Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဆွေမျိုးသားချင်း ကောင်းစားရေး ဝါဒကို စွန့်ပယ်ကြဖို့ အာဖဂန် တာလီဘန်ခေါင်းဆောင် ညွှန်ကြား

တာလီဘန် အစိုးရ အဖွဲ့ထဲက အရာရှိ တချို့ဟာ အရေးကြီးတဲ့ လက်အောက် ရာထူးတွေမှာ သူတို့ရဲ့ သားတွေ၊ တူတွေကို နေရာပေး ခန့်အပ်ထားကြောင်း စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတဲ့နောက် တာလီဘန် ခေါင်းဆောင် ဟီဘာတူလာ အက်ဇ်ခွန်ဇာဒါးက အဲဒီကိစ္စမျိုးတွေ ရပ်တန်းက ရပ်ဖို့ ကတိုက်ကရိုက် အမိန့် ထုတ်ခဲ့ရတာပါ။

ဆွေမျိုးသားချင်း ကောင်းစားရေး ဝါဒကို စွန့်ပယ်ကြဖို့ အာဖဂန် တာလီဘန်ခေါင်းဆောင် ညွှန်ကြား
ဆွေမျိုးသားချင်း ကောင်းစားရေး ဝါဒကို စွန့်ပယ်ကြဖို့ အာဖဂန် တာလီဘန်ခေါင်းဆောင် ညွှန်ကြား

ဆွေမျိုးသားချင်း ကောင်းစားရေး ဝါဒကို စွန့်လွှတ်ကြဖို့ အစိုးရ အရာရှိတွေကို အာဖဂန် နစ္စတန် တာလီဘန် ခေါင်းဆောင်က အမိန့်ထုတ်ပြန်ပြီး ညွှန်ကြားလိုက်ပါတယ်။

စစ်သွေးကြွ အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ တာလီဘန်ဟာ ၂၀၂၁ ခုနှစ်မှာတော့ ကဘူးလ်မြို့တော်ကို သိမ်းပိုက်လိုက်ပြီး အစိုးရ အဖွဲ့ကို စတင် လည်ပတ်ခဲ့ပါတယ်။ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေ ပြန်လည် ဆုတ်ခွာသွားခြင်းက အာဖဂန် တစ်နိုင်ငံလုံးကို တာလီဘန် ထိန်းချုပ်မှုအောက် ပြန်လည် ရောက်ရှိသွားစေခဲ့ပါတယ်။

တာလီဘန် အစိုးရ အဖွဲ့ထဲက အရာရှိ တချို့ဟာ အရေးကြီးတဲ့ လက်အောက် ရာထူးတွေမှာ သူတို့ရဲ့ သားတွေ၊ တူတွေကို နေရာပေး ခန့်အပ်ထားကြောင်း စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတဲ့နောက် တာလီဘန် ခေါင်းဆောင် ဟီဘာတူလာ အက်ဇ်ခွန်ဇာဒါးက အဲဒီကိစ္စမျိုးတွေ ရပ်တန်းက ရပ်ဖို့ ကတိုက်ကရိုက် အမိန့် ထုတ်ခဲ့ရတာပါ။

လက်ရှိ အချိန်မှာ တူတွေ၊ သားတွေနဲ့ တခြားဆွေမျိုးတွေကို ရာထူးခန့်အပ်ထားတာမျိုး ရှိရင်လည်း ချက်ချင်း ပြန်ထုတ်ပြီး တခြား သင့်လျော်သူတွေနဲ့ အစားထိုးဖို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ထုတ်ပြန်တဲ့ ညွှန်ကြားချက်မှာ အတိအလင်း ဖော်ပြထားတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

အာဖဂန်ဟာ တာလီဘန် အုပ်စိုးမှုအောက် တကျော့ပြန် ကျရောက်သွားချိန် ကတည်းက ကဏ္ဍပေါင်းစုံ ဆုတ်ယုတ်မှုတွေ ကြုံနေရပါတယ်။ နိုင်ငံတကာရဲ့ ဖယ်ကြဉ်မှုတွေကြောင့် နိုင်ငံ စီးပွားရေး သိသိသာသာ ကျဆင်းလာချိန်မှာ တာလီဘန်တွေက အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို ပိုမို ချိုးနှိမ်လာတာကြောင့်လည်း နိုင်ငံရဲ့ အထီးကျန် ရပ်တည်မှုကို ဆိုးသထက် ဆိုးရွားလာစေခဲ့ပါတယ်။

လက်ရှိ အချိန်မှာတော့ တာလီဘန်တွေက အမျိုးသမီးတွေကို နေရာတော်တော်များများမှာ အလုပ်လုပ်ခွင့် မပြုတော့သလို နိုင်ငံအနှံ့မှာ အထက်တန်းနဲ့ တက္ကသိုလ်ကျောင်းတွေ တက်ရောက်ခွင့် မပြုတော့ပါဘူး။ ဒါ့အပြင် နိုင်ငံတကာ ထောက်ပံ့ရေး အဖွဲ့အစည်းတွေက အမျိုးသမီးတွေကိုလည်း ပြည်ဝင်ခွင့် မပြုတာကြောင့်လည်း တာလီဘန် အစိုးရနဲ့ နိုင်ငံတကာ အသိုက်အဝန်းကြားက ဆက်ဆံရေးမှာ တင်းမာမှုတွေ ပိုမို မြင့်တက်စေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးရဲ့ လွန်ကဲတဲ့ လုပ်ရပ်တိုင်းမှာ တန်ပြန် သက်ရောက်မှုတွေ ရှိနိုင်ကြောင်း၊ အဲဒီအတွက် ဖြစ်နိုင်ခြေ ရှိသမျှ တုံ့ပြန်မှုတိုင်းကို တွေးထားသင့်ကြောင်းလည်း ကာဆမ်က သတိပေးသွားပါတယ်။

နိုင်ငံတကာ

အိုင်အက်စ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက Telegramကနေတဆင့် ဒီကိစ္စကို အသံဖိုင်ပေးပို့ အတည်ပြုခဲ့ပေမယ့် အဘူဟူစိန် သေဆုံးခဲ့တဲ့ ဖြစ်စဉ် အသေးစိတ်ကိုတော့ တိတိကျကျ မှတ်ချက် ပေးမသွားပါဘူး။

နိုင်ငံတကာ

ပက်စ်ကော့ဗ်ရဲ့ အဆိုအရ ပရစ်ဂေါ့ဇင်က သူနဲ့ Wagner တပ်ဖွဲ့တွေဟာ ပူတင်အပေါ် ခြွင်းချက်မရှိ ဆက်လက် သစ္စာစောင့်သိနေမယ်လို့ ကတိပြုခဲ့ကြောင်းလည်း သိရပါတယ်။

နိုင်ငံတကာ

ပရစ်ဂေါ့ဇင်ဟာ သူ့ကားထဲကနေ FSB အေးဂျင့်တွေ သိမ်းယူသွားတဲ့ ရူဘယ်ငွေ ၁၀ ဘီလီယံ (ဒေါ်လာ သန်း ၁၀၀ ကျော်)ကိုလည်း ပြန်လည် ရရှိခဲ့တယ်လို့ သိရပါတယ်။