Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်အင်အား ၅၀၀ကျော်ရှိ မောင်တောမြို့နယ် ကြိမ်ချောင်းဗျူဟာစခန်းသိမ်းရဟု AA ထုတ်ပြန်

မောင်တောမြို့နယ်၊ ကံပြင်သာစည်ကျေးရွာ၏ အရှေ့ဘက် တွင်လည်း ဧပြီ ၁၀ရက်က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၆ဦးသေဆုံးပြီး၈ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

(ရက္ခိုင့်တပ်တော်(AA)မှ ရဲဘော်များအား စစ်ကောင်စီတပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - AA)
(ရက္ခိုင့်တပ်တော်(AA)မှ ရဲဘော်များအား စစ်ကောင်စီတပ်စခန်းတစ်ခု သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - AA)

▪️ရန်သူ့အလောင်းများစွာနှင့် စစ်သုံ့ပန်းအချို့၊ လက်နက်ခဲယမ်းများစွာရဟု ဖော်ပြ

▪️အမ်းအခြေစိုက် နပခ စစ်တိုင်းနှင့် စကခ-၁၅၊ စကခ -၅ အပါအဝင် ကျန်စစ်ကောင်စီစခန်းတိုင်းကို ထိုးစစ်ဆင်မည်ဟုဆို

ရှိုင်း/People’s Spring

ရက္ခိုင်ပြည်နယ် မောင်တောမြို့ရှိ ကြိမ်ချောင်းဗျူဟာစခန်းအား ဧပြီ ၁၂ရက်တွင် သိမ်းပိုက် နိုင်ခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်သည်။

AA အနေဖြင့် အဆိုပါတပ်စခန်းအား သိမ်းပိုက် နိုင်ရေး လနှင့်ချီ ဝန်းရံပိတ်ဆို့ကာ မတ်လ ၂၃ရက်တွင် ထိုးစစ်အရှိန်မြှင့်တင်ခဲ့ရာ ရက် ပေါင်း ၂၀ကျော်အကြာတွင် အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ကျော်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၀၀ခန့် ၊ တပ်မိသားစုဝင် ၁၅၀ခန့်ရှိသည့် အဆိုပါ တပ်စခန်းသိမ်းတိုက်ပွဲတွင် ရန်သူ့အလောင်းအမြောက်အများ ၊ သုံ့ပန်းအချို့နှင့် တပ်မိသားစုဝင်အချို့ကိုဖမ်းဆီးရရှိခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့ဟု ထုတ်ပြန်သည်။ ယင်းစခန်းတွင် ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး မင်းစိုးနှင့် ဒုဗိုလ်မှူးကြီးရဲမှူးကြီး ဝင်းမြင့်အောင်တို့ ဦးဆောင်ပြီး AA၏ထိုးစစ်အား အသည်းအသံ ခုခံနေသော ဗျူဟာဖြစ်သည်ဟုလည်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ကြိမ်ချောင်းဗျူဟာတိုက်ပွဲတွင် AA ဘက်က ထိခိုက်ကျဆုံးသူ အချို့ရှိခဲ့သည်ဟုလည်း ဖော်ပြသည်။

AA အနေဖြင့် ယခင်ထုတ်ပြန်ထားသည့်အတိုင်း လက်နက်ချအညံ့မခံသေးသောအကြမ်းဖက် စစ်ကောင်စီ၏ စခန်းတိုင်းကို တစ်ခုပြီးတစ်ခု ဆက်လက်တိုက်ခိုက်သွားမည်ဟုလည်း ထုတ်ပြန်ခဲ့ပြီး ကြိမ်ချောင်းဗျူဟာကဲ့သို့ လက်နက်ချအညံ့မခံသော စခန်းများအနေဖြင့် အမြန်ဆုံးလက်နက်ချရန် ထပ်မံသတိပေးသည်။

စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော နပခ၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊ စကခ (၁၅) ဌာနချုပ် နှင့် တောင်ကုတ်၊ စကခ (၅)အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်သွားမည်ဟု ဖော်ပြသည်။

ယခုရက်ပိုင်းအတွင်း အမ်း၊ ဘူးသီးတောင်၊ မောင်တောမြို့နယ်များ၌ တိုက်ပွဲဖြစ်ပွားခဲ့မှုကိုလည်း အသိပေးထုတ်ပြန်သည်။

ဧပြီ ၁၀ရက်က အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက်၌ စစ်ကောင်စီ အင်အား (၅၀) ခန့်ပါစစ်ကြောင်း နှင့် AA နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ် အထိအခိုက်အကျဆုံးရှိခဲ့ပြီး နပခဌာနချုပ်ရှိရာ အမ်းသို့ ပြန်လည် တပ်ဆုတ်သွားသည်ဟု ဖော်ပြသည်။ တိုက်ပွဲအတွင်း AA ဘက်က ထိခိုက်သူ အချို့ရှိခဲ့သည်ဟုလည်း အသိပေးသည်။

ဧပြီ၁၁ရက်ကလည်း အမ်းမြို့နယ်၊ မင်းဘော်ရွာ၏ တောင်ဘက်တွင် တိုက်ပွဲဖြစ်ပွားရာ ရန်သူ့ဘက်မှ မျက်မြင် ငါးဦး သေဆုံးကာ ၁၀ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု AAက ထုတ်ပြန်ပြီး AA ရဲဘော်များလည်း ထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။

မောင်တောမြို့နယ်၊ ကံပြင်သာစည်ကျေးရွာ၏ အရှေ့ဘက် တွင်လည်း ဧပြီ ၁၀ရက်က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၆ဦးသေဆုံးပြီး၈ဦးခန့် ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။