Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့အရေးအပေါ် စင်ကာပူနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ အဆိုးမြင်

အမေရိကန်သည် မြန်မာစစ်တပ်နှင့် ၎င်း၏ကုမ္ပဏီများကို အရေးယူဒဏ်ခတ်မှုများ လုပ်ဆောင်ထားပြီး အခြားနိုင်ငံများအနေဖြင့် စစ်ကောင်စီကို လက်နက်ရောင်းချမှု ရပ်တန့်ရန် တိုက်တွန်းထားသည်။

မြန်မာ့အရေးအပေါ် စင်ကာပူနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ အဆိုးမြင်
မြန်မာ့အရေးအပေါ် စင်ကာပူနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ အဆိုးမြင်

▪️စစ်ကောင်စီကို ဆက်လက်ဖိအားပေးကြရန် ကန်နိုင်ငံခြားရေးဝန်ကြီးတိုက်တွန်း

၂၀၂၁ စစ်အာဏာသိမ်းချိန်မှစ၍ မြန်မာ့နိုင်ငံရေးအခြေအနေမှာ တိုးတက်လာသည့်လက္ခဏာမရှိကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘလာခရစ်ရှ်နန်က ပြောသည်။

ဝါရှင်တန်ခရီးစဥ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ရာ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးစလုံးက မြန်မာ့အရေးအပေါ် အဆိုးမြင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာ့အရေးတိုးတက်မှုမရှိသဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ အဆင့်မြင့်အရာရှိများနှင့် ပြန်လည်ထိတွေ့ဆက်ဆံရန် အချိန်မဟုတ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ သို့သော် လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံသည် မြန်မာနိုင်ငံရှိ ပါဝင်ပတ်သက်သူ stakeholder များ(အာဏာသိမ်းမှုကို ဆန့်ကျင်သည့် တော်လှန်ရေးအင်အားစုများကို ရည်ညွှန်း)နှင့် ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့ဆက်ဆံနေကြောင်း ၎င်းက ပြောသည်။

“အဆုံးသတ်မှာတော့ အားလုံးက စားပွဲဝိုင်းမှာထိုင်းပြီး ညှိနှိုင်းဆွေးနွေးရမှာပါ။ ဒါက ဘယ်လောက်ကြာမယ်ဆိုတာတော့ ကျွန်တော်မသိဘူး။ ပြီးခဲ့တဲ့အခေါက် မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးပုံစံကတော့ ၂၅ နှစ်ကြာခဲ့တယ်။ ဒီတစ်ခါ အဲဒီလောက်မကြာဘူးလို့ ကျွန်တော်မျှော်လင့်ပါတယ်”ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ ၎င်းအနေဖြင့် မြန်မာ့အရေးအပေါ် အဆိုးမြင်ကြောင်း ဖြည့်စွက်ပြောကြားသည်။

Public Service Announcement

Public Service Announcement

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးကလည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး၏ အမြင်ကို သဘောတူပြီး ဝါရှင်တန်အနေဖြင့် မြန်မာ့အရေးနှင့်ပတ်သက်၍ အာဆီယံ၏ကြိုးပမ်းအားထုတ်မှုကို အားပေးထောက်ခံကြောင်း ပြောသည်။

“ကျွန်တော်တို့အားလုံး စစ်ကောင်စီကို ထိုက်သင့်တဲ့ဖိအားပေးမှု ဆက်လက်လုပ်ဆောင်ဖို့ အရမ်းအရေးကြီးပါတယ်။ အတိုက်အခံ(တော်လှန်ရေးအင်အားစု)နဲ့လည်း ထိတွေ့ဆက်ဆံဖို့လည်း နည်းလမ်းတွေ ရှာဖွေရမှာပါ”ဟု ကန်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

အမေရိကန်သည် မြန်မာစစ်တပ်နှင့် ၎င်း၏ကုမ္ပဏီများကို အရေးယူဒဏ်ခတ်မှုများ လုပ်ဆောင်ထားပြီး အခြားနိုင်ငံများအနေဖြင့် စစ်ကောင်စီကို လက်နက်ရောင်းချမှု ရပ်တန့်ရန် တိုက်တွန်းထားသည်။

ပြီးခဲ့သည့် မေလတွင် ကုလသမဂ္ဂအထူးအစီရင်ခံတင်သွင်းသူက စင်ကာပူရှိ ကုမ္ပဏီများမှ မြန်မာစစ်တပ်ထံ အမေရိကန်ဒေါ်လာ ၂၅၄ သန်း တန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများကို ပို့ဆောင်ခဲ့ကြောင်း ဖော်ထုတ်အစီရင်ခံသည်။ ယင်းအစီရင်စာအပေါ် ဘလာခရစ်ရှ်နန်က စင်ကာပူ၏ မူဝါဒမှာ မြန်မာနိုင်ငံတွင် စစ်ပွဲများအတွင်း အသုံးပြုနိုင်သည့် စစ်လက်နက်ပစ္စည်းများကို တားဆီးပိတ်ပင်ရန် အကောင်းဆုံးလုပ်ဆောင်ထားပြီး ကုလသမဂ္ဂအထူးအစီရင်ခံတင်သွင်းသူ၏ တွေ့ရှိချက်များအပေါ် အရေးယူဆောင်ရွက်မည်ဟု တုံ့ပြန်သည်။

ကိုးကား – channelnewsasia/Reuters

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။