Connect with us

Hi, what are you looking for?

သတင်း

တန့်ဆည်တွင် (၄)ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ကျော်သေ

တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းများအား ဖေဖော်ဝါရီ ၂၁ရက်မှ ၂၄ရက်ထိ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။

(PDFများ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ကံထူးမရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ် (၁) စစ်ဒေသရုံး)
(PDFများ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ကံထူးမရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ် (၁) စစ်ဒေသရုံး)

▪️လက်နက်ခဲယမ်းများ သိမ်းဆည်းရမိဟု အမှတ်(၁)စစ်ဒေသရုံး ထုတ်ပြန်

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် လေးရက်ကြာ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ၃၀ကျော် သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသရုံးက ယနေ့(ဖေဖော်ဝါရီ ၂၇ ရက်)တွင် သတင်းထုတ်ပြန်သည်။

တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းများအား ဖေဖော်ဝါရီ ၂၁ရက်မှ ၂၄ရက်ထိ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။

ဖေဖော်ဝါရီ ၂၁ရက်က တန့်ဆည်မြို့မှ ထွက်လာသော ခမရ-၃၆၁မှ စစ်သားများနှင့် ပျူစောထီး အင်အား ၁၀၀ကျော်အား ဝါးရငယ်ရွာ အနောက်ဘက်နှင့် ခရမ်းခြံကျေးရွာအနီးတွင် အမှတ် (၁)ရွှေဘိုခရိုင် ကွပ်ကဲရေး၊ ရွှေဘိုခရိုင် တပ်ရင်းနှင့် တန့်ဆည်မြို့နယ် ပကဖတို့က ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၁၀ဦးသေဆုံးပြီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ်(၁) စစ်ဒေသရုံးက အသိပေးသည်။

ထို့အပြင် ကံထူးမကျေးရွာမှ ထွက်လာသော ခမရ (၁၁၊ ၇၀၈) အင်အား ၅၀ခန့်အား ပဲခင်းကြီးကျေးရွာအနီးတွင် အမှတ် (၁)ရွှေဘိုခရိုင် ကွပ်ကဲရေးနှင့် ရွှေဘိုခရိုင် တပ်ရင်းများမှ ထပ်မံပစ်ခတ် တိုက်ခိုက်ရာ စစ်သား ခြောက်ဦး သေဆုံးပြီး ခုနစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ်(၁) စစ်ဒေသရုံးက ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

(PDFများ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ကံထူးမရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ် (၁) စစ်ဒေသရုံး)
(PDFများ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ကံထူးမရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ – အမှတ် (၁) စစ်ဒေသရုံး)

ဖေဖော်ဝါရီ ၂၁ရက်တွင်လည်း ရဲတပ်ရင်း(၁၆) ၊ ခမရ-၃၆၁ နှင့် ပျူစောထီး အင်အား ၃၀ခန့်ရှိ ကံထူးမရွာ ရဲစခန်းအား အမှတ် (၁)ရွှေဘိုခရိုင် ကွပ်ကဲရေးမှ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်သား (၁၁)ဦး သေဆုံးပြီး (၁၇)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု အမှတ်(၁)စစ်ဒေသရုံးက ဆိုသည်။

အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ ရဲဘော်တစ်ဦး ကျဆုံးခဲ့သည်။ ကံထူးမရဲစခန်းမှ G-3 (၅) လက်၊ နာနတ်သီးဗုံး (၄) လုံး၊ MA-15 ကျည် (၁၆၃၅) တောင့်၊ ကျည်အိမ် (၁၂)ခု၊ ငွေကျပ် (၃၈) သိန်း သိမ်းဆည်းရမိခဲ့ကြောင်း အမှတ်(၁)စစ်ဒေသရုံးက ထုတ်ပြန်သည်။

ထို့အပြင် တံတားဦး၊ နမ့်စန်၊ နမခ၊ တောင်ငူ၊ နေပြည်တော်မှလာသည့် ဂျက်တိုက်လေယာဉ်၊ Y-12၊ Mi-35 တို့ဖြင့် လေကြောင်းတိုက်ခိုက်မှု (၂၃)ကြိမ် ပြုလုပ်ခဲ့ပြီး ကံထူးမရွာအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖေဖော်ဝါရီ ၂၂ရက်နှင့် ၂၃ရက်တွင်လည်း ကံထူးမရွာ ရဲစခန်းမြောက်ဘက်တွင် ခမရ (၁၁၊ ၇၀၈)မှ စစ်ကောင်စီတပ်သားများနှင့် ပျူစောထီး အင်အား ၈၀ခန့်အား ရွှေဘိုခရိုင် တပ်ရင်းများမှ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား (၇)ဦး သေဆုံးပြီး ၁၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမှတ် (၁) စစ်ဒေသရုံးက သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာပြင်းထန်သည့် ရဲဘော်လေးဦး ကျဆုံးခဲ့ကြောင်း တန့်ဆည်အခြေစိုက်(ပကဖ) ရဲဘော်တစ်ဦးက ပြောသည်။

(PDFများ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ကံထူးမရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - အမှတ် (၁) စစ်ဒေသရုံး)
(PDFများ ဝင်ရောက်တိုက်ခိုက်ပြီးနောက် ကံထူးမရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ – အမှတ် (၁) စစ်ဒေသရုံး)

” တန့်ဆည်ကျမှာကို စစ်ကောင်စီအတော်ကြောက်ပုံရတယ်။ ကောလင်းထက်တောင်လေကြောင်း ပိုသုံးသွားတယ်။ လေကြောင်းလာလိုက်၊ ဝပ်နေလိုက်၊ လေကြောင်းပြန်တာနဲ့ ထပ်တက်ပြီး ချတာ”ဟု တိုက်ပွဲဝင်ခဲ့သည့် ပြည်သူ့ကာကွယ် ရေးရဲဘော်တစ်ဦးက ပြောသည်။

နောက်ထပ် ရဲဘော်တစ်ဦးကလည်း ” ပထမတော့ ကျတော်တို့ လေကြောင်းကနေတိုက်တဲ့အရေ အတွက်ကို လိုက်ရေနေသေးတာ။ နောက်တော့မရေနိုင်တော့ဘူး။ ဒါပေမယ့် ရအောင်ချခဲ့တယ်” ဟု ပြောသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း အမှတ်(၁) စစ်ဒေသကထုတ်ပြန်ထားသော်လည်း ယနေ့ည ၇နာရီအထိ People’s Spring က ရရှိထားသော သတင်းအရ ကျဆုံးပြည်သူကာကွယ်ရေးရဲဘော်နှစ်ဦးရှိကြောင်း သိရသည်။ နှစ်ဦးစလုံးသည် ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း(၆)မှ ဖြစ်သည်။

စစ်ကောင်စီသည် တန့်ဆည်မြို့နယ်အတွင်းသို့ လက်နက်လူအင်အား ထပ်မံဖြစ်တင်းနေကြောင်း သတင်းရရှိသည်။

ကံထူးမကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်းအပြင် ကန့်ဘလူနယ်ဘက်မှ သင်္ကန်းဝတ် လက်နက်ကိုင် ဝါသဝ၏ ပျူစောထီးအဖွဲ့များလည်း ပါဝင်ခဲ့သည်။

တန့်ဆည်နယ်ရှိ ကျေးရွာ ၂၀ ကျော်မှ ပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်း​ရှောင်ခဲ့ရသည်။

ကံထူးမနယ်မြေရဲစခန်းရှိသည့် ကံထူးမရွာသည် တန့်ဆည်မြို့အနောက်ဘက်၌ တည်ရှိသည်။

ကံထူးမ ရဲစခန်းကို ၂၀၂၂ ​ဖေ​ဖော်ဝါရီ ၂၂ ရက်ကလည်း ​တော်လှန်​ရေးအဖွဲ့များက တိုက်ခိုက်ရာ စခန်းရှိ စစ်​ကောင်စီတပ်သားနှင့် ရဲများ​ ဆယ်နှင့်ချီသေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။