Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆွေမျိုးသားချင်း ကောင်းစားရေး ဝါဒကို စွန့်ပယ်ကြဖို့ အာဖဂန် တာလီဘန်ခေါင်းဆောင် ညွှန်ကြား

တာလီဘန် အစိုးရ အဖွဲ့ထဲက အရာရှိ တချို့ဟာ အရေးကြီးတဲ့ လက်အောက် ရာထူးတွေမှာ သူတို့ရဲ့ သားတွေ၊ တူတွေကို နေရာပေး ခန့်အပ်ထားကြောင်း စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတဲ့နောက် တာလီဘန် ခေါင်းဆောင် ဟီဘာတူလာ အက်ဇ်ခွန်ဇာဒါးက အဲဒီကိစ္စမျိုးတွေ ရပ်တန်းက ရပ်ဖို့ ကတိုက်ကရိုက် အမိန့် ထုတ်ခဲ့ရတာပါ။

ဆွေမျိုးသားချင်း ကောင်းစားရေး ဝါဒကို စွန့်ပယ်ကြဖို့ အာဖဂန် တာလီဘန်ခေါင်းဆောင် ညွှန်ကြား
ဆွေမျိုးသားချင်း ကောင်းစားရေး ဝါဒကို စွန့်ပယ်ကြဖို့ အာဖဂန် တာလီဘန်ခေါင်းဆောင် ညွှန်ကြား

ဆွေမျိုးသားချင်း ကောင်းစားရေး ဝါဒကို စွန့်လွှတ်ကြဖို့ အစိုးရ အရာရှိတွေကို အာဖဂန် နစ္စတန် တာလီဘန် ခေါင်းဆောင်က အမိန့်ထုတ်ပြန်ပြီး ညွှန်ကြားလိုက်ပါတယ်။

စစ်သွေးကြွ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ တာလီဘန်ဟာ ၂၀၂၁ ခုနှစ်မှာတော့ ကဘူးလ်မြို့တော်ကို သိမ်းပိုက်လိုက်ပြီး အစိုးရ အဖွဲ့ကို စတင် လည်ပတ်ခဲ့ပါတယ်။ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေ ပြန်လည် ဆုတ်ခွာသွားခြင်းက အာဖဂန် တစ်နိုင်ငံလုံးကို တာလီဘန် ထိန်းချုပ်မှုအောက် ပြန်လည် ရောက်ရှိသွားစေခဲ့ပါတယ်။

တာလီဘန် အစိုးရ အဖွဲ့ထဲက အရာရှိ တချို့ဟာ အရေးကြီးတဲ့ လက်အောက် ရာထူးတွေမှာ သူတို့ရဲ့ သားတွေ၊ တူတွေကို နေရာပေး ခန့်အပ်ထားကြောင်း စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတဲ့နောက် တာလီဘန် ခေါင်းဆောင် ဟီဘာတူလာ အက်ဇ်ခွန်ဇာဒါးက အဲဒီကိစ္စမျိုးတွေ ရပ်တန်းက ရပ်ဖို့ ကတိုက်ကရိုက် အမိန့် ထုတ်ခဲ့ရတာပါ။

လက်ရှိ အချိန်မှာ တူတွေ၊ သားတွေနဲ့ တခြားဆွေမျိုးတွေကို ရာထူးခန့်အပ်ထားတာမျိုး ရှိရင်လည်း ချက်ချင်း ပြန်ထုတ်ပြီး တခြား သင့်လျော်သူတွေနဲ့ အစားထိုးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ထုတ်ပြန်တဲ့ ညွှန်ကြားချက်မှာ အတိအလင်း ဖော်ပြထားတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အာဖဂန်ဟာ တာလီဘန် အုပ်စိုးမှုအောက် တကျော့ပြန် ကျရောက်သွားချိန် ကတည်းက ကဏ္ဍပေါင်းစုံ ဆုတ်ယုတ်မှုတွေ ကြုံနေရပါတယ်။ နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုတွေကြောင့် နိုင်ငံ စီးပွားရေး သိသိသာသာ ကျဆင်းလာချိန်မှာ တာလီဘန်တွေက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ပိုမို ချိုးနှိမ်လာတာကြောင့်လည်း နိုင်ငံရဲ့ အထီးကျန် ရပ်တည်မှုကို ဆိုးသထက် ဆိုးရွားလာစေခဲ့ပါတယ်။

လက်ရှိ အချိန်မှာတော့ တာလီဘန်တွေက အမျိုးသမီးတွေကို နေရာတော်တော်များများမှာ အလုပ်လုပ်ခွင့် မပြုတော့သလို နိုင်ငံအနှံ့မှာ အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းတွေ တက်ရောက်ခွင့် မပြုတော့ပါဘူး။ ဒါ့အပြင် နိုင်ငံတကာ ထောက်ပံ့ရေး အဖွဲ့အစည်းတွေက အမျိုးသမီးတွေကိုလည်း ပြည်ဝင်ခွင့် မပြုတာကြောင့်လည်း တာလီဘန် အစိုးရနဲ့ နိုင်ငံတကာ အသိုက်အဝန်းကြားက ဆက်ဆံရေးမှာ တင်းမာမှုတွေ ပိုမို မြင့်တက်စေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အာဖဂန် နစ္စတန် နိုင်ငံပိုင်နက်ထဲမှာ လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း စစ်သွေးကြွ ၇၀ ကျော်ကို ရှင်းလင်း သုတ်သင်နိုင်ခဲ့ကြောင်း ပါကစ္စတန် စစ်တပ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အာဖဂန်နစ္စတန် စစ်ပွဲကာလတုန်းက NATO တပ်ဖွဲ့ဝင်တွေဟာ ရှေ့တန်း စစ်မြေပြင်တွေကို ရှောင်ဖယ်ခဲ့ကြကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စွပ်စွဲစကားကြောင့် အနောက်မဟာမိတ် နိုင်ငံတွေကြား ဒေါသထွက်စရာ ဖြစ်လာခဲ့ပါတယ်။

နိုင်ငံတကာ

အာဖဂန် နစ္စတန်မှာရှိတဲ့ အမေရိကန် လေတပ်စခန်းဟောင်း တစ်ခုကို ပြန်လည် ရယူဖို့ ကြိုးစားလာနိုင်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အာဖဂန် နစ္စတန်က ငလျင်ဘေးသင့် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အမျိုးသမီး ကျန်းမာရေး ဝန်ထမ်းတွေ၊ ကျွမ်းကျင်ပညာရှင်တွေကို လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ပေးဖို့ တာလီဘန် အာဏာပိုင်တွေကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က တိုက်တွန်း တောင်းဆိုထားပါတယ်။