Connect with us

Hi, what are you looking for?

သတင်း

လားရှိုးရှိ တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ (၂၉၁)တပ်ရင်းဌာနချုပ်ကို MNDAA သိမ်းပိုက်၊ မြို့အနီးတိုက်ပွဲ ပြင်းထန်နေ

တအာင်းတပ်မတော်(TNLA) ကလည်း စစ်ကောင်စီက ရပ်သားပြည်သူလူထုအားပစ်မှတ်ထား၍တိုက်ခိုက်လာနိုင်သောကြောင့် လုံခြုံရေးသတိပြုကြရန် သတိပေးထားသည်။

(MNDAAမှ ရဲဘော်များ ၁၀၂၇စစ်ဆင်ရေးအပိုင်း(၁)အတွင်း ကုန်းကြမ်းမြို့အား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)
(MNDAAမှ ရဲဘော်များ ၁၀၂၇စစ်ဆင်ရေးအပိုင်း(၁)အတွင်း ကုန်းကြမ်းမြို့အား သိမ်းပိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ - MNDAA)

ယောနသံ/People’s Spring

လားရှိုးမြို့၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ဖြစ်သည့်ခလရ (၂၉၁) တပ်ရင်းဌာနချုပ်ကို ယမန်နေ့(ဇူလိုင် ၅ရက်)ညနှင့် ယနေ့နံနက်အစောပိုင်းတွင် ကိုးကန့် တပ်မတော်(MNDAA)က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ‌ဒေသခံများနှင့် မြေပြင်စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။

“သုံးရက်ဆက်တိုက်ပွဲဖြစ်ခဲ့ပြီး ညကတော့ အသံတွေ ငြိမ်သွားတယ်။ ၂၉၁ကို မဟာမိတ်က ရသွားပြီ ဟုတ်ဝာယ်။ လားရှိုးထဲတော့ ချနေတုန်းပဲ။ ဆူညံနေတာပဲ”ဟု နမ့်ပေါင်ရွာဒေသခံတစ်ဦးက ပြောသည်။

လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာရှိ ခလရ (၂၉၁) တပ်ရင်းဌာနချုပ်ကို ဇူလိုင် ၃ရက်တွင် ကိုးကန့်တပ်မတော်(MNDAA)က စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲစတင်သည့်‌နေ့က စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ရာ နမ့်ပေါင်ရွာမှာ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲပြီး အရပ်သားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရှိခဲ့သည်။

Public Service Announcement

Public Service Announcement

“ခလရ ၂၉၁ဟာ ရမခ (နေ၀န်းနီ ကြက်ဥကြော်) ရဲ့ တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ဖြစ်ပါတယ်။ ခလရ ၂၉၁ ရဲ့ နောက်တန်းမှူးလို့ အလွယ်ခေါ်ကြတဲ့ ဌာနချုပ် တပ်ခွဲမှူးနဲ့ နောက်ချန်စစ်သည်အင်အားနဲ့ တပ်မဟာ ၁၆ (ယခင် စကခ ၁၆ သိန္နီ )တို့ပူးပေါင်း ခံစစ်ဆင်နေပေမယ့် အမိန့်အရလားမသိ ဆုတ်ခွာသွားရပြီ ဖြစ်ပါတယ်”ဟု စစ်ရေးအခြေအနေများနေ့စဉ်ထုတ်ပြန်ပေးနေသည့် CDM ဗိုလ်ကြီးဇင်ယော်က ယနေ့နံနက် ရေးသားထားသည်။

တိုင်းစစ်ဌာနချုပ် ကျမည်စိုး‌သောကြောင့် ဆုတ်ခွာသွားခြင်းဖြစ်နိုင်ပြီး စစ်ဌာနချုပ်မှနေ၍ ခံစစ်အသေပုံစံ ခုခံတိုက်ခိုက်နိုင်ကြောင်း ၎င်းက သုံးသပ်ထားသည်။

မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ” တိုက်ပွဲက ပိုပြီးပြင်းထန်လာပါတယ်ဒီမနက်။ MNDAA က နည်းမျိုးစုံသုံးပြီးရှေ့တိုးလာပါပြီ။ တိုက်ပွဲပိုပြင်းလာမယ့်အခြေအနေကို မြို့ခံတွေအထူးသတိပြုကြပါ။”ဟု ပြောသည်။

လားရှိုးမြို့ကို MNDAAက စစ်မျက်နှာငါးခုဖွင့်၍တိုက်ခိုက်နေပြီး မြို့အနီး ခလရ(၆၈)နှင့် ခမရ(၅၀၇)ကိုလည်း ထိုးစစ်ဆင် တိုက်ခိုက်နေ ကြောင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

တိုက်ပွဲသည် တစ်ရက်ထက်တစ်ရက်ပိုမိုပြင်းထန်လာပြီး ယနေ့နက်လည်း လက်နက်ကြီး၊လက်နက်ငယ်ပစ်ခတ်သံများကြားနေရကြောင်း ဒေသခံများကပြောသည်။

လားရှိုးမြို့တွင် ဇူလိုင် ၃ရက်နှင့် ၅ရက်အတွင်း အရပ်သားသေဆုံးမှု၁၃ဦးထက်မနည်းရှိထားသည်။လက်နက်ကြီးနှင့် ရှော့တိုက်ဒုံးရန်ကြောင့် မြို့ကို စွန့်ခွာ တိမ်းရှောင်သူများပိုများလာကြောင်းလည်း ဒေသခံအချို့က​ပြောသည်။

စစ်ကောင်စီသည် ဟိုင်ဂင်စာချုပ်အရ သဘောတူထားသည့်အပစ်အခတ်ရပ်စဲရေးတောင်းဆိုချက်များကို လျစ်လျူရှုထားခြင်းကြောင့် ရှမ်းမြောက်ဒေသတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည်ဟု ကိုးကန့်တပ်မတော် (MNDAA)က မေလ ၃၀ရက်တွင် သတိပေးထားသည်။ တအာင်းတပ်မတော်(TNLA) ကလည်း စစ်ကောင်စီက ရပ်သားပြည်သူလူထုအားပစ်မှတ်ထား၍တိုက်ခိုက်လာနိုင်သောကြောင့် လုံခြုံရေးသတိပြုကြရန် သတိပေးထားသည်။

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၊သီပေါမြို့၊ ကျောက်မဲမြို့၊ နောင်ချိုမြို့နှင့် မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်မြို့နယ်တို့မှ စစ်ကောင်စီစခန်းများကို တော်လှန်ရေးအင်အားစုများက ဇွန်လ ၂၅ရက်မှစ၍ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)အဖြစ် ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။