Connect with us

Hi, what are you looking for?

သတင်း

မောင်တောမြို့နယ် အောင်သပြေနယ်ခြားစောင့် တပ်စခန်းကို AA ထပ်မံသိမ်းပိုက်

ရသေ့တောင် ထိုးစစ်သည်ကား ယခင်ရက်များကဲ့သို့ ထိုးစစ်ကိုအရှိန်မြှင့်တင်နေသကဲ့သို့ စစ်ကောင်စီဘက်မှလည်း ကြည်း၊ ရေ၊ လေ ဖြင့် အသည်းအသန် ခုခံကာကွယ်လျက်ရှိသည်ဟု AAက ထုတ်ပြန်သည်။

(မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ အောင်သပြေနယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - AA)
(မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ အောင်သပြေနယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - AA)

▪️လက်နက်မျိုးစုံ အလက် ၄၀ ကျော်ရရှိကြောင်း ပြသ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၈၀ နီးပါး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးပြန်

▪️စခန်းရှိစားနပ်ရိက္ခာနှင့် ရေတွင် အဆိပ်များ ခပ်ထား၍ အခြားတော်လှန်ရေးအဖွဲ့များ သိမ်းရသည့် စားနပ်ရိက္ခာများကို သတိထားရန် AA အသိပေး

ရက္ခိင်ပြည်နယ် မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ အောင်သပြေနယ်ခြားစောင့်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က အသိပေး ထုတ်ပြန်သည်။

မောင်တောမြို့မြောက်ပိုင်းမှ လက်နက်ချအညံ့မခံသေးသော လက်ကျန်နယ်ခြားစောင့်တပ်စခန်းအချို့ကို ရက္ခိုင့်တပ်တော်မှ ဆက်လက် ထိုးစစ် ဆင် တိုက်ခိုက်လျက်ရှိရာ အောင်သပြေ နယ်ခြားစောင့်တပ်စခန်းအား မတ်လ ၁၁ရက်တွင် အပြီးသတ် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်ဟု AAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ အောင်သပြေနယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - AA)
(မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ အောင်သပြေနယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – AA)

ရန်သူ့အလောင်းအချို့၊ လက်နက်ခဲယမ်းအချို့တို့ကိုသိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားပြီး ဓာတ်ပုံမှတ်တမ်း ဖော်ပြချက်အရ လက်နက်ကြီး၊လက်နက်ငယ်မျိုးစုံ အလက် ၄၀ကျော်ကို AAက သိမ်းဆည်းရရှိထားသည်ကို တွေ့ရသည်။

အဆိုပါ နယ်ခြားစောင့် စခန်းမှ ဘင်္ဂလာဒေ့ရှ် နိုင်ငံအတွင်းသို့ ဝင်ရောက်ထွက်ပြေးသွားခဲ့သော နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၇၉ ဦးရှိကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီသည် အောင်သပြေစခန်းအတွင်း ကျန်ရှိခဲ့သောစားနပ်ရိက္ခာများတွင် သေစေတတ်သော အဆိပ်များကို သုတ်လူးထားခြင်း၊ ရေဗူးများတွင်ထည့်ထားခြင်း၊ စခန်းအတွင်း၌လည်း အဆိပ်ဆေးဖြန်းထားခြင်းများ ပြုလုပ်ထားသည်ကိုတွေ့ရှိရသောကြောင့် အခြားသော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် စခန်းသိမ်းတိုက်ပွဲများတွင် သိမ်းဆည်းရမိသော စားနပ်ရိက္ခာများကို သတိထားကြရန် လည်း AAက သတိပေးထုတ်ပြန်သည်။

(မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ အောင်သပြေနယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - AA)
(မောင်တောမြို့နယ်ရှိ စစ်ကောင်စီ၏ အောင်သပြေနယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – AA)

AAသည် ချင်းပြည်နယ် ပလက်၀၊ ရက္ခိုင်ပြည်နယ် ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ မြို့များကို သိမ်းပိုက်ထားပြီးမောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့နယ်များကို ဆက်လက် သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

ရသေ့တောင် ထိုးစစ်သည်ကား ယခင်ရက်များကဲ့သို့ ထိုးစစ်ကိုအရှိန်မြှင့်တင်နေသကဲ့သို့ စစ်ကောင်စီဘက်မှလည်း ကြည်း၊ ရေ၊ လေ ဖြင့် အသည်းအသန် ခုခံကာကွယ်လျက်ရှိသည်ဟု AAက ထုတ်ပြန်သည်။

မင်းပြားမြို့တွင် တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီသည် မင်းပြားမြို့အတွင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းပြုုလုပ်ခဲ့၍ အရပ်သား ၂ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရသူအချို့ရှိခဲ့သည်ဟု အသိပေးသည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီသည် အမ်းမြို့နယ်၊ ရူးတိုက်နယ်၊ ရီဘုတ်ရွာအနီးရှိ သံကြိုးတောင်ကို ရဟတ်ယာဉ် (၁)စီးပေါ်မှ စက်သေနတ်ဖြင့် လှည့်ပတ် ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမြောက်ခုနစ်ချက်ပစ်ဖောက် ဂုဏ်ပြု

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ကရောင်းချနေတဲ့ ထီလက်မှတ်တွေဟာဝယ်သူများပြားတဲ့အတွက်မြို့နယ်အချို့မှာ လမကုန်ခင်တပတ်လောက်အလိုကတည်းက ထီလက်မှတ်ဝယ်​တွေကုန်သွားပြီး ဝယ်မရတော့ဘူးလို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ တနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEF ကဒီက​နေ့သတင်းထုတ်ပြန်ပါတယ်။