Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖဂန်ကို ပြန်လည်အုပ်စိုးပြီးနောက်ပိုင်း နိုင်ငံတကာ အသိုက်အဝန်းနဲ့ တာလီဘန်တွေ ပထမဆုံး ထိတွေ့ဆွေးနွေး

ဇူလိုင် ၂ ရက်နေ့ အစည်းအဝေး အစီအစဉ်မှာ ကုလသမဂ္ဂ အရာရှိတွေဟာ အာဖဂန် အခြေစိုက် အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ သီးခြားတွေ့ဆုံမှုတွေတော့ ရှိခဲ့ပါတယ်။

အာဖဂန်ကို ပြန်လည်အုပ်စိုးပြီးနောက်ပိုင်း နိုင်ငံတကာ အသိုက်အဝန်းနဲ့ တာလီဘန်တွေ ပထမဆုံး ထိတွေ့ဆွေးနွေး
အာဖဂန်ကို ပြန်လည်အုပ်စိုးပြီးနောက်ပိုင်း နိုင်ငံတကာ အသိုက်အဝန်းနဲ့ တာလီဘန်တွေ ပထမဆုံး ထိတွေ့ဆွေးနွေး

အာဖဂန် နစ္စတန်ကို တာလီဘန်တွေ ပြန်လည် သိမ်းပိုက်ပြီး အုပ်စိုးနေတဲ့ ကာလတလျှောက် ပထမဆုံးအကြိမ် နိုင်ငံတကာ အသိုက်အဝန်းနဲ့ ထိတွေ့ ဆွေးနွေးမှုတွေဟာ အလားအလာကောင်းတွေ ရရှိစေခဲ့တယ်လို့ သံတမန် အသိုက်အဝန်းက ပြောပါတယ်။

ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ကျင်းပတဲ့ နှစ်ရက်ကြာ အစည်းအဝေးမှာ ပထမဆုံး အကြိမ်အဖြစ် ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ သံအရာရှိတွေနဲ့အတူ တာလီဘန် ကိုယ်စားလှယ်တွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်တုန်းက အမေရိကန်နဲ့ မဟာမိတ်တပ်တွေ အာဖဂန်ကနေ ရုပ်သိမ်းသွားတဲ့နောက် တာလီဘန်တွေက နိုင်ငံကို တကျော့ပြန် ကြီးစိုးအုပ်ချုပ်နေခဲ့ပေမယ့် ဘယ်နိုင်ငံကမှ တာလီဘန် အစိုးရကို အသိအမှတ် မပြုသေးပါဘူး။

အခုဆွေးနွေးပွဲမှာ တာလီဘန် အစိုးရ ကိုယ်စားလှယ် အဖွဲ့တွေနဲ့အတူ အရပ်ဖက် အဖွဲ့အစည်းတွေ တပါတည်း တက်ရောက်ခဲ့တာ မရှိပါဘူး။ တစ်နည်းအားဖြင့် အဲဒီဆွေးနွေးမှုမှာ တာလီဘန်တွေဖက်က အမျိုးသမီး တစ်ဦးမှ မပါခဲ့တဲ့ အဓိပ္ပါယ် ဖြစ်တာကြောင့် လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ဝေဖန် ရှုတ်ချခဲ့ကြပါတယ်။ တာလီဘန်တွေဟာ တကျော့ပြန် အာဏာရလာချိန် ကတည်းက ပြည်တွင်းမှာ အမျိုးသမီးတွေ ပညာသင်ယူခွင့် အပါအဝင် အခြေခံ ရပိုင်ခွင့်တွေကို ဆက်တိုက် ဖိနှိပ် ချိုးဖျက်နေတာကြောင့် နာမည်ဆိုး ထွက်နေပါတယ်။

ဇူလိုင် ၂ ရက်နေ့ အစည်းအဝေး အစီအစဉ်မှာ ကုလသမဂ္ဂ အရာရှိတွေဟာ အာဖဂန် အခြေစိုက် အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ သီးခြားတွေ့ဆုံမှုတွေတော့ ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာ အသိုက်အဝန်းနဲ့ တာလီဘန် အစိုးရကြား တွေ့ဆုံဆွေးနွေးမှု အပြီးမှာ တရားဝင် သဘောတူညီမှုတွေ၊ အဖြေရှာမှုတွေ၊ ကြေညာချက်တွေ ထွက်ပေါ်မလာခဲ့ပါဘူး။ အဲဒီအစား သံတမန် အသိုက်အဝန်းကရော၊ တာလီဘန် ကိုယ်စားလှယ်တွေကပါ ရလဒ်အားဖြင့် အပေါင်းလက္ခဏာ ဆန်ခဲ့တယ်လို့ပဲ အသီးသီး မှတ်ချက်ပေးသွားခဲ့ပါတယ်။

ဆွေးနွေးမှုတွေမှာ အပြန်အလှန် လေးစားမှု ရှိကြပြီး ပွင့်ပွင့်လင်းလင်းနဲ့ ဖြစ်သင့်တဲ့ အကြောင်းအရာတွေဆီ တိုက်ရိုက်ကျကျ ချဉ်းကပ် ပြောဆိုခဲ့ကြတယ်လို့ တာလီဘန် ကိုယ်စားလှယ် အဖွဲ့ဝင် တစ်ယောက်က ပြောပါတယ်။ တာလီဘန်တွေ လိုအပ်နေတဲ့ နိုင်ငံတကာ အသိအမှတ်ပြုမှု အပါအဝင် ထူးကဲတဲ့ ရလဒ်တစ်ခုခု ထွက်ပေါ်မလာခဲ့ပေမယ့်လည်း ဒီကိစ္စဟာ ရေရှည် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဖြတ်သန်းဖို့ လိုအပ်ကြောင်း သူက ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်အရ တရုတ်နဲ့ ရုရှားအပါအဝင် နိုင်ငံတချို့ဟာ တာလီဘန်တွေနဲ့ ဆွေးနွေးမှုမှာ မပါဖို့ ဆုံးဖြတ်ခဲ့ပြီး နိုင်ငံတချို့ကတော့ ခရီးသွားလာမှုကိစ္စ အခက်အခဲကြောင့် ကိုယ်စားလှယ်တွေ ရောက်မလာတာမျိုး ရှိခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သုံးနှစ်တာအတွင်း တရုတ်အပါအဝင် နိုင်ငံတချို့ဟာ တာလီဘန်တွေနဲ့ သီးခြားတွေ့ဆုံမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ အထိုက်အလျောက် ရှိခဲ့ပြီး ဒိုဟာ ဆွေးနွေးပွဲရဲ့ နောက်ဆက်တွဲ တွေ့ဆုံမှုတွေ ထပ်မံ ပေါ်ပေါက်လာမယ်လို့လည်း ယုံကြည်ရပါတယ်။

ကိုးကား: The Diplomat⁩

ဆက်စပ်သတင်းများ

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာစစ်အုပ်စုကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာစေဖို့ ကြိုးပမ်းအားထုတ်မှုတွေ တိုးမြှင့်ကြဖို့ ကုလသမဂ္ဂကျွမ်းကျင်သူ မစ္စတာတွမ်အန်ဒရူးစ်က ဧပြီ ၂၈ရက်မှာ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်းက စစ်ရေး အခြေအနေတွေနဲ့ နောက်ဆက်တွဲ သက်ရောက်နိုင်ခြေတွေကို အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဝန်ကြီးတွေ တွေ့ဆုံ ဆွေးနွေးကြမယ်လို့ သိရပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ ဒီက​နေ့ တွေ့ဆုံပြီး စစ်ဆင်ရေး၊ ထောက်လှမ်းရေးဆိုင်ရာကိစ္စရပ်​တွေ နဲ့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ​တွေကို ရင်းနှီးပွင့်လင့်စွာဆွေးနွေးခဲ့တယ်လို့ NUGနဲ့ SRAက ထုတ်ပြန်ပါတယ်။