Connect with us

Hi, what are you looking for?

News

နိုင်ငံတစ်ဝန်းစစ်မျက်နှာဖွင့်ထားသော စစ်ကောင်စီက ဖမ်းဆီးတရားစွဲထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၁၁၄ ဦးကိုအမှုပိတ်ပေးဟု ထုတ်ပြန်

အမှုပိတ်သိမ်းပေးခဲ့သည့် ၁၁၄ ဦးတွင် AA မှ ၆၁ ဦး ၊ KIA မှ ၂၃ ဦး ၊ KNU/KNLA(PC) မှ ၁ ဦး၊ MNDAA မှ ၁ ဦး၊ RCSS/SSA မှ ၁၂ ဦး၊ SSPP/SSA မှ ၅ ဦး နှင့် TNLA မှ ၁၁ဦးကို စွဲဆိုထားသော ပြစ်မှုဆိုင်ရာ အမှုအားလုံးကို ပိတ်သိမ်းကာ တရားခံများအား အမှုမှလွှတ်ရမည်ဟု ဖော်ပြထားသည်။

စစ်မျက်နှာအများအပြားဖွင့်နေသည့်အာဏာသိမ်း စစ်ကောင်စီက တရားစွဲဆိုထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၇ခုမှအဖွဲ့ဝင်များနှင့် ဆက်စပ်သူများ ၁၁၄ ဦး အမှုများကိုပိတ်သိမ်းပေးသည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီက တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးခြင်း ၆ နှစ်မြောက်နှစ်ပတ်လည် အထိမ်းအမှတ်ဟု အကြောင်းပြကာ တရားရုံးအသီးသီးတွင် တရားစွဲဆိုခြင်းခံထားရသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့မှ ၁၁၄ ဦးကို အမှုပိတ်သိမ်းပေးခဲ့သည်ဟု အာဏာသိမ်းစစ်ကောင်စီမှ ဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေးလက် မှတ်ရေးထိုးကာထုတ်ပြန်ခြင်းဖြစ်သည်။

ယခင်က ပြည်သူများနှင့် တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ဝင်များကို ဥပဒေမဲ့ ဖမ်းဆီးချုပ်နှောင် သတ်ဖြတ်ခြင်းပြုနေခဲ့သော်လည်း ယခုအခါ နိုင်ငံတစ်ဝန်းပြည်သူများ၏ ခုခံစစ်ပွဲများ ဖြေရှင်းရန် နိုင်ငံတစ်ဝန်း၎င်း ၏အင်အားများ ဖြန့်ကျက်ထားရခြင်းကြောင့် တိုင်းရင်း သားလက်နက်ကိုင်များနှင့် ပြေလည်မှုရရှိနိုင်ရန် ကြိုးစားအားထုတ်မှုတစ်ခုဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်သည်။

အမှုပိတ်သိမ်းပေးခဲ့သည့် ၁၁၄ ဦးတွင် AA မှ ၆၁ ဦး ၊ KIA မှ ၂၃ ဦး ၊ KNU/KNLA(PC) မှ ၁ ဦး၊ MNDAA မှ ၁ ဦး၊ RCSS/SSA မှ ၁၂ ဦး၊ SSPP/SSA မှ ၅ ဦး နှင့် TNLA မှ ၁၁ဦးကို စွဲဆိုထားသော ပြစ်မှုဆိုင်ရာ အမှုအားလုံးကို ပိတ်သိမ်းကာ တရားခံများအား အမှုမှလွှတ်ရမည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် အောက်တိုဘာလမှစ၍ အပစ်အခတ် ၅ လတာရပ်နားထားသည်ဟုကြေညာထားသော်လည်းယခုအခါ ရခိုင်ပြည်နယ်မှအပ ကျန်ပြည်နယ်နှင့် တိုင်းများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၊ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ၊ မြို့ပြပျောက်ကျားတပ်ဖွဲ့များနှင့် စစ်ပွဲများဆင်နွဲနေသည်။ စစ်ကောင်စီအထိ့နာနေသော စစ်ကိုင်းတိုင် ၊ချင်း ပြည်နယ် ၊ကယားပြည်နယ်တို့တွင် စစ်အင်အားများထပ်မံဖြည့်တင်းထားပြီး တိုက်ပွဲကြီးများဖြစ်ရန် တာစူလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook