Connect with us

Hi, what are you looking for?

သတင်း

PNOပြည်သူ့စစ်က ဖမ်းထားသည့် ပအိုဝ်းဒေသခံအား ကျပ်သိန်း ၁၀၀၊ ကားတစ်စီးဖြင့် မိသားစုပြန်ရွေးရဟု PNLA ထုတ်ပြန်

ရွာလူကြီး ဦးထက်နိုင်ကို ကျေးရွာသင်္ချိုင်းကုန်းသို့ ဖမ်းဆီးခေါ်ဆောင်သွား၍ ရွာသားများက လိုက်သွားရာ PNOက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ကြောင့် ဦးထက်နိုင် သေ၊မသေ မသိရဖြစ်နေကြောင်း ဒေသခံကို ကိုးကားပြီး PNLAက ထုတ်ပြန်သည်။

(စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်မှ စစ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ -PA O REGION 6)
(စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်မှ စစ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ -PA O REGION 6)

နောင်သိမ်ရွာလူကြီးတစ်ဦးကို ဖမ်းဆီးပြီး ရွှေ၊ ငွေနှင့် မိသားစုပိုင်ပစ္စည်းများယူသွားဟု ဖော်ပြ

မောင်မောင်/People’s Spring

စစ်ကောင်စီလက်အောက်ခံ PNOပြည်သူ့စစ်က ပအိုဝ်းဒေသခံအချို့အား ဖမ်းဆီးပြန်ပေးဆွဲခြင်း ၊ ငွေကြေးပစ္စည်းများ အဓမ္မယူဆောင်ခြင်းတို့ ဆက်လက်ကျူးလွန်းနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ထုတ်ပြန်သည်။

ဆီဆိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် PNOသည် မေလ ၂၂ ရက်တွင် ဆီဆိုင်မြို့နယ် နမ့်စေမဲးကျေးရွာမှ (၅၀)အရွယ်ခွန်ဝင်းနိုင်ဆိုသူကို ဖမ်းဆီးသွားကြောင်း၊ ယင်းနောက် မိသားစုဝင်များက ကျပ်သိန်း ၁၀၀နှင့် ကားတစ်စီးပေးကာ ခွန်ဝင်းနိုင်ကို ပြန်လည်ရွေးခဲ့ရကြောင်း ဖော်ပြထားသည်။

ထိုသို့ သွားရောက်ရွေးယူစဉ် PNO ပြည်သူ့စစ်များနှင့် ညှိနှိုင်းမှုပြုလုပ်ရာ PNO ပြည်သူ့စစ်မှ သေနတ်ဖြင့် ပစ်ခတ်သဖြင့် ခွန်ဝင်းနိုင်၏ ဇနီးဖြစ်သူမှာ ပေါင်၌ သေနတ်မှန် ဒဏ်ရာရခဲ့သည်ဟုလည်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်အဖွဲ့သည် မေလ ၂၂ရက်တွင် နောင်သိမ်ကျေးရွာမှ ရပ်မိ၊ရပ်ဖ ရွာလူကြီး ဦးထက်နိုင်ကို ဖမ်းဆီးသွားကြောင်း၊ ထိုသို့ ဖမ်းဆီးသွားသည့်အပြင် ဦးထက်နိုင်မိသားစုပိုင်ဆိုင်သည့် ရွှေငွေများ၊ ဒင်္ဂါးပြားများ၊ ကား၊ ဆိုင်ကယ်များကိုလည်း PNO တပ်ဖွဲ့က ယူဆောင်သွားကြောင်း PNLA၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရွာလူကြီး ဦးထက်နိုင်ကို ကျေးရွာသင်္ချိုင်းကုန်းသို့ ဖမ်းဆီးခေါ်ဆောင်သွား၍ ရွာသားများက လိုက်သွားရာ PNOက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထို့ကြောင့် ဦးထက်နိုင် သေ၊မသေ မသိရဖြစ်နေကြောင်း ဒေသခံကို ကိုးကားပြီး PNLAက ထုတ်ပြန်သည်။

နောင်သိမ်ရွာလူကြီးကို ဖမ်းသွားသည့် PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်အဖွဲ့သည် မေလ ဒုတိယ ပတ်ကလည်း နောင်ရင်းရွာ ရွာလူကြီး ခွန်ဇာခွန်နှင့် ညီဖြစ်သူကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ပြီး ခွန်ဇာခွန် မိသားစုပိုင်ကုန်တင်ကားကို သိမ်းဆည်းသွားသည်ဟု PNLAက ထုတ်ပြန်သည်။

ထို့ပြင် နောင်ဗိုကန်တော်လေးရွာ ရွာလူကြီး ဖြားခွန်လျောကိုလည်း မေလ ၂ရက်တွင် PNO ပြည်သူ့စစ် ဗိုလ်ကြီးလယ်အဖွဲ့က ဖမ်းဆီးသွားပြီး ဖြားခွန်လျော၏ ကားကို သိမ်းယူထားသည်ဟုဆိုသည်။

စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်များသည် PNLAက စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်ခဲ့သည့် နောက်ပိုင်း ပအိုဝ်းဒေသခံ ပြည်သူများကို ပစ်မှတ်ထားသည့် တိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

သတင်း

ကချင်ပြည်နယ် မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်က နောင်းမီရွာဒေသခံ ၄ဦးကို စစ်တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း အဲဒီအဖွဲ့က ဝန်ခံခဲ့ပေမဲ့ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေ ပြန်ပေးအပ်တာမရှိဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွားလမ်း လီဒိုလမ်းမတလျှောက်ရှိ ကျေးရွာအချို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာတွေမလုပ်ဖို့ စစ်တပ်လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ခြိမ်းခြောက်တားမြစ်ထားတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။