ထိခိုက်နေပုံရတယ်လို့ ရှေ့နေ တွေက ပြောထားပါတယ်။

ပုံမှန်အားဖြင့် တပတ်ကို ပုံမှန် ၄ ရက်နီးပါး ရုံးထုတ်ထွက်နေရပါ။

Public Service Announcement

Public Service Announcement

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဟာ ပုဒ်မ ၁၁ ခုနဲ့ တရားစွဲထားတာဖြစ်ပြီး ပုဒ်မ ၅၀၅(ခ) နဲ့ သဘာဝဘေး ဥပဒေ နဲ့စွဲဆိုထားတဲ့အမှု တွေကို အပတ်စဉ် တနလာင်္နဲ့ အင်္ဂါနေ့တွေမှာစစ်ဆေးတာပါ။

ကြာသပတေးနေ့မှာ အစိုးရလျှို့ဝှက်ချက်ဥပဒေ နဲ့စွဲဆိုထားတဲ့အမှုကိုစစ်ဆေးပါတယ်။

အဂတိပုဒ်မ နဲ့ စွပ်စွဲခံရတဲ့အမှုကို တပတ်ခြားတခါ သောကြာနေ့တိုင်းစစ်ဆေးဖို့ တရားရုံးက ဆုံးဖြတ်ထားတာပါ။

ဒါအပြင် လေယာဉ်ဌားစီးရာမှာ ဌားရမ်းထားတဲ့အချိန်ပြည့်အောင်မစီးလို့ တိုင်းပြည်ဘဏ္ဍာငွေ နစ်နာတယ်ဆိုပြီး ထပ်မံတရားစွဲဆိုပြီး ပုဒ်မ ထပ်တိုးဖို့ စစ်ကောင်စီက ကြံစည်နေတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

“နိုင်ငံတစ်နိုင်ငံရဲ့ အမှန်တကယ်အခြေအနေကို သိချင်ရင် အဲဒီနိုင်ငံရဲ့ ထောင်တွေထဲကို ဝင်ကြည့်ရမယ်”

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ ဩဂုတ် ၃ရက် တွေ့ဆုံမှုကို ကြိုဆိုကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အပြည့်အ၀ ပြန်လွှတ်ပေးရန် တောင်းဆိုချက်ကို ထပ်လောင်းအတည်ပြုတယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

သတင်း

​ဒေါ်​အောင်ဆန်းစုကြည် နဲ့ ICRC ​တွေ့ဆုံမှုဟာသူမအသက်ရှင်လျက်ရှိ​ကြောင်းအတည်ပြုနိုင်တဲ့သက်​သေအ​ထောက်အထား​ဖြစ်​ပေမယ့် ထိုလုပ်ရပ်တစ်ခုတည်းဖြင့်မလုံ​လောက်ဘဲ ​ဒေါ်​အောင်ဆန်းစုကြည်အပါအဝင် မတရား ဖမ်းဆီးခံထားရသူ​တွေအားလုံးကို ချက်ချင်းပြန်လွှတ်​ပေးရန် ဗြိတိန် အစိုးရကဒီက​​နေ့ ထပ်မံ​တောင်းဆိုလိုက်ပါတယ် ။