Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ကျားဖြန့်ဂိုဏ်းတွင် စစ်တပ်အရာရှိများ ပါဝင်ပတ်သက်နေ

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

(ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြို့အား အပေါ်စီးမှမြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြို့အား အပေါ်စီးမှမြင်တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

နန်းနောင့်နောင့်/People’s Spring

မြို့ခံများ၏ အကြိမ်ကြိမ်တိုင်ကြားမှုကြောင့် ဝင်ရောက်ဖမ်းဆီးခဲ့သည့် လားရှိုးမြို့မှ အွန်လိုင်းကျားဖြန့်ဂိုဏ်းတွင် စစ်ကောင်စီအရာရှိများနှင့်ပတ်သက်သည့် အထောက်အထားများတွေ့ရှိရသည်ဟု လားရှိုးမြို့မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြို၊ ရပ်ကွက်(၁၂)၊ နယ်မြေ(၅)၊ ဝမ်မိုင်လမ်း၊ အိမ် အမှတ်(၅/၃၂)အား ယမန်နေ့(ဧပြီ ၂၃ရက်) နံနက် ၁၁ နာရီခွဲတွင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ အဆိုပါအိမ်အတွင်းမှ တရုတ်နိုင်ငံသား၁၂ဦးနှင့် မြန်မာ ၁၂ဦးဖမ်းဆီးမိခဲ့ပြီး လက်နက်ခဲယမ်းများအပြင် ကျားဖြန့်လုပ်ငန်းသုံးပစ္စည်းများဖဖမ်းမိခဲ့သည်ဟု သိရသည်။

” စစ်တပ်အရာရှိတွေနဲ့ ဆက်စပ်နေလို့ အမှုက လုပ်ရကိုင်ရခက်နေတယ်။ ဘယ်သူတွေနဲ့ ပတ်သက်နေလဲဆိုတာတော့ မပြောရဲဘူး။ ဒါပေမယ့် ခရိုင်ရဲမင်းကြီးလည်း စိတ်ညစ်နေတယ် အဲ့ဒီကိစ္စအတွက်”ဟု ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ကျားဖြန့်ဂိုဏ်းအား စီးနင်းဖမ်းဆီးမှုတွင်တရားမဝင် တရုတ်နိုင်ငံသား ၁၁ ဦးနှင့် အမျိုးသမီး တစ်ဦး၊ မြန်မာ အမျိုးသားရှစ် ဦးနှင့်အမျိုးသမီး လေးဦး၊အွန်လိုင်းလိမ်လည်မှုပြုရာတွင် အသုံးပြုသည့် ဖုန်းမျိုးစုံ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ အွန်လိုင်းလိမ်လည်မှုပြုပေးရန် လူကုန်ကူးခံရသူများကို ခြိမ်းခြောက်နှိပ်စက်ချိန် အသုံးပြုသည့် လက်နက်ခဲယမ်းများပါ ဖမ်းဆီးရမိခဲ့ကြောင်း ရဲကြေးနန်း၌ ဖော်ပြထားသည်။

ထို့အပြင် တရုတ်နိုင်ငံသားများထံမှ ပွိုင့် ၃၈ ပစ္စတို ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ၉ မမ ဘရောင်နင်ပစ္စတို ၁ လက်၊ ပွိုင့် ၃၈ ကျည် ၅ တောင့်၊ ၉ မမကျည် ၈ တောင့်၊ Desktop ကွန်ပျူတာ ၁၁ လုံး၊ Laptop ၂ လုံး၊ Adaptor ၁၃ ခု၊ မောက်စ် ၁၄ ခု၊ UPS ၁ လုံး၊ ကီးဘုတ် ၁၈ ခု၊ ပရင်တာ ၁ လုံး၊ ဝိုင်ဖိုင်စက် ၄ လုံး၊ UP3/Starlink ၁ ခု၊ ဖုန်းမျိုးစုံ ၁၃၆ လုံး သိမ်းဆည်းရမိခဲ့သည်ဟု အဆိုပါစာတွင် ရေးထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ရက်တွင် တရုတ်က ဖမ်းဆီးခေါ်သွားပြီး စစ်ဆေးနေသည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဟောင်းဦးပယ်ဆောက်ချိန်အပါအဝင် ဖမ်းဆီးခံရသူများက ကျားဖြန့်လုပ်ငန်းများတွင် ရှမ်းပြည်နယ်၌ ၂၀၁၈ ခုနှစ်နောက်ပိုင်းမှ ယခုအချိန်အထိ တာဝန်ကျခဲ့သော စစ်တပ်အရာရှိများ၊ ပြည်ထဲရေးနှင့် ရဲအရာရှိအများအပြားပါဝင်နေကြောင်း ဝန်ခံထွက်ဆိုထားသည်။

ရှမ်းပြည်နယ်တွင် ပြည်နယ်ရဲရုံးအခြေစိုက်သည့် တောင်ကြီးနှင့် လားရှိူးမြို့မှ ပြည်နယ်အဆင့် ထွေအုပ်အရာရှိများစွာ၊ စစ်တပ်အရာရှိများနှင့် ရဲတပ်ဖွဲ့မှူးများ ပါဝင်နေသည်ဟု ဌာနဆိုင်ရာအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

ခရိုင်အဆင့်အနေဖြင့် လောက်ကိုင်ခရိုင်မှ အထွေထွေအုပ်ချုပ်ရေးအရာရှိများ၊ စစ်တပ်အရာရှိများနှင့် ခရိုင်အဆင့် ရဲတပ်ဖွဲ့မှူးများ ပါဝင်နေကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်တွင် ၂၀၁၈ နောက်ပိုင်းမှစ၍ ပြည်နယ်ရဲတပ်ဖွဲ့မှူး(တောင်ကြီး)အဖြစ် ရဲမှူးကြီး‌‌ဇော်ခင်အောင်( ၎င်းသည် ၂၀၂၀ ခုနှစ်တွင် ရဲထောက်ချုပ်အဖြစ် တာဝန်ယူနေစဉ် အဂတိမှုဖြင့် အရေးယူခံခဲ့ရသည်)၊ ယင်းနောက်ပိုင်းတွင် ရဲမှူးချုပ်တင်ကိုကို၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး(လားရှိုး) အဖြစ် ရဲမှူးကြီး‌‌ လှမင်းတို့တာဝန်ယူထားသည်။

စစ်တပ်မှ ပြောင်းလာသည့်ရဲမှူးချုပ်တင်ကိုကိုနှင့် ရဲမှူးကြီး‌‌ လှမင်းသည် ယခုအချိန်အထိ တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။

” လားရှိုးမြိုလယ်ခေါင်လို‌နေရာမှာ ဖွင့်ထားတဲ့ ကျားဖြန့်ကို ဒေသခံတွေက ခေါင်းခံပြီး အကြိမ်ကြိမ်တိုင်မှ ဝင်ဖမ်းတာ။ စစ်တပ်အရာရှိတွေ ပါနေတယ်ဆိုတာ ဒေသခံတွေ သိတယ်။ အခုတော့ ဖမ်းပြီး ဖမ်းမိတဲ့သူတွေကိုပဲ ပုံချပြီး စစ်တပ်အရာရှိတွေက အပျောက်ရိုက်မှာပါပဲ”ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၆ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ရှိ ကျားဖြန့်လုပ်ငန်းအဓိကလုပ်ဆောင်သူ ၁၁ ဦးနှင့် မူဆယ်အခြေစိုက် ခလရ(၁၂၉)တပ်ရင်းမှူး ဗိုလ်မှူးရွှေမောင်ကို ရွှေလီမြို့၌ တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

တပ်မ(၉၉) တပ်မမှူး၏ ကြားဝင်ညှိနှိုင်းပေးမှုဖြင့်ဗိုလ်မှူးရွှေမောင်ကို မတ်လ ၂၆ရက်တွင်ပင် ပြန်လွှတ်ပေးခဲ့သည်။ အပေးအယူအနေဖြင့် မူဆယ်ရှိ ကျားဖြန့်တရားခံများကို ဖမ်းဆီးလွှဲပြောင်းပေးရန် တရုတ်က တောင်းဆိုခဲ့ရာ မူဆယ်မြို့မှ အွန်လိုင်းလောင်းကစားလုပ်ငန်းများကို တရုတ်နှင့်ပူးပေါင်း၍ မတ်လ ၂၈ရက်မှ မတ်လ ၃၁ရက်အထိ စစ်ကောင်စီကစီးနင်းဖမ်းဆီးခဲ့သည်။

ထိုစဉ်က တရုတ်နိုင်ငံသား ၃၅၂ ဦး၊ မြန်မာနိုင်ငံသား ၄၈၆ ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံသားများကို ပြည်နှင်ဒဏ်ပေးပြီး တရုတ်ရဲတပ်ဖွဲ့ထံ စစ်ကောင်စီက အပ်နှံခဲ့သည်။

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ-၂၀၊၂၀၂၆၊ရှိန်း/People’s Spring စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်နဲ့ စစ်ကိုင်းမြို့နယ်က ကျေးရွာ ၃ရွာကို စစ်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသား တစ်ဦး သေဆုံးပြီး ၂ဦးဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဝက်လက်မြို့နယ်က မင်းဂန်ရွာနဲ့ စစ်ကိုင်းမြို့နယ်၊သာစည်နဲ့ ရွှေစည်းခုံရွာ​တွေကို စစ်တပ်ကဧပြီ ၁၉ရက် ည ၁၂နာရီ ကျော်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာလို့...

အတွေးအမြင်

လွတ်လပ်ရေးရပြီး ၁၉၅၈ ခုနောက်ပိုင်းကနေ ကနေ့အချိန်ထိ စုစုပေါင်း ၆၈ နှစ်လောက်ရဲ့ မြန်မာ့ နိုင်ငံရေးသမိုင်းကို ပြန်ကြည့်မယ်ဆိုရင် စစ်တပ်က အာဏာလက်လွှတ်ခဲ့တယ်ဆိုတာ မရှိသလောက်ကို ရှားပါးခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြဝတီမြို့တောင်ဘက် ၊ ဖလူးကျေးရွာအနီးက ကျားဖြန့်ဝင်းထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့လို့ လူထိခိုက်သေဆုံးများတယ်လို့ ဒေသခံတွေက​ပြောပါတယ်။

သတင်း

အမ်းမြို့နယ်ရှိ အာရက္ခတပ်​တော်(AA)ရဲ့အကျ‌ဉ်းစခန်းကို စစ်ကောင်စီဗုံးကြဲမှုမှာ စစ်သုံ့ပန်းဗိုလ်မှူးချုပ်မြင့်ရွှေအပါအဝင် အရာရှိအများအပြား​သေဆုံးခဲ့ပြီး စစ်တပ်အသိုင်းအဝိုင်းမှာ အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။