စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကဘဲဘင်ရင်းရွာအနောက်ဘက်ရှိ စစ်ကောင်စီကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက ယမန်နေ့( ဇွန်လ ၄ရက်)နံနက်က တိုက်ခိုက်ခဲ့ကြောင်း MDF-Taze Tiger မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“တိုက်ပွဲက ၄၅မိနစ်လောက်ကြာတယ်။မနက်မိုးမလင်းခင်တိုက်တာ။ စစ်တပ်ဘက်ကပွဲချင်းပြီးလေးယောက်အလောင်းကို ကတုပ်ကျင်းထဲမှာတွေ့တယ်။ ခြုံထဲမှာလည်း သေနေတာတွေရှိတယ်။ သေတာ ခုနှစ်ယောက်ထက်မနည်းဘူး”ဟု MDF-Taze Tiger မှ တာဝန်ရှိသူက People’s Spring သတင်းဌာနသို့ပြောသည်။
စစ်ကောင်စီတပ်နှင့် ပျူ များက ခုနှစ်ဦးထက်မနည်းသေဆုံးခဲ့ကြောင်း MDF-Taze Tiger ကပြောသော်လည်း People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
ကဘဲဘင်ရင်းရွာစစ်ကောင်စီကင်းစခန်းတွင် စစ်သားနှင့် ပျုစောထီးစုစုပေါင်း ၄၀ဦးထက်မနည်းရှိသည်ဟုသိရသည်။
ထိုစခန်းကိုအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံတပ်ရင်းဖြစ်သောMDF-TazeTiger ၊MDF -Special Force(ဗဟိုတပ်ရင်း)နှင့် မဟာမိတ်ညီနောင်များက ဇွန်လ ၄ရက်နံနက် ၄နာရီခန့်မှစတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement
တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။
” ကျွန်တော်တို့ဘက်က တစ်ယောက် သူ့ဘာသာသူ မတော်တဆဒဏ်ရာရတယ်။” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
