Connect with us

Hi, what are you looking for?

သတင်း

မြိုင်ပကဖအဖွဲ့၏စခန်းငယ်တစ်ခုစီးနင်းခံရ၊ ကျန်ရဲ​ဘော်များလွတ်​မြောက်​အောင်ခုခံတိုက်ခိုက်ခဲ့​သော ရဲဘော်တစ်ဦးကျဆုံး

မြိုင်ပကဖနှင့် ဒေသတွင်းမဟာမိတ်အဖွဲ့များသည် ပခုက္ကူမှ ချင်းပြည်နယ်သို့တက်လာသော စစ်ကောင်စီယာဥ်တန်းများအား တိုက်ခိုက်လျက်ရှိသည်။

(ကျဆုံးသွားသော ရဲဘော်အရာတော်။ ဓာတ်ပုံ-မြိုင်ပကဖ)
(ကျဆုံးသွားသော ရဲဘော်အရာတော်။ ဓာတ်ပုံ-မြိုင်ပကဖ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ မြိုင်ပကဖအဖွဲ့၏ စခန်းငယ်တစ်ခုစီးနင်းခံရပြီး ကျန်ရဲဘော်များလွတ်​မြောက်​အောင်ခုခံတိုက်ခိုက်​ခဲ့​သောရဲ​ဘော် တစ်ဦးကျဆုံးကာ လက်နက်ခဲယမ်းအချို့ ဆုံးရှုံးခဲ့ကြောင်း မြိုင်ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။

မတ်လ(၂၇)ရက် နံနက် (၅)နာရီခွဲခန့်က မြိုင်မြို့နယ်၊ တောင်ဘို့လမ်းခွဲရှိ မြိုင်ပကဖအဖွဲ့၏ စခန်းငယ်အား (၂)မိုင်ခန့်အကွာရှိ ကန်နီပျူရွာမှ အင်အား (၁၅၀) ဝန်းကျင်ပါသော စစ်တပ်၊ရဲနှင့်ပျူများက အလစ်ဝင်ရောက်လာချိန် စခန်းရှိ ပကဖ တပ်ဖွဲ့ဝင် (၄) ဦးက စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။

သာလွန်အင်အား ဖြစ်နေသောကြောင့် ရဲဘော်များ စခန်းမှ ဆုတ်ခွာချိန် အသက်(၂၀)ဝန်းကျင် ရဲဘော် အရာတော်မှာ လက်မောင်းသို့ ကျည်ထိမှန်ခဲ့သည်။ ၎င်းရဲဘော်က အခြားတပ်ဖွဲ့ဝင်များ လွတ်မြောက်ရန် ခုခံပစ်ခတ်ပေးနေချိန်တွင် စစ်တပ်ဘက်က ၂ ဦးခန့် ကျည်ထိမှန်ဒဏ်ရာ ရရှိသွားကြောင်း၊ ရဲဘော် အရာတော်မှာလည်း ထိုနေရာ၌ပင် ကျဆုံးခဲ့ကြောင်း မြိုင်ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။

“တလောက တောမီးတွေလောင်တော့ မိုင်းတွေက ကြိုးတွေပျက်၊ မိုင်းတွေပျက်ပြီးပြန်မဆင်နိုင်ခဲ့ဘူး။ မိုင်းကွင်းတွေကော ရှေ့ကင်းတွေကောထားထားတာကို နောက်ကနေကွင်းပတ်ပြီးဝင်တာ။ ကျွန်တော်တို့ဘက်ကလည်း တော်တော်ပစ်လိုက်ရတယ်။”ဟု မြိုင်ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် သေနတ် ၂ လက်နှင့် ကျည်ဘောက် ၅ ခု၊ ကျည် ၁၇၀ တောင့်၊ စကားပြောစက် ၇ လုံး၊ အီကွက်မန့် ၄ စုံ၊ မော်တော်ယာဥ် ၂ စီးတို့ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ကျဆုံးရဲဘော်အရာတော်အား မြိုင်ပကဖအဖွဲ့ကညနေ ၅ နာရီခန့်တွင် ကောင်းမွန်စွာ မီးသင်္ဂြိုလ်ပေးခဲ့သည်။

ထပ်မံ ရရှိ​သော သတင်းအရ မတ်လ(၂၈)ရက်နေ့ ညနေ ၄နာရီ ၄၅ မိနစ်ခန့်ကပခုက္ကူ တပ်မ ၁၀၁ မှ ထွက်ခွာလာသော အင်အား ၇၂ ဦးပါ စစ်ကောင်စီယာဥ်၂ စီးအား ညနေ ၅ နာရီခန့်တွင် ပခုက္ကူနှင့် ကန်တော်ရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မြိုင်ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်သား ၁၁ ဦးပွဲချင်းပြီး သေဆုံး၍ ၁၉ ဦး ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း တပ်တွင်းသတင်းအရ သိရသည်ဟု မြိုင်ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။ စစ်​ကောင်စီတပ်ည​သေဆုံးထိခိုက်မှု အ​ခြေအ​နေများကို People’s Spring က သီးခြားအတည်မပြုနိုင်​ပါ။

“အဲကားတွေက မနေ့ကအထိ အဲနားမှာပဲ။ ရှေ့ဆက်မတိုးနိုင်သေးဘူး။ အရင်ကားတွေကလည်းပေါက်အထိမရောက်သေးဘူး။ လမ်းကြောင်းရှင်းပြီးသားဆိုပြီး အင်အားထပ်ဖြည့်တဲ့သဘောမျိုး။”ဟု မြိုင်ပကဖအဖွဲ့ တာဝန်ရှိသူက ပြောသည်။

ထိုစစ်ဆင်ရေးအား မြိုင်ပကဖဦးဆောင်၍ Black Cobra၊ PKU Thurain ၊ DMG ဓါးမင်းကြီးတပ်ဖွဲ့ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မြိုင်ပကဖနှင့် ဒေသတွင်းမဟာမိတ်အဖွဲ့များသည် ပခုက္ကူမှ ချင်းပြည်နယ်သို့တက်လာသော စစ်ကောင်စီယာဥ်တန်းများအား တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့Mi 17 တစ်စီးကို မြိုင်မြို့နယ် တ​နေရာမှာမှာ ​​တော်လှန်​ရေးမဟာမိတ်တပ်ဖွဲ့​တွေက ပစ်ချလိုက်​ကြောင်း မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော်(Magway - PDF)ကထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၂ ရွာက အိမ်ခြေ ၇၀ နီးပါး ပြာကျခဲ့ပါတယ်။