Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက် ချိုးဖောက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်လာ၍ လားရှိုး၌ တိုက်ပွဲဖြစ်ဟု MNDAA ပြော

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၂၉ရက်က လားရှိုးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး MNDAA ရဲဘော်အချို့ ကျဆုံးခဲ့ရဟု ဆိုသည်။

(ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ဝင်များကို ၂၀၂၂ မတ်လအတွင်းက တွေ့ရစဉ်။တိုက်ပွဲဖြစ်ရာနေရာမြေပုံအား တွေ့ရစဉ်။ ဓာတ်ပုံ-The Kokang)
(ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ဝင်များကို ၂၀၂၂ မတ်လအတွင်းက တွေ့ရစဉ်။တိုက်ပွဲဖြစ်ရာနေရာမြေပုံအား တွေ့ရစဉ်။ ဓာတ်ပုံ-The Kokang)

▪️ရှမ်းမြောက်၌ တိုက်ပွဲပိုပြင်းထန်လာနိုင်ကြောင်း MNDAA ထုတ်ပြန်

ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီက ဟိုင်ဂင်သဘောတူညီချက်ချိုးဖောက်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများ လုပ်ဆောင်လာ၍ ခုခံတိုက်ပွဲဖြစ်ပွားခဲ့ရကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်အသိပေးသည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် ဇွန်လ ၂၉ရက်က လားရှိုးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး MNDAA ရဲဘော်အချို့ ကျဆုံးခဲ့ရဟု ဆိုသည်။

“ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ကကျနော်တို့ရဲ့ ပါတီ တည်ထောင်ခြင်း (၁၁)နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ပျော်ရွှင်ကြိုဆိုနေတဲ့ အချိန်မှာ စစ်ကောင်စီဘက်က ကျနော်တို့ရဲ့ တပ်စခန်းတစ်ခုကို အလစ်အငိုက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တယ်”ဟု MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောသည်။

Public Service Announcement

Public Service Announcement

(ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ဝင်များကို ၂၀၂၂ မတ်လအတွင်းက တွေ့ရစဉ်။တိုက်ပွဲဖြစ်ရာနေရာမြေပုံအား တွေ့ရစဉ်။ ဓာတ်ပုံ-The Kokang)
(ကိုးကန့်တပ်မတော် MNDAA တပ်ဖွဲ့ဝင်များကို ၂၀၂၂ မတ်လအတွင်းက တွေ့ရစဉ်။တိုက်ပွဲဖြစ်ရာနေရာမြေပုံအား တွေ့ရစဉ်။ ဓာတ်ပုံ-The Kokang)

ဇွန်လ ၂၉ရက် နံနက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ရင်း(၅၇၉) တပ်ဖွဲ့ဝင်များက လားရှိုးမြို့ မြောက်ဘက်ရှိ MNDAA တပ်စခန်း တစ်ခုကို ထိုးစစ်ဆင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျနော်တို့လည်း ပြန်လည် ခုခံတိုက်ခိုက်နိုင်ခဲ့ပါတယ်။ စစ်ကောင်စီ နောက်ပြန်ဆုတ်အောင် ပြန်လည်တိုက်ခိုက်နိုင်ခဲ့တယ်။ စစ်ကောင်စီဆုတ်သွားပြီးတဲ့နောက်မှာ သူတို့က လားရှိုးမြို့ထဲကနေ ကျနော်တို့ တပ်စခန်းဘက်ကို လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ မနေ့က တိုက်ပွဲမှာ ကျနော်တို့ တပ်အနေနဲ့ ၂ယောက်ကျဆုံးခဲ့ရပြီး ၃ယောက်ဒဏ်ရာရရှိခဲ့ပါတယ်”ဟု လီကျာဝင်းက ပြောသည်။

MNDAAကလည်း တိုက်ပွဲသတင်းထုတ်ပြန်ထားရာ ဇွန်လ ၂၉ ရက် နံနက်ပိုင်းတွင် မင်းအောင်လှိုင်မှ အာဏာသိမ်းတပ်ဖွဲ့ဝင်များက စစ်ပွဲများဆင်နွှဲကာ MNDAA၏ ကာကွယ်ရေး နယ်မြေကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်မှု မအောင်မြင်ဘဲ ပြန်လည် ဆုတ်ခွာသွားပြီးနောက် စစ်ကောင်စီတပ်များက မဟာမိတ်တပ်များ၏ ကာကွယ်ရေးနယ်မြေအား အမြောက်ကျည်မျိုးစုံဖြင့် ပစ်ခတ်ခဲ့ရာ ည ၈နာရီခွဲထိ စစ်ကောင်စီ၏ တိုက်ခိုက်မှုများ ဆက်ရှိနေကြောင်း အသိပေးသည်။

လက်ရှိအချိန်တွင် အာဏာသိမ်းတပ်ဖွဲ့ မင်းအောင်လှိုင်သည် မဟာမိတ်တပ်များ၊ တအောင်းတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့နှင့်အတူ ရရှိထားသည့် “ဟိုဂင်သဘောတူညီချက်”ကို ချိုးဖောက်ပြီး မဟာမိတ်တပ်များကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ၁၈နေ့ တွင် တအောင်း တပ်မတော်၏ ခံစစ်နယ်မြေကို ဗုံးကြဲတိုက်ခိုက်ခြင်းအပြင်၊ ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်များသည် နှစ်ဖက်စလုံး၏ အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်များကို လျစ်လျူရှုထားခြင်းကြောင့် မြန်မာနိုင်ငံရှိ ရှမ်းမြောက်ဒေသပိုင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။