Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန်က အစ္စရေး သံရုံးရှေ့မှာ လူတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့

သံရုံးကတော့ အခုဖြစ်စဉ်မှာ ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ဘူးလို့ ကြေညာခဲ့ပါတယ်။ အခုကိစ္စမှာ ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့တာဟာ ဂါဇာစစ်ပွဲနဲ့ ပတ်သက်လို့ အစ္စရေးကို ဆန္ဒပြတာလား၊ တခြားရည်ရွယ်ချက် တစ်ခုခုကြောင့်လား ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။

အမေရိကန်က အစ္စရေး သံရုံးရှေ့မှာ လူတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့
အမေရိကန်က အစ္စရေး သံရုံးရှေ့မှာ လူတစ်ဦး ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့

အမေရိကန်နိုင်ငံဆိုင်ရာ အစ္စရေး သံရုံးရှေ့မှာ လူတစ်ဦးက ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

ဝါရှင်တန်ဒီစီ မြို့တော်က သံရုံးရှေ့မှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ နေ့လယ်ပိုင်းလောက်တုန်းက အခုလိုမျိုး ထိတ်လန့်စရာ အခြေအနေနဲ့ ကြုံခဲ့တာလို့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။ ဝါရှင်တန် ဒီစီ မြို့တော် မီးသတ်ဌာနက လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ အဲဒီ အမျိုးသားရဲ့ ခန္ဓာကိုယ်ပေါ်က မီးတွေကို ငြှိမ်းသတ်ပေးပြီးတဲ့နောက် ဆေးရုံကို အမြန်ဆုံး ပို့ဆောင်ခဲ့ကြောင်း ဆိုပါတယ်။ သူဟာ ခန္ဓာကိုယ်အနှံ့ အပြင်းအထန် မီးလောင်ပြီး အသက်အန္တရာယ် စိုးရိမ်ရနိုင်တဲ့ ဒဏ်ရာတွေ ရထားကြောင်းလည်း သိရပါတယ်။

ဝါရှင်တန်ဒီစီ ရဲတပ်ဖွဲ့က အခုဖြစ်စဉ်နဲ့ ပတ်သက်လို့ အထူးထောက်လှမ်းရေး အေးဂျင့်တွေနဲ့အတူ ပူးပေါင်းစုံစမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူ ဘယ်သူဘယ်ဝါ ဆိုတာကို အတိအကျ မထုတ်ပြန်ပေမယ့် သံရုံးဝန်ထမ်းတွေ သိကျွမ်းသူ တစ်ဦးလို့ အစ္စရေး သံရုံးက အတည်ပြုထားပါတယ်။

Public Service Announcement

Public Service Announcement

ကိုယ့်ကိုယ်ကိုယ် မီးရှို့သူနဲ့ ပတ်သက်တဲ့ မသင်္ကာစရာ ကားတစ်စီးကိုလည်း တွေ့ရှိခဲ့တဲ့နောက် ဗုံးရှင်းလင်းရေး အဖွဲ့တွေကို စေလွှတ်ခဲ့ပါတယ်။ ဒါပေမဲ့ ကားထဲမှာတော့ ဘယ်လို အန္တရာယ်ပေးနိုင်တဲ့ ပစ္စည်းမှ ရှိမနေခဲ့ပါဘူး။

သံရုံးကတော့ အခုဖြစ်စဉ်မှာ ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာမျိုး မရှိခဲ့ဘူးလို့ ကြေညာခဲ့ပါတယ်။ အခုကိစ္စမှာ ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့တာဟာ ဂါဇာစစ်ပွဲနဲ့ ပတ်သက်လို့ အစ္စရေးကို ဆန္ဒပြတာလား၊ တခြားရည်ရွယ်ချက် တစ်ခုခုကြောင့်လား ဆိုတာကို ကွဲကွဲပြားပြား မသိရသေးပါဘူး။

အမေရိကန်မှာရှိတဲ့ အစ္စရေး သံတမန်ရေးရာ မစ်ရှင်တွေရှေ့မှာ ကိုယ့်ကိုယ်ကိုယ် မီးတင်ရှို့တဲ့ ဖြစ်စဉ်မျိုးက ဒါဟာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ဒီဇင်ဘာလတုန်းကလည်း ဂျော်ဂျီယာ ပြည်နယ်မှာရှိတဲ့ အစ္စရေး ကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြသူ တစ်ဦးက ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ ရဲတွေက ဆန္ဒပြသူဟာ မီးရှို့ဖို့အတွက် ဓာတ်ဆီကို အသုံးပြုခဲ့ကြောင်းနဲ့ အနီးမှာ ပါလက်စတိုင်း အလံတစ်ခု တွေ့ရကြောင်း ကြေညာပါတယ်။ အသက်အန္တရာယ် အလေးအနက် စိုးရိမ်ရတဲ့ထိ အပြင်းအထန် ဒဏ်ရာရသွားခဲ့တဲ့ ဆန္ဒပြသူက အမျိုးသားလား၊ အမျိုးသမီးလား ဆိုတာကိုတော့ အဲဒီတုန်းက ရဲတွေက တိတိကျကျ မပြောခဲ့ပါဘူး။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။