Connect with us

Hi, what are you looking for?

သတင်း

PNLA စစ်ဦးစီးချုပ် ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် မီးရှို့ဖျက်ဆီး

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

PNLA စစ်ဦးစီးချုပ် ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် မီးရှို့ဖျက်ဆီး
PNLA စစ်ဦးစီးချုပ် ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်ကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် မီးရှို့ဖျက်ဆီး

▪︎“သူတို့ပြောတာကမင်းတို့မွေးလို့ဒီလူတွေကတော်လှန်ရေးသမား ဖြစ်လာတာ ဆိုပြီး အဲဒီလို စွပ်စွဲပြီး တချို့ရဲဘော်တွေရဲ့ အဖေအမေအိမ်ကိုလည်း ဖျက်ဆီးသွားတယ်” -PNLA ပြောရေးဆိုခွင့်ရှိသူ

ဟန်နွေ/People’s Spring

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဒုတိယ ဥက္ကဌ( ၂) ၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) စစ်ဦးစီးချုပ်၊ဗိုလ်မှူးချုပ် ခွန်ကျော်ထင် ၏ မိသားစုပိုင်နေအိမ်နှင့် ဒေသခံ၏ နေအိမ် ၆ အိမ်ကို စစ်ကောင်စီလက်အောက်ခံPNO ပြည်သူ့စစ်အဖွဲ့များကယမန်နေ့ (ဧပြီ ၂၁)တွင် မီးရှို့ဖျက်ဆီးသွားကြောင်း PNLA က အသိပေး ထုတ်ပြန်သည်။

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။

“သူတို့ အကြောင်းပြချက်က ဒီအိမ်က သူပုန်ခေါင်းဆောင်ကို မွေးထုတ်တယ်ပေါ့ဗျာ။ ပြီးတော့ ဒီအိမ်က ကျနော်တို့ ဒုဥက္ကဋ္ဌ ပိုင်တယ် အဲဒီလိုမျိုး စွပ်စွဲပြီးတော့မှ ဖျက်ဆီးသွားတယ်။ မဖျက်ဆီးခင် အိမ်ထဲမှာရှိတဲ့ တန်ဖိုးကြီး ပစ္စည်းတွေ အိမ်ထောင် ပရိဘောဂတွေ အကုန်လုံးကို သယ်သွားတယ်ပေါ့။ နောက်ပြီးတော့ တခြားအိမ် ခြောက်အိမ်လည်းပါတယ်။ တချို့အိမ်ကတော့ ကျနော်တို့ ရဲဘော်ရဲဘက် မိဘတွေရဲ့ အိမ်ပေါ့။သူတို့ ပြောတာက မင်းတို့ မွေးလို့ ဒီလူတွေက တော်လှန်ရေးသမား ဖြစ်လာတာ ဆိုပြီး အဲဒီလို စွပ်စွဲပြီး တချို့ရဲဘော်တွေရဲ့ အဖေအမေအိမ်ကိုလည်း ဖျက်ဆီးသွားတယ်”ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံကပြောသည်။

Public Service Announcement

Public Service Announcement

ယင်းနေအိမ်များကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် အုပ်ချုပ်ရေးမှူး ထွန်းနောင်ခေါင်းဆောင်သည့်အဖွဲ့များနှင့် PNO ပြည်သူ့စစ် အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) သည် စစ်အာဏာရှင်စနစ်ကို စတင်ဆန့်ကျင်တိုက်ခိုက်သည့်အချိန်ကတည်းကပင် ပအိုဝ်းအချင်းချင်း တိုက်ခိုက်မည်မဟုတ်ကြောင်း ထုတ်ပြန်အသိပေးခဲ့ပြီး ယင်းအတိုင်းလည်း ကျင့်သုံးခဲ့သော်လည်း PNO က ပအိုဝ်းဒေသကို လက်

နက်ကြီးများ မီးလောင်ဗုံးများ လေယာဉ်များဖြင့် ပစ်ခတ်ဖျက်ဆီးနေသည့် စစ်ကောင်စီနှင့် ပူးပေါင်းပြီး PNLAကို စစ်ကြောင်းထိုးတိုက်ခိုက်ခြင်း ချုံခိုတိုက်ခိုက်ခြင်းများ ပြုလုပ်နေသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များကို ဖမ်းဆီးသတ်ဖြတ်ခြင်းများလည်း ပြုလုပ်နေကြောင်း ဖော်ပြထားသည်။

“ဒါက နိုင်ငံရေးက နိုင်ငံရေးပါ။ တော်လှန်ရေးလုပ်တဲ့သူက တော်လှန်ရေးလုပ်နေတာပေါ့။ မိဘ တွေနဲ့ မဆိုင်ပါဘူး။ ဒါက သားက တော်လှန်ရေးလုပ်လို့ အဲဒီသားကို မွေးလာတဲ့ သူတွေ မိဘတွေရဲ့ အိမ်တွေကို ဖျက်ဆီးတယ်ဆိုတာက ဒါက အင်မတန် ယုတ်မာရက်စက် အောက်တန်းကျတဲ့ လုပ်ရပ်ပဲဖြစ်တယ်” ဟု ခွန်ရိန်းယံကပြောသည်။

PNLAသည် ၂၀၂၄ ဇန်နဝါရီ မှစ၍ စစ်ကောင်စီကိုပြန်လည်တိုက်ခိုက်ခဲ့ရာ ဆီဆိုင်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။ စစ်ကောင်စီဘက်ကဆီဆိုင်မြို့ ပြန်ရရေးလေကြောင်း၊ လက်နက်ကြီး၊ ဒရုန်း ပစ်ကူပစ်အားများ စွာ သုံးတိုက်ခိုက်နေပြီး အရပ်သား ပြည်သူများ၏ နေအိမ်များကို ပစ်မှတ်ထား တိုက်ခိုက်မီးရှို့ဖျက်ဆီးမှုများကိုလည်း စစ်ကောင်စီက ဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။